သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, June 23, 2010

ဣနြ္ဒိယ ပရောပရိယတ္တိဉာဏ်ဆိုတာ ဘယ်လိုဣနြေ္ဒတွေလဲ

ဣနြ္ဒိယ ပရောပရိယတ္တိဉာဏ်ဆိုတာ ဘယ်လိုဣနြေ္ဒတွေလဲ
ဒကာ။ ။ မြတ်စွာဘုရားနဲ့သာ ဆက်ဆံတဲ့ အသာဓါရဏဉာဏ်တော် ခြောက်ပါးထဲမှာ ဣန္ဒြိယ ပရော ပရိယတ္တိဉာဏ်ဆိုတာ ဣနြေ္ဒ ၂၂ ပါးလုံးကို ယူရတာလား၊ ဘယ်ဣနြေ္ဒတွေကို ယူရတာပါလဲ ဆရာတော်၊ အနည်းငယ် ရှင်းပြပါ ဘုရား။

ဆရာ။ ။ မြတ်စွာဘုရားသခင်တို့နဲ့သာ ဆက်ဆံတဲ့ ဣန္ဒြိယ ပရော ပရိယတ္တိဉာဏ်တော်မှာပါတဲ့ ဣနြေ္ဒ ဆိုတာ ဗောဓိပက္ခိယတရား ၃၇ ပါးထဲမှာ ပါတဲ့ ဣနြေ္ဒ ၅ ပါးကို ဆိုတာဖြစ်တယ်၊ ဣနြေ္ဒ ၂၂ လုံးကို မယူရဘူး။
မြတ်စွာဘုရား ကယ်ချွတ်ဟောပြောတဲ့အခါ ဒီသတ္တ၀ါမှာ သဒ္ဓါစတဲ့ ဣနြေ္ဒရင့် မရင့်ကို ကြည့်ပြီးတော့ ကာ အဲဒီ သဒ္ဓါ ဣနြေ္ဒ ရင့်ကျက်မှ တရားဟောတော်မူတာ ဖြစ်တယ်၊ သဒ္ဓါစတဲ့ ဣနြေ္ဒ ၅ ပါး မရင့်ဘဲနဲ့ တရား ဟောလို့ မဂ်ဖိုလ်မရဘူး။
ဗောဓိပက္ခိယတရားမှာလာတဲ့ ဣနြေ္ဒ ၅ ပါးဆိုတာက သဒ္ဓိနြေ္ဒ၊ ၀ီရိယနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ အဲဒီ ဣနြေ္ဒ ၅ ပါးပဲ၊ ယင်းတို့ဟာ အဂ္ဂသာဝက မဟာသာဝကတို့နဲ့ မဆက်ဆံဘူး၊ မပိုင်ဘူး၊ ဘုရားပိုင် သက်သက် မြတ်စွာဘုရား သခင်တို့အတွက်သာ ဖြစ်တယ်၊ ကဲ.. ရှင်းရဲ့လား။
ဒကာ။ ။ ရှင်းပါပြီဆရာတော်၊ တပည့်တော်က စက္ခုနြေ္ဒ၊ သောတိနြေ္ဒတွေများ ပါသလားလို့ တွေးမိတာ နဲ့ မေးတာပါ ဘုရား။

No comments: