သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, June 23, 2010

အာယတနဆိုတာ ဘာလဲ၊ ဘာကြောင့် အာယတန ခေါ်သလဲ

အာယတနဆိုတာ ဘာလဲ၊ ဘာကြောင့် အာယတန ခေါ်သလဲ
ဒကာ။ ။ အာယတနဆိုတဲ့ ပါဠိစကားရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါ ဆရာတော်၊ ဘာကြောင့် အာယတနခေါ်ပါသလဲ ဘုရား။

ဆရာ။ ။ အင်း.. လိုရင်းကို ရှင်းရှင်းနဲ့ ပြောပြမည်၊ ဉာဏ်နားထောင်ဖမ်းပါ၊ အာယတနဆိုတာ ၀ဋ်ဆင်း ရဲ ဒုက္ခဖြစ်ကြောင်း တရားစုကို ခေါ်ဆိုတာ ဖြစ်တယ်။
ဝဋ်ဆင်းရဲဆိုတာက အ၀ိဇ္ဇာ တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသ၀ဋ်သုံးပါး ဟာလည်း ဆင်းရဲပဲ၊ ကိလေသ၀ဋ်ဦးစီးပြုလုပ်သော လောကီကုသိုလ် အကုသိုလ်ဆိုတဲ့ကမ္မ၀ဋ်ဟာလည်း ဆင်းရဲပဲ၊ သူတို့ကြောင့် ရလာဖြစ်လာတဲ့ ၀ိပါက၀ဋ်ဟာလည်း ဆင်းရဲပဲ။
အဲဒီ ကိလေသ၀ဋ် ကမ္မ၀ဋ် ၀ိပါက၀ဋ် ဆင်းရဲဒုက္ခကို ဖြစ်စေတတ်တဲ့ ၀ဋ်ဆင်းရဲ ဖြစ်ကြောင်းတရားကို “အာယတန” လို့ခေါ်တယ်၊ ထပ်ရှင်းပြဦးမည်။
ဟောဒီ မျက်စိစတဲ့ အတွင်းအာယတနခြောက်ပါးတို့က ရူပါရုံစတဲ့ အပြင်အာယတနခြောက်ပါး ကာမဂုဏ်တရားတွေ ဖြစ်ပွားအောင် ဒုက္ခဆင်းရဲတွေ ဖြစ်အောင်လုပ်နေတာ၊ ဒါကြောင့် အာယတနလို့ ဆိုလိုက်ရင် ၀ဋ်ဆင်းရဲဖြစ်ကြောင်းကို ပြောဆိုတာပဲလို့ မှတ်ပါ၊ ပါဠိစကားဆိုတော့ အသိရခက်တယ်၊ လွယ်လွယ်နဲ့ သိပြီလား။
ဒကာ။ ။ ပေါ်လွင်ထင်ရှား၍ များစွာပဲ ကျေနပ်လှပါတယ် ဆရာတော်။ ဒါကြောင့် သူ့ကို သံသရာလို့ ခေါ်တာကိုး။

No comments: