ယထာဘူတဉာဏ်ဆိုတာ ဘာလဲ
ဒကာ။ ။ ယထာဘူတဉာဏ်ဆိုတာက ဘယ်လိုဉာဏ်မျိုးပါလဲ ဆရာတော်၊ နည်းနည်း ထပ်ရှင်းပြပါဦး ဘုရား။
ဆရာ။ ။ ယထာဘူတဉာဏ်ကို အဋ္ဌကထာဆရာများက ဟောဒီလို ဖွင့်ဆိုပြကြတယ်။
ယထာဘူတ ဉာဏန္တိ
သပစ္စယ ပရိဂ္ဂဟ ဉာဏံ။
ယထာဘူတဉာဏ်ဆိုတာ အဟုတ်အမှန်ရှိနေကြတဲ့ (ရုပ် နာမ်) ဓမ္မသဘောတို့ကို ဖြစ်စေတတ်တဲ့ အကြောင်းတရားစုတို့ကိုရယ်။
အဲဒီအကြောင်းတရားစုတို့ကြောင့် ဖြစ်ပေါ်ဖြစ်ပေါ်လာကြတဲ့ အကျိုးတရား (ရုပ် နာမ်) ဓမ္မ အစုတို့ကိုရယ်။
အဲဒီ အကြောင်းအကျိုး တရားနှစ်ပါးကို ကျ ကြ ဏ န ပိုင်းခြားဝေဖန် သိမ်းဆည်းကာ သိနေတဲ့ ဉာဏ်အမြင်ကို ( ယထာဘူတဉာဏ်) လို့ ခေါ်တယ်။
ဒကာ။ ။ ဒကာကြီးတို့ နားလည်အောင် နည်းနည်းပါးပါး ထပ်ပြီးရှင်းပြပေးပါဦး ဆရာတော်။
ဆရာ။ ။ အင်း… အကြောင်းအကျိုးတရားမျိုးက လွယ်ကူစွာနဲ့ သိနိုင်တဲ့ကိစ္စမျိးတော့ မဟုတ်ဘူး၊ ဒကာကြီးတို့အဖို့ကတော့ စာပေလိုက်စား ဉာဏ်ရှားပါးသူများမို့ နည်းနည်းပါးပါးပဲ ဟောကြားပေးမည်။
လောကကြီးတစ်ခုလုံး ဖြစ်ပေါ်လာမှုမှန်သမျှဟာ ငါ့ကြောင့် ငါလုပ်လို့ ဖြစ်တာလည်းမဟုတ်ဘူး၊ ငါဆိုတာလည်းမရှိဘူး၊ သူ့ကြောင့် သူလုပ်ပေးလို့ သူဖန်ဆင်းပေးလို့ ဖြစ်လာတာလည်း မဟုတ်ဘူး၊ သူလည်းမရှိဘူး၊ ငါ သူမရှိသဖြင့် ငါ့ဥစ္စာ ငါ့ဟာ သူ့ဥစ္စာ သူ့ဟာဆိုတာလည်း မရှိနိုင်ဘူး၊ အမှန်ရှိ ဖြစ်နေတာက နာမ် ရုပ်တရားစုတွေပဲ။
အဲသည် ရုပ်နာမ်တရားတွေဟာ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ မကောင်းလုပ်၊ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ ကောင်းလုပ် အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးတရားစု သက်သက်တွေသာ ဖြစ်တယ်လို့၊ တစ်နည်း ကုသိုလ် အကုသိုလ် စေတနာကံကြောင့်သာ ဖြစ်ပေါ်လာတဲ့ အကျိုးတရားတွေပဲဟု အကြောင်းနဲ့အကျိုးကို ပိုင်းခြားဝေဖန် သိမ်းဆည်းနိုင်တဲ့ ဉာဏ်အမြင်ကိုပင် ယထာဘူတဉာဏ်လို့ ခေါ်တယ်၊ အတ္တဒိဋ္ဌိ ဖြုတ်တဲ့ ဉာဏ်ပဲ ဒကာကြီးတို့ရ၊ ကဲ… ဒါလောက်ဆိုရင် ရိပ်မိရောပေါ့။
ဒကာ။ ။ အားရ ကျေနပ်လှပါတယ် ဆရာတော် ရိပ်စားမိပါပြီ ဘုရား။
သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
No comments:
Post a Comment