သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ရဟန္တာ စစ် မစစ်ကို သိနည်း

ရဟန္တာ စစ် မစစ်ကို သိနည်း
ဒကာ။ ။ ခုခေတ် ဆဋ္ဌသင်္ဂါယနာကြီးရဲ့ နောက်ပိုင်း သာသနာ ၂၅၀၀ ကျော် အပိုင်းမှာ ရဟန္တာတွေက ဟိုမှာပေါ် သည်မှာပေါ်နဲ့ ရဟန္တာဟုတ် မဟုတ်၊ စစ် မစစ်ကို သိနိုင်တဲ့ နည်းများရှိရင် ညွှန်ပြပေးပါ ဆရာတော်။

ဆရာ။ ။ ရဟန္တာအစစ်အမှန်ကို သိချင်ရင် “သံဝါသေန ဇာနိတဗ္ဗာ” ထိုသူနဲ့ နီးကပ်စွာသိနေ၍ အပြုအမူ ကို အကဲခတ်ကာ သိနိုင်၏တဲ့၊ တချို့ရဟန္တာတွေ အတူနေပေမင့် ရဟန္တာမှန်းမသိတာတွေ ရှိသေးတယ်၊ မိမိရထားတဲ့ မဂ်ဖိုလ်တရားကို အလွန်သိပ်သည်းလျှို့ဝှက်တော်မူကြတယ်၊ မြတ်နိုးစွာနဲ့ သိမ်းဆည်းစောင့်ရှောက်တော်မူကြတယ်။
ဒကာ။ ။ ယခုလို အမှန်သိရတာ ကျေးဇူးတင်လှပါတယ် ဆရာတော်။

No comments: