သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, June 22, 2010

ယောဂီဟာ အလင်းရောင်ကို မမှတ်ရတာ ဘာကြောင့်ပါလဲ

ယောဂီဟာ အလင်းရောင်ကို မမှတ်ရတာ ဘာကြောင့်ပါလဲ
ဒကာ။ ။ ၀ိပဿနာတရားပွားများတဲ့ ယောဂီဟာ ဥဒယဗ္ဗယဉာဏ်ရင့်သန်လို့ ကိုယ်ထဲက အလင်းရောင်တွေ ပေါ်လာတဲ့အခါ လိုက်မှတ်မနေရဘူးဆိုတာ ဘာဖြစ်လို့ပါလဲ ဆရာတော်။

ဆရာ။ ။ တဏှာ၊ မာန၊ ဒိဋ္ဌိတွေ ၀င်လာကာ ၀ိပဿနာဉာဏ်ကို ဖျက်ဆီးမှစိုးလို့ပဲ ဒကာကြီးတို့။
ဒကာ။ ။ ဒကာကြီးတို့ နားလည်အောင် အနည်းငယ်လောက် ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ဝိပဿနာတရား ပွားများရှုမှတ်တဲ့ ယောဂီဟာ ရုပ်နာမ်တို့ ဖြစ်ပျက်မှု ဥဒယ ၀ယဉာဏ် ရင့်သန်လာသည်နဲ့ သြဘာသခေါ်တဲ့ အလင်းရောင်ဟာ ပေါ်လာမြဲပဲ၊ အဲဒါကို မပယ်ဘဲနဲ့ စွဲလမ်းပြီး ရုပ်နာမ်တို့ ဖြစ်ပျက်မှု သတိအမှတ်ကို ရပ်စဲပစ်လိုက်ရင် ဟောဒါတွေ ပေါ်လာမှာပဲ။
၁။ မမ သြဘာသော ဥပ္ပန္နောတိ ဂဏှတော ဒိဋ္ဌိဂါဟော ဟောတိ။ ။ ငါ့မှာ လင်းရောင်ခြည်တွေ ဖြစ်ပေါ် နေပြီဟု စွဲယူနေရင် ဒိဋ္ဌိစွဲတဲ့။
၂။ မနာပေါဝတ မမ သြဘာသော ဥပ္ပန္နောတိ ဂဏှတော မာနဂါဟော။ ။ ငါ့အလင်းရောင်ကမှ နှစ် သက်စရာကွဟု စွဲယူလျှင် မာနစွဲဖြစ်၏တဲ့။
၃။ သြဘာသံ သာဒယတော တဏှာဂါဟော၊ ဣတိသြဘာသေ ဒိဋ္ဌိ မာန တဏှာဝသေန တယောဂါဟာ။ ။ အလင်းရောင်ကလေးကို သာယာနေမှု၊ တပ်မက်နှစ်သက်နေမှုကြောင့် ဤသို့ ဒိဋ္ဌိမာန တဏှာတို့က ယောဂီကို တရားမတက်နိုင်အောင် ကိုက်ဆွဲထားတတ်လို့ပဲတဲ့၊ ၀ိသုဒ္ဓိမဂ်က ဆိုတယ်၊ ဒါကြောင့် အဲဒါတွေပယ်ပြီး ဖြစ်ပျက်ကိုပဲ ဆက်မှတ်ရမယ် ဒါပဲ။
ဒကာ။ ။ ရှင်းလင်းပြတ်သား မှတ်ထားထိုက်တဲ့ အဖြေစကားမို့ ကျေနပ်လှပါတယ် ဆရာတော်။

No comments: