သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, June 21, 2010

ဘုရားပွဲ ကျင်းပခြင်းဟာ ငရဲရှာတာလားတဲ့

ဘုရားပွဲ ကျင်းပခြင်းဟာ ငရဲရှာတာလားတဲ့
ဒကာ။ ။ ယခုအခါ မြို့ရွာ ရပ်ကွက်တိုင်းလိုလိုမှာ ဘုရားပွဲ ဘုရားပွဲဆို ဆိုပြီး ပိုက်ဆံတွေခံပွဲ ပွဲတ ခြိမ့်ခြိမ့်နဲ့ က၊ ဆို၊ တီးမှုတ် ပျော်ပါးနေကြတာတွေဟာ မြတ်စွာဘုရားသခင်ရှိတုန်းက ပြုလုပ်တဲ့ အစဉ်အလာတွေလား ဆရာတော်၊ ဘုရားသခင်က ပွဲကြည့်လို့လား၊ သို့မဟုတ် ဘုရားဟော ကျမ်းဂန်နှင့်အညီ ပြုလုပ်ကျင်းပ ပျော်ပါးနေကြတာတွေလား၊ ဘုရားရှင်က ခွင့်မပြုဘဲ ပြုလုပ်နေကြတာတွေလား၊ အကျိုးအပြစ်နဲ့တ ကွ သိပါရစေ ဆရာတော်။

ဆရာ။ ။ ဒကာကြီးတို့မေးခွန်းက အဖြေမှန်ပေးရင် ဘေးရန်တွေများလိမ့်မယ်ထင်တယ်၊ ဒါကြောင့် ပဉ္စမသံဂါယနာတင် ဘ၀ရှင်မင်းတုန်းမင်းတရားကြီး၏ ဆရာဖြစ်တော်မူသော ကျေးဇူးရှင် ၀ိသုဒ္ဓါရုံဆရာတော်ဘု ရားကြီးရဲ့ မိန့်ခွန်းတော်ကိုပဲ နားထောင်မှတ်သားပေတော့၊ မိန့်ခွန်းတော်မြတ်ကတော့..
တစ်နှစ်တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ-တဲ့၊ ဆိုလိုရင်းက ကျောင်းဘုရားနှင့် မသင့်လျော်သော ဆူညံမှု ကခုန်တီးမှုတ်ပွဲ သဘင်တွေခံ၊ ကျောင်းဘုရားဝင်းအတွင်း ကျင်ကြီးကျင်ငယ် အမှိုက်သရိုက်တွေနှင့် နံစော်ပေကျံ သေရင် အပါယ်ငရဲခံကြပေတော့တဲ့။
ဒကာ။ ။မှန်လွန်းအားကြီးတော့ ဒီအပြောမျိုး မကြိုက် မနှစ်သက်ကြဘူး ဆရာတော်၊ ပွဲခံပြီး ငရဲခံရမှာ ဆိုတော့ မကောင်းတဲ့အလုပ်တွေပါလား ဘုရား။
ဆရာ။ ။ အင်း.. မကောင်းဆို မြတ်စွာဘုရားသခင်က ပွဲလမ်းသဘင် က၊ဆို၊တီးမှုတ်မှုကို ပေးလှူတဲ့ ဒါနဟာ အပါယ်ကို လားစေတဲ့ ဒါနလို့ ကိုယ်တော်တိုင် ဟောကြားထားတယ်၊ သိချင်ရင် ဆရာတော်ရေးသားတဲ့ (သုတေသန သရုပ်ပြအဘိဓါန်) စာမျက်နှာ ၄၃၁ (မပေးလှူအပ်သော ဒါနမျိုး ၅ ပါး) ၌ ကြည့်ပါ။
ဒကာ။ ။ ကောင်းပါပြီ ဆရာတော်၊ ဒီစာအုပ် ဒကာကြီးမှာ ရှိပါတယ်။

No comments: