သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, June 20, 2010

ပဋိစ္စသမုပ္ပါဒ် စက်လည်ပုံ ကိရိယာနှင့် အားပေးစက်ဘီးကြီး ၂ ခုဆိုတာ

ပဋိစ္စသမုပ္ပါဒ် စက်လည်ပုံ ကိရိယာနှင့် အားပေးစက်ဘီးကြီး ၂ ခုဆိုတာ
ဒကာ။ ။ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီးထဲ၌ အမြဲအားပေး လည်ပတ်နေတဲ့ စက်ဘီးကြီး ၂ ခု ဆိုတာ ဘယ်ဟာများပါလဲ ဆရာတော်၊ အလည်ရပ်ပုံနှင့် သူ့စက်ကိရိယာ အစုံအလင်ကိုပါ သိပါရစေ ဘုရား။

ဆရာ။ ။ အင်း… မိုးကုတ်ဓမ္မရိပ်သာမှာ သွားမေးရမယ့် ပုစ္ဆာပဲ၊ ကဲလေ.. ဖြေပါ့မယ်၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ ပါး စက်ကိရိယာ အစိတ်အပိုင်းတွေထဲမှာ အားပေးစက်ဘီးကြီး ၂ ခု ဆိုတာဟာ..
၁။ အ၀ိဇ္ဇာခေါ်တဲ့ ရှေ့အားပေးစက်ဘီးအိုးကြီးတစ်ခု၊ သူ့မှာ ဝေဒနာအထိစက်ကိရိယာ အစိတ်အပိုင်း ၇ မျိုးပါတယ်။
၂။ တဏှာခေါ်တဲ့ နောက်စက်ဘီးအိုးကြီးတစ်ခု၊ သူ့မှာလည်း မရဏအထိ စက်ကိရိယာ ၅ ခု ရှိတယ်။
အဲဒီ ၂ ခုထဲက ရှေ့အားပေးစက်ဘီးကြီးဖြစ်တဲ့ အ၀ိဇ္ဇာကို ၀ိဇ္ဇာဉာဏ်နဲ့ ရိုက်ချိုးဖောက်ခွဲပစ်လိုက်ရင် မလည်နိုင်မသွားနိုင်တော့ဘဲ ရပ်စဲ ပျက်စီးသွားရော၊ ရှေ့ဘီးကြီးဖြစ်တဲ့ အ၀ိဇ္ဇာမရှိရင် နောက်ဘီးကြီးဖြစ်တဲ့ တဏှာဟာလည်း တစ်ခါတည်း အလည်ရပ်ကရော ပျက်ကရောပဲ၊ ဒါကြောင့် အ၀ိဇ္ဇာကို အရင် ဖျက်ရှင်းချိုးဖဲ့ပြီး အလင်းရောင်ဉာဏ်အမြင် ရအောင် နာယူသင်ကြားလိုက်စားရမယ်၊ နေရာတကာမှာ ဉာဏ်မဂ္ဂင် ၂ ပါးဟာ အရေး ကြီးတယ်၊ ဒါပဲ ရှင်းရဲ့လား၊ ပညာမဂ္ဂင် ၂ ပါးလို့လည်း ခေါ်တယ်။
ဒကာ။ ။ ကောင်းလိုက်တဲ့ အဖြေပါလား ဆရာတော်ဘုရား၊ ရှင်းလင်းကျေနပ်လှပါတယ်၊ အ၀ိဇ္ဇာကို ကြိုးစားပယ်ပါ့မယ်၊ ဟိုနေ့ညက ဓမ္မကထိကတစ်ပါး ဟောသွားတာ ခုမှ ရှင်းတော့တယ်။

No comments: