သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ ဘယ်သူကပိုမိုဆိုးသလဲ

ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ ဘယ်သူကပိုမိုဆိုးသလဲ
ဒကာ။ ။ ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာ ဘယ်သူက ပိုမိုဆိုးဝါးပါသလဲ၊ ဘယ်သူက အပါယ်လေးပါးကို ပို့ပါသလဲ၊ ဘယ်သူ့ကို အရင် ခွာပစ်ရမှာလဲ၊ မိန့်ကြားပါဦးဘုရား။

ဆရာ။ ။ သည်တရားနှစ်ပါးစလုံးဟာ မကောင်းဆိုးဝါး အပါယ်ချသမားချည်းပဲ၊ ဆိုးဝါးယုတ်မာတာ လည်း အတူတူတွဲဖက်ပဲ၊ ဒါကြောင့် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာက
ဒိဋ္ဌေ ကတ္ထာ ၀ိစိကိစ္ဆာ ဒိဋ္ဌိ သမုစ္ဆိဇ္ဇမာနာ ၀ိစိကိစ္ဆာယသဒ္ဓိံ ယေ၀ သမုစ္ဆိဇ္ဇတိ။
ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာဟာ တူသော အနက်သဘောဖြစ်လို့ ဒိဋ္ဌိကွာရင် ၀ိစိကိစ္ဆာကလည်း တစ်ပါထဲ ခွာသွားတာ ပဲတဲ့၊ အထူးအထွေ ခွာနေစရာမလိုပါဘူးလို့ မှာဆိုထားတယ်၊ ဥဒါန အဋ္ဌကထာ ဆရာကတော့….
ဓမ္မ ၀၀တ္တာနေန ၀ိစိကိစ္ဆံ ပဟာယ ဂတာ။
ရုပ်နာမ် ဓမ္မသဘောကို မှန်ကန်စွာ ပိုင်းခြားသိသွားရင် ယုံမှားခြင်း ၀ိစိကိစ္ဆာကင်းကွာသွားလို့ တွဲဖက်ဒိဋ္ဌိ လည်း ပြိုကွဲပျောက်ပျက်ထွက်ခွာ သွားတာပါပဲလို့ ဆိုထားတယ်၊ ဘာများစောဒက တက်ချင်သေးလဲ၊ စာပေကျမ်းဂန်ကတော့ တထေရာတည်းပဲတဲ့၊ မကွဲပြားပါဘူး၊ ပုလင်းတူ ဗူးဆို့ပေါ့။
ဒကာ။ ။အမှန်ကိုသိထားရပြီမို့ စောဒကတက်ဖို့ မလိုတော့ပါဘူး ဆရာတော်၊ ကျေနပ်လှပါတယ် ဘုရား။

No comments: