သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ဗုဒ္ဓရဲ့ ဓမ္မတွေဟာ ဘိက္ခုတွေ၏ အတွက်သာလော

ဗုဒ္ဓရဲ့ ဓမ္မတွေဟာ ဘိက္ခုတွေ၏ အတွက်သာလော
ဒကာ။ ။ မြတ်စွာဘုရားဟောကြားသွားတဲ့ ဓမ္မတွေ ဖတ်လိုက်ရင် ဘိက္ခဝေ = ချစ်သားရဟန်းတို့၊ ဘိက္ခု = ရဟန်း စသည်ဖြင့် ရဟန်းတွေကိုသာ ခေါ်ခေါ်ပြီး ဟောတော်မူတာတွေက များနေတော့ လူ၊ နတ်တို့ အတွက် မပါသလိုဖြစ်နေတယ်၊ လူတွေ၊ နတ်တွေကိုတော့ ဘာ့ကြောင့် မခေါ်တာလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။

ဆရာ။ ။ အင်း… တော်တော် အတွေးအခေါ်များတဲ့ ဒကာကြီးတို့ပဲ၊ ကဲ… နားထောင် ရှင်းပြမည်၊ ၀ိဘင်း အဋ္ဌကထာမှာ……
ယော ဣမံ ပဋိပတ္တိံ ပဋိပဇ္ဇတိ၊ သော ဘိက္ခုနာမဟောတိ၊ ပဋိပန္နကာ ဟိဒေဝေါ၀ါ ဟောတု မနုေဿာ ၀ါ ဘိက္ခူတိ သင်္ချံ ဂစ္ဆတိယေ၀။
ဘယ်သူမဆို နတ်၊ ဗြဟ္မာပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် မြတ်စွာဘုရားဟောကြားတဲ့ ဤတရားမြတ်ကို ကျင့်ကြံအားထုတ်တဲ့ သူမှန်သမျှဟာ ဘိက္ခုမည်တာချည်း ဖြစ်၏။ ဘိက္ခုအရေအတွက်သို့ ရောက်၏တဲ့။
ဒါကြောင့် ဘိက္ခုဆိုတဲ့ပုဒ်ဟာ တရားကျင့်တဲ့သူကို ဆိုတာ ဒကာကြီးတို့လည်း တရားကျင့်တဲ့ သူများဖြစ်ရင် ဘိက္ခုပဲပေါ့၊ ကဲ… ရှင်းပြီလား။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော် ကျေနပ်ပါတယ် ဘုရား။

No comments: