သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး
+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။
အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ
Sunday, August 28, 2011
Sunday, May 1, 2011
မာတိကာ
မာတိကာ
(အ)
၁။ အကုသိုလ်ကံပယ်နိုင်ပုံနည်း ၂၇၃
၂။ အကုသိုလ်တွေ ရှောင်ကြဉ်နေရင် သီလနဲ့ပြည့်စုံတာပဲ မဟုတ်လား ၂၆၈
၃။ အကောင်ပုပ် ပညတ်နိမိတ်အာရုံဖြင့် ၀ိပဿနာဉာဏ် ဖြစ်မည်လော ၂၄၈
၎။ အချိန်၏တန်ဖိုးကို လေးစားပါ ၈၁
၅။ အဆိုးဝါးဆုံးသော ရောဂါဆိုတာ ဘယ်ရောဂါမျိုးလဲ ၁၃၁
၆။ အဌကထာဆိုတာ ဘာလဲ ၁၃၃
၇။ အတ္တအမျိုးအစား ဘယ်နှစ်ပါးရှိပါသလဲ ၁၅၆
၈။ အတ္တမှ ကင်းလွတ်ပုံနည်းကလေးများ ၁၅၇
၉။ အထက်ဂိုဏ်း အထွက်ဂိုဏ်းသမားလား ၄၄
၁၀။ အထက်ဆရာကြီးတွေကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား ၁၅၁
Sunday, January 23, 2011
သြဓိသမေတ္တာ ပွားများနည်း၊ အနောဓိသမေတ္တာပွားများနည်း။
သြဓိသမေတ္တာ ပွားများနည်း၊ အနောဓိသ မေတ္တာပွားများနည်း။
ဒကာ။ ။ မှန်ပါ့၊ မေတ္တာပို့သူရဲ့ အကျိုး ၁၁ ပါးနဲ့ မေတ္တာခံယူသူတို့ ရရှိသည့် အကျိုးများကို ယခုလို သိရလို့ ကျေနပ်လှပါတယ်၊ မေတ္တာပွားများ ပို့သပုံများကိုလည်း လူတိုင်းနားလည်စွာ ပို့သ တတ်အောင် နည်းပြပေးပါဦး ဆရာတော်။
Saturday, January 22, 2011
မေတ္တာခံယူသူတို့ ချမ်းသာရပုံ ၀ိသာခ မထေရ်ဝတ္ထု
မေတ္တာခံယူသူတို့ ချမ်းသာရပုံ ၀ိသာခ မထေရ်ဝတ္ထု
ဒကာ။ ။ မေတ္တာစစ် မေတ္တာမှန်ဖြင့် အပို့ခံရသူမှာ ချမ်းသာသုခရရှိတဲ့ ပုံစံဝတ္ထု ပိဋကတ်တော်မှာ ထင်ရှားတဲ့အကြောင်းများရှိရင် အနည်းငယ် လိုရင်းမျှ ထုတ်ပြပါဆရာတော်၊ မေတ္တာသမားများ အားတက်စရာဖြစ်အောင်ပေါ့ ဘုရား။
Friday, January 21, 2011
မေတ္တာအပို့ခံရသူမှာ အကျိုးဘယ်နှစ်ပါးရပါသလဲ
မေတ္တာအပို့ခံရသူမှာ အကျိုးဘယ်နှစ်ပါးရပါသလဲ
ဒကာ။ ။ အချင်းချင်းမေတ္တာထားကြ၊ မေတ္တာပွားကြ၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပွားများသူမှာ ခုချက်ချင်း လက်ငင်း အကျိုး တဆယ့်တပါး ရရှိခံစားရတယ်၊ သေရင် ဗြဟ္မာ့ပြည်လားတယ် ဟု ပြောဟောကြပါတယ်၊ မေတ္တာအပို့ခံရသူမှာတော့ ဘယ်လို ချမ်းသာတယ်၊ ဘယ်လို အကျိုးစီးပွားတွေခံစားရတယ်လို့ ဟောပြောတာ မကြားသိရပါဘူး၊ မေတ္တာအပို့ခံရသူတွေအတွက် အကျိုးစီးပွားဖြစ်ပေါ်ခံစားရပုံများ ပိဋကတ်တော်မှာ ပါရှိရင် သိပါရစေ ဆရာတော်။
ကုလဒူသန ဒကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတယ်ဆိုတာ ဘယ်လိုဖျက်တာလဲ
ကုလဒူသန ဒကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတယ်ဆိုတာ ဘယ်လိုဖျက်တာလဲ
ဒကာ။ ။ ကုလဒူသန ရဟန်းတော်များဟာ လူဒါယကာ ဒါယိကာမ တို့၏ ကြည်ညိုမှု သဒ္ဓါတရားကို ဖျက်ဆီးတယ်၊ ပျက်အောင်လုပ်တယ်ဆိုတာ ဘယ်ပုံ ဘယ်နည်းနဲ့ ဘယ်လို ပျက်စီးအောင်လုပ်တာကို ဆိုပါသလဲ ဆရာတော်၊ အနည်းငယ်လောက် ဖော်ထုတ် ရှင်းပြပါဘုရား။
Thursday, January 20, 2011
ဝိပဿနာဉာဏ်ပါမှ ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်သလော၊ ကံ ကံ၏အကျိုးလောက်ကို သိရှိရုံနဲ့ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ကရောလား။
ဝိပဿနာဉာဏ်ပါမှ ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်သလော
ဒကာ။ ။ လူရော ရှင်ပါ ကုသိုလ်ကောင်းမှု ပြုကြရာမှာ ဉာဏသမ္ပယုတ် ကုသိုလ် ဖြစ်အောင် ပြုလုပ်ကြဖို့ကို သည်လိုမှတ်ရမယ်လို့ ဆရာတော်တွေက ဟောကြားသင်ပြ ပေးကြပါတယ်။
အလှူ့ဒကာဟာလည်း မမြဲသောအနိစ္စတရားပဲ၊ လှူစရာဝတ္ထုဟာလည်း မမြဲတဲ့ အနိစ္စတရားပဲ၊ အလှူခံယူသူဟာလည်း မမြဲတဲ့ အနိစ္စတရားပဲ၊ အနိစ္စ ငါက၊ အနိစ္စ ဝတ္ထုပစ္စည်းကို၊ အနိစ္စ ခံယူသူအား ပေးလှူလိုက်တာပဲ ဟု စိတ်ထားပြီး ပေးလှူရမည် စသည်ဖြင့် သင်ကြားပေးကြပါသည်။
ဆရာတော်ကြီးတွေ သင်ကြားညွှန်ပြတဲ့အတိုင်း နှလုံးမသွင်း မဆင်ခြင်တတ်ရင် ဉာဏသမ္ပယုတ်ကုသိုလ် မဖြစ်နိုင်ဘူးလား ဆရာတော်၊ နည်းနည်းကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦးဘုရား။
Wednesday, January 19, 2011
လူပျိုဘုရား ဘာကြောင့် မရှိကောင်းသလဲ
လူပျိုဘုရား ဘာကြောင့် မရှိကောင်းသလဲ
ဒကာ။ ။ “ဗောဓိ ကုက္ကို ညောင်ထိုထို လူပျိုဘုရား မရှိငြား”ဟူသော ရှေးပေါရာဏ စကားဆိုရိုးအရ ဗုဒ္ဓ၀င်ကျမ်းလာ ဘုရားရှင်ဖြစ်စဉ်ကို လျှောက်ဖတ်ရာ လူပျိုဘုရားကိုရှာမတွေ့ဘူး ဆရာတော်၊ အဲဒါဘာကြောင့်လဲ၊ ရှင်းပြပါဦးဘုရား၊ အတိုဆုံးနည်းနဲ့ သိလွယ်ရုံပေါ့။
ပုဗ္ဗေနိဝါသဉာဏ်ဖြင့် သုံးဆယ့်တဘုံ ဘဝမျိုးစုံကို သိမြင်နိုင်ပါသလား
ပုဗ္ဗေနိဝါသဉာဏ်ဖြင့် သုံးဆယ့်တဘုံ ဘဝမျိုးစုံကို သိမြင်နိုင်ပါသလား
ဒကာ။ ။ ဝိဇ္ဇာရှစ်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသဉာဏ်၊ အဘိညာဏ် ခြောက်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသအဘိညာဏ်တန်ခိုးနဲ့ ကိုယ်ဖြစ်လာတဲ့ သုံးဆယ့်တဘုံ ဘဝမျိုးစုံကို ကုန်အောင်စုံ သိနိုင်တယ်ဆိုတာ ဟုတ်ပါသလားဆရာတော်။
Tuesday, January 18, 2011
ရေစက်ချမှ အလှူဒါနဟာ ပြီးမြောက်သလော၊ အလှူရှင်တို့ စိတ်ထားရမည့် နည်းနယများ။
ရေစက်ချမှ အလှူဒါနဟာ ပြီးမြောက်သလော
ဒကာ။ ။ ဘုရားတည် ကျောင်းဆောက် ရှင်ပြု ရဟန်းခံ စတဲ့ အလှူဒါနရှင် အချို့ဟာ ရေစက်ချရမှ အောင်မြင်တယ်ဟု မှတ်ယူကာ ရေစက်ချကြပါတယ်၊ တချို့ကျတော့လည်း ရေစက်မချဘဲ “နိဗ္ဗာန ပစ္စယော ဟောတု” ဆိုကာ ပေးလှူပြီး အမျှပေးဝေလျက် ရေစက်ခွက် မကိုင်ကြပါဘူး၊ ဒီကိစ္စနဲ့စပ်လို့ စာပေကျမ်းဂန်က ဘယ်လိုများ ဆိုပါသလဲ ဆရာတော်။
Monday, January 17, 2011
ဒါနနဲ့ စာဂဟာ အတူတူပဲလော၊ ဒါနနဲ့ ပရိစ္စာဂ ဘာထူးသလဲ
ဒါနနဲ့ စာဂဟာ အတူတူပဲလော
ဒကာ။ ။ ဒါနနဲ့ စာဂသဘောကို အမျိုးမျိုးဟောပြော ငြင်းခုံနေကြပါတယ်၊ အချို့ကလည်း ဒါန-ပေးကမ်း လှူဒါန်းလိုက်ခြင်းပင်၊ စာဂ- စွန့်ကြဲခြင်း ဖြစ်သွားတာပဲ၊ အတူတူပါပဲလို့ ဟောပြောကြပါတယ်။
ဆရာအချို့ကလည်း စာဂ-ဆိုတာ ပေးလှူတာမျိုး မဟုတ်ဘူး၊ ကိုယ်ပစ္စ္စည်းဥစ္စာတွေကို ဘာပဲဖြစ်ဖြစ် စွန့်ပစ်လိုက်တာဟုပြောကြပါသည်၊ အဲဒီ တရားနှစ်ပါးဟာ တူသလား ကွဲပြားသလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
သယမ္ဘူဉာဏ် ဆိုတာ ဘယ်ဟာမျိုးလဲ၊ သဗ္ဗညုတဉာဏ်လား
သယမ္ဘူဉာဏ် ဆိုတာ ဘယ်ဟာမျိုးလဲ၊ သဗ္ဗညုတဉာဏ်လား
ဒကာ။ ။ “ဆရာမကူ သယမ္ဘူဉာဏ်မြတ်ဖြင့် တတ်တတ်ထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူသော” ဆိုတဲ့ နေရာမှာ ဘယ်ဟာတွေကို ဘယ်လို သိမြင်တာကို ခေါ်ဆိုပါသလဲ ဆရာတော်၊ သဗ္ဗညုတဉာဏ်မျိုးလား။
Sunday, January 16, 2011
ဒိဋ္ဌ သုတ ကိုတော့သိပါသည်၊ မုတ ဆိုတာက ဘာအနက်သဘောလဲ
ဒိဋ္ဌ သုတ ကိုတော့သိပါသည်၊ မုတ ဆိုတာက ဘာအနက်သဘောလဲ
ဒကာ။ ။ မြတ်စွာဘုရား အာရုံခြောက်ပါး ဟောကြားတဲ့အခါ တချို့နေရာ၌ ဒိဋ္ဌ, သုတ, မုတ, ၀ိညာတ, အာရုံ ဟုဟောထားပါသည်၊ ထိုလေးပါးတို့တွင် ဒိဋ္ဌ, မြင်အာရုံ၊ သုတ, ကြားအာရုံ၊ ၀ိညာတ, သိအာရုံ တို့ကတော့ ထင်ရှားပါတယ်။
ဂန္ဓ,ရသ,ဖောဋ္ဌဗ္ဗ အာရုံတွေကိုတော့ မုတနဲ့ ဟောကြားထားပါတယ်၊ မုတ-ဆိုတာက ဘာကို ဟောလို့ ဘာအနက် သဘောရှိပါသလဲ ဆရာတော်၊ တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦး ဘုရား။
Saturday, January 15, 2011
သိမ်ထဲမှာ ကမ္မ၀ါရွတ်ဖတ်ပြီး ဘယ်သူက ဆရာဥပဇ္ဈာယ်ပြုကာ ဘယ်သူ့ကို စတင်ရဟန်းခံပေးပါသလဲ
သိမ်ထဲမှာ ကမ္မ၀ါရွတ်ဖတ်ပြီး ဘယ်သူက ဆရာဥပဇ္ဈာယ်ပြုကာ
ဘယ်သူ့ကို စတင်ရဟန်းခံပေးပါသလဲ
ဒကာ။ ။ဆရာတော်ဘုရားရေးပြုသော သုတေသနသရုပ်ပြအဘိဓာန်ကျမ်း
စာမျက်နှာ ၄၉၇ ၌ “ရဟန်းအပြားမျိုးရှစ်ပါး” သရုပ်ကိုဖော်ထုတ်ရာဝယ် နံပါတ်ရှစ်၌ ဉတ္တိစတုတ္ထ ကမ္မူပ သမ္ပဒါ ပညတ်တော်အရ သိမ်ထဲမှာ ကမ္မ၀ါနဲ့ ရွတ်ဖတ်ပြီးဖြစ်လာတဲ့ ရဟန်းတွေထဲမှာ ရှေးဦးစွာ ဖြစ်လာတဲ့ ရဟန်းဟာ ဘယ်ပုဂ္ဂိုလ်ပါလဲ ဆရာတော်။
အဲဒီပုဂ္ဂိုလ်ကို ဘယ်ရဟန်းတွေက စတင် ရဟန်းပြုပေးပါသလဲ၊ ဘယ်ပုဂ္ဂိုလ်က ဆရာဥပဇ္ဈာယ်ပြုလုပ်ပါသလဲ၊ တပည့်တော်တို့ မှတ်သားရအောင် မိန့်ကြားပါဦး ဘုရား၊ ဒါဟာလည်း သာသနာ့ မှတ်တမ်းတချက်ပါပဲ။
Friday, January 14, 2011
လပြည့် လကွယ် ရှစ်ရက်နေ့တို့ကို ဥပုသ်နေ့ဟု ဘုရားရှင် သတ်မှတ်ဟောကြားခဲ့သလော
လပြည့် လကွယ် ရှစ်ရက်နေ့တို့ကို ဥပုသ်နေ့ဟု ဘုရားရှင် သတ်မှတ်ဟောကြားခဲ့သလော
ဒကာ။ ။ လူများဥပုသ်စောင့်ကြတဲ့အခါ လပြည့် လကွယ် ရှစ်ရက် အဲဒီသုံးရက်ကိုသာ ဥပုသ်နေ့ဖြစ်သည် ဥပုသ်စောင့်ရမည်ဟုမှတ်ယူကာ ကျောင်းကန်ဘုရားသို့ ဥပုသ်စောင့်သွားကြတာဟာ မြတ်စွာဘုရားသခင်က ဒီသုံးရက်ကို ဥပုသ်နေ့ဖြစ်သည် ဥပုသ်စောင့်ရမည်ဟု သတ်မှတ်ဟောကြားထားခဲ့လို့လား ဆရာတော်။
ကိုးပါးသီလ ခံယူကောင်းသလော၊ ဆရာတော်က ကိုးပါးသီလ မပေးဘူးလား။
ကိုးပါးသီလ ခံယူကောင်းသလော
ဒကာ။ ။ န၀င်္ဂဥပုသ် ကိုးပါးသီလနဲ့စပ်ပြီး ဆရာတချို့ကလည်း “ကိုးပါးသီလ ဆိုတာ သီးခြားသတ်သတ် ခံယူနေစရာ မလိုပါဘူး၊ ရှစ်ပါးသီလ ခံယူပြီးတော့ကာ မေတ္တာပွားများပို့သနေရင် ကိုးပါးသီလ ဖြစ်သွားတာပဲ” ဟုပြောဟောပြီး ကိုးပါးသီလကို မပေးကြပါဘူး၊ ရှစ်ပါးသီလကိုပဲ ပေးကြပါတယ်။
တချို့ဆရာတော်ကြီးများကလည်း “ကိုးပါးသီလဆိုတာ စောင့်သုံးကောင်းတယ်၊ ခံယူကောင်းတယ်၊ မြတ်သောသီလဖြစ်တယ်၊ ဒါ့ကြောင့်မို့ ကိုးပါးသီလကို ခံယူဆောက်တည် ကျင့်သုံးကြရမယ်” ဟု ဟောကြားဆုံးမ သြ၀ါဒပေးကြပါတယ်၊ အဲဒါ ဘယ်ဆရာရဲ့ သြ၀ါဒနည်းကို အမှန်လိုက်နာ ခံယူရမှာလဲ ဆရာတော်။
ပုထုဇဉ်ကုသိုလ်ဉာဏသမ္ပယုတ်နဲ့ ၀ိပါက်ဉာဏသမ္ပယုတ်တို့ဟာ ဖြစ်ပုံချင်းဘယ်လိုထူးခြားလဲ
ပုထုဇဉ်ကုသိုလ်ဉာဏသမ္ပယုတ်နဲ့ ၀ိပါက်ဉာဏသမ္ပယုတ်တို့ဟာ ဖြစ်ပုံချင်းဘယ်လိုထူးခြားလဲ
ဒကာ။ ။ လောကီဉာဏသမ္ပယုတ်စိတ်တွေထဲက ကိရိယာ ဉာဏသမ္ပယုတ်စိတ်တွေကိုတော့ ဘုရားရဟန္တာတို့မှာ ဖြစ်တာမို့ ထားပါတော့။ ပုထုဇဉ်တွေမှာဖြစ်တဲ့ ကုသိုလ်ဉာဏသမ္ပယုတ်စိတ်နဲ့ ၀ိပါက်ဉာဏသမ္ပယုတ်စိတ်နှစ်မျိုးဟာ ဖြစ်ပုံခြင်း ဘယ်လိုထူးခြားကွဲပြားကြပါသလဲ ဆရာတော်၊ ဉာဏသမ္ပယုတ်စိတ်ချင်းကတော့ အတူတူပဲဟာ။
Wednesday, January 12, 2011
နေ့ခံလို့ ညစံရတာ ဘာကြောင့်လဲ
နေ့ခံလို့ ညစံရတာ ဘာကြောင့်လဲ
ဒကာ။ ။ အပါယ်လေးပါးထဲပါတဲ့ အသူရကာယ် ဘုံသားတွေက ဘယ်လိုကံမျိုးတွေ လုပ်ခဲ့လို့ နေ့ခံလိုက် ညစံလိုက်နဲ့ ဖြစ်နေရတာလဲ ဆရာတော်၊ ပိဋကတ်တော်မှာ ပါရင်လည်း နည်းနည်းလောက်ထုတ်ပြီး ရှင်းလင်းပြပါဦးဘုရား။
အသူရာဆိုတာ နတ်လား ပြိတ္တာလား
အသူရာဆိုတာ နတ်လား ပြိတ္တာလား
ဒကာ။ ။ အသူရာပြည်တို့၊ အသူရကာယ်ပြည်တို့ဆိုတာ နတ်ပြည်လား၊ အပါယ်လေးပါးထဲက အသူရကာယ်ပြည်လား၊ သူတို့ဘ၀က နတ်ဘ၀လား၊ ပြိတ္တာဘ၀လား ဆရာတော်။ အဲဒီ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို ရှင်းပြပါဦး ဘုရား၊ သိကြားမင်းနဲ့ စစ်ခင်းတယ်၊ နေ့ခံညစံရတယ် ဘယ့်နယ် ညာနယ်နဲ့ ရှုပ်ပွေလွန်းလို့၊ ငြင်းခုံနေကြတာလည်း လွန်ရောပဲ။
Monday, January 10, 2011
ရှိပြီး ရွှေငွေ မစွန့်ဘဲ လူများ ဆယ်ပါးသီလ စောင့်ကောင်းသလော
ရှိပြီး ရွှေငွေ မစွန့်ဘဲ လူများ ဆယ်ပါးသီလ စောင့်ကောင်းသလော
ဒကာ။ ။ ဆယ်ပါးသီလစောင့်သုံးလိုသောသူသည် မိမိမှာရှိသမျှ ရွှေငွေရတနာ တို့ကို အာလယပြတ် စွန့်ပစ်ပြီးမှသာ စောင့်ထိန်းကောင်းသည်၊ လုံခြုံသည်ဟု ပထမ ဆရာအချို့က ဟောကြားကြပါသည်။
ဒုတိယဆရာအချို့ကလည်း မိမိထံမှာ ရှေးက ရှိနေပြီးသော ရွှေငွေရတနာ တို့ကို စွန့်ပစ်ဖို့ မလိုပါဘူး၊ ဇာတရူပ သိက္ခာပုဒ်က အသစ် အသစ် ရွှေငွေရတနာ တို့ကိုသာ မခံယူရ၊ မကိုင်တွယ်ရ၊ မသုံးစွဲရ၊ တောင်းခံခြင်းမပြုရဟု တားမြစ်တာပါ၊ လက်ရှိ ရွှေငွေရတနာတို့ကို မစွန့်ဘဲလည်း ဆောက်တည် ကျင့်သုံးကောင်းပါတယ်၊ ကိုယ် မကိုင်တွယ် မသုံးစွဲရင် ပြီးတာပဲ၊ သီလ မပျက်စီးနိုင်ဘူး လို့ ဟောကြားကြပါတယ်၊ အဲဒါ စာပေက ဘယ်လိုများ အဆိုပြုထားပါသလဲ ဆရာတော်၊ တိုတိုပေါ့ ဘုရား သိပါရစေ။
Sunday, January 9, 2011
အာဒိဗြဟ္မစရိယသီလဆိုတာ ဘယ်သီလမျိုးလဲ ဘယ်တရား၏ အစအဦး အာဒိလဲ
အာဒိဗြဟ္မစရိယသီလဆိုတာ ဘယ်သီလမျိုးလဲ ဘယ်တရား၏ အစအဦး အာဒိလဲ
ဒကာ။ ။ သီလတွေထဲမှာ အာဒိ ဗြဟ္မစရိယသီလဆိုတာ အရေးကြီးတယ်၊ သူဟာ မဂ်ဖိုလ်တို့ရဲ့ ရပိုင်မှု အစ အဦး အာဒိပဲ၊ တရားအားထုတ်တဲ့ယောဂီဟာ ဒီအာဒိဗြဟ္မစရိယ သီလကို စောင့်ထိန်းရမည်ဟု ဟောပြောနေကြတယ်။
တချို့ကလည်း ဒီသီလဟာ ဘုရားဟော မဟုတ်ဘူး၊ ရိပ်သာဆရာတွေက အသစ်အဆန်း တီထွင်ထားကြတာ၊ လူသားတို့အတွက် ငါးပါး,ရှစ်ပါး,ဆယ်ပါး သီလ တို့ကိုသာ ဘုရားဟောတော်မူတာဟု ပြောဆိုနေကြပါတယ်၊ ဒါ့ကြောင့်။
(၁) ယင်း အာဒိဗြဟ္မစရိယသီလဟာ ဘယ်သီလမျိုးလဲ။
(၂) ဘုရားဟောတော်မူတာ ဟုတ်ရဲ့လား၊ ဘယ် ပိဋကတ်တော်မှာ ပါသလဲ။
(၃) ဘယ်တရား၏ အစအဦးလဲ၊
တိုတိုနဲ့ပဲ သိပါရစေ ဆရာတော်၊ ပါဠိတွေထုတ်ပြီး အရှည်ကြီးတော့ မလုပ်ပါနဲ့ဘုရား၊ နားလည်မှာလည်း မဟုတ်ပါဘူး။
ငါးပါးသီလဟာ လူတို့၏ နိစ္စသီလလော
ငါးပါးသီလဟာ လူတို့၏ နိစ္စသီလလော
ဒကာ။ ။ ဆရာတော်က လူတို့မှာ အမြဲတစေ စောင့်သုံးရမည့် နိစ္စသီလမျိုး မရှိဟု မိန့်ဆိုသွားပေမယ့် ဆရာထိုထိုတို့ကတော့ လူတို့သည် ငါးပါးသီလကို မိမိတို့ ခါးဝတ်ပုဆိုး, ထမီ ကဲ့သို့ အမြဲစောင့်ထိန်းရမည့် နိစ္စသီလမျိုးဖြစ်သည်၊ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းကြဟု ဟောကြားဆုံးမ သွားကြတာချည်းပဲမို့ ငါးပါးသီလဟာ လူတို့ရဲ့ နိစ္စသီလ မဟုတ်ဘူးလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဥပုသ်သည်တို့မှာ သီလတပါးပျက်လျှင် အကုန်လုံး ပျက်ကရောလား
ဥပုသ်သည်တို့မှာ သီလတပါးပျက်လျှင် အကုန်လုံး ပျက်ကရောလား
ဒကာ။ ။ ဆရာအချို့က ဥပုသ်သည်ဆိုတာ ကိုယ်ခံယူထားတဲ့ သီလကို အသက်တမျှ ရိုသေစွာ စောင့်ထိန်းရတယ်၊ ရှစ်ပါးသီလထဲက သိက္ခာပုဒ် တပါးပျက်သွားရင် အကုန်လုံး ပျက်စီးကုန်ရောလို့ ဟောပြောဆုံးမကြပါတယ်။
ဆရာအချို့ကတော့လည်း သည်လိုမဟုတ်ပါဘူးတဲ့၊ ကိုယ်ဆောက်တည် ခံယူထားတဲ့ သိက္ခာပုဒ်တွေထဲက တပါးပျက်သွားရုံနဲ့ အကုန်လုံး ပျက်မသွားပါဘူး၊ ကိုယ်ခံယူဆောက်တည်ထားတဲ့ ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလ အားလျော်စွာပေါ့၊ မိမိမကျူးလွန်တဲ့ သိက္ခာပုဒ်တွေကတော့ ကျန်နေတာပါပဲ မပျက်စီးပါဘူး လို့ ဟောပြောဆုံးမကြပါတယ်၊ ဘယ်ဝါဒက မှန်ပါသလဲ ဆရာတော်။
ခန္တီ နဲ့ ဥပေက္ခာ ဘာများထူးခြားသလဲ
ခန္တီ နဲ့ ဥပေက္ခာ ဘာများထူးခြားသလဲ
ဒကာ။ ။ ခန္တီစ- သည်းခံရခြင်း လည်းကောင်း၊ ဥပေက္ခာစ- လျစ်လျူရှုရခြင်း လည်းကောင်း ဟုပြောဟောကြရာ၊ ခန္တီ- သည်းခံတယ်ဆိုတာ မသာယာခြင်းနဲ့ ပြန်လှန် လက်စားမချေဘဲ လျစ်လျူရှုထားလိုက်တဲ့ ဥပေက္ခာသဘောမို့ နာမည်ချင်းသာခြားတာ သဘောတရားကတော့ အတူတူပါပဲလို့ အချို့ဆရာတို့က ပြောဟောကြပါတယ်။
ဆရာအချို့ကလည်း ခန္တီနဲ့ ဥပေက္ခာဟာ သဘောတရားချင်းမတူဘူး၊ တခြားစီသာ ဖြစ်တယ်၊ အကယ်၍ သဘောချင်းတူရင် ပါရမီဆယ်ပါးထဲမှာ အမည်နှစ်ပါးနဲ့ ခွဲခြားပြီး ဘုရားမဟောတန်ရာ၊ ဒါ့ကြောင့် ထူးခြားတယ်ဟု ဟောပြောကြပါတယ်၊ အဲဒီတရားနှစ်ပါး ထူးခြားတယ် မထူးခြားဘူး ဆိုတာ မှတ်သားရလွယ်အောင် မိန့်ကြားပါဦး ဆရာတော်။
Saturday, January 8, 2011
ပုဏ္ဏားဆိုတာ ဘာစကားလဲ၊ ဘာအဓိပ္ပာယ်ရှိလဲ
ပုဏ္ဏားဆိုတာ ဘာစကားလဲ၊ ဘာအဓိပ္ပာယ်ရှိလဲ
ဒကာ။ ။ ပါဠိလို " သာမဏ, ဗြာဟ္မဏ" မြန်မာလို “ရဟန်း, ပုဏ္ဏား” ဟု အနက်ပြန်ဆိုကြရာမှာ၊ သမဏ-ရဟန်းဆိုတာတော့ ထင်ရှားရှင်းလင်းကြပါတယ်၊ ဗြာဟ္မဏ-ပုဏ္ဏား ဆိုတာက ရသေ့လား, ဟိန္ဒူကုလားဘုန်းကြီးမျိုးလား၊ အဲဒီပုဏ္ဏားဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို သိပါရစေ ဆရာတော်။
ဖြစ်ပြီးတဲ့ အကုသိုလ်တရားများကို ဘယ်လိုလုပ် ပယ်ရမှာလဲ
ဖြစ်ပြီးတဲ့ အကုသိုလ်တရားများကို ဘယ်လိုလုပ် ပယ်ရမှာလဲ
ဒကာ။ ။ ဗောဓိပက္ခိယ တရားမျိုးထဲက ဖြစ်ပြီးသား အကုသိုလ်တရားများကို ပယ်ရှားရမည်ဆိုတာ၊ ဖြစ်ပြီးသားကို ပယ်ရှားလို့ရနိုင်ပါမည်လား ဆရာတော်၊ ဖြစ်ပြီးနေမှ ဥစ္စာ ဘယ်လို ပယ်ရမည်ဆိုတဲ့ ပယ်ရှားပုံ ကြိုးစားနည်း သမ္မပ္ပဓာန် လုံ့လ ၀ီရိယကို သိပါရစေ ဘုရား၊ တိုတိုနဲ့ နားလည်အောင်ပေါ့။
ပစ္ဆိမဘ၀ိကသားများ သေတွင်းထဲကျနေတာ ဘာ့ကြောင့် မသေကြပါသလဲ
ပစ္ဆိမဘ၀ိကသားများ သေတွင်းထဲကျနေတာ ဘာ့ကြောင့် မသေကြပါသလဲ
ဒကာ။ ။ ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ်ဆိုတဲ့ ဒီဘ၀မှာ မဂ်ဖိုလ်နိဗ္ဗာန်ရမည့်သူများဟာ မုချ သေရမည့်ဘေးနဲ့ တွေ့နေသော်လည်း မသေရဘဲ ကြံကြံဖန်ဖန် မယုံနိုင်စရာဖြစ်အောင် သေမည့်ဆဲဆဲကလေးမှာ အသက်ရှင်သွားတာဟာ ဘယ်လိုသဘောပါလဲ ဆရာတော်၊ ဒါဟာ သူတို့ရဲ့နိယာမဓမ္မတာလို့တော့ ပြီးစလွယ်မဖြေပါနဲ့ဘုရား၊ စာပေကျမ်းဂန်နဲ့အညီ သိပါရစေ။
Friday, January 7, 2011
သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား
သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား
ဒကာ။ ။ အာရုံငါးပါး ကာမဂုဏ်တရား ခံစားတဲ့နေရာမှာ သောတာပန်, သကဒါဂါမ် ခေါ်တဲ့ အရိယာတို့ ခံစားကြတဲ့ စားသောက်မှု ရသာရုံ၊ ပွဲက တီးမှုတ်သီဆိုမှုတို့ကို ကြည့်ရှုခံစားခြင်း, ရူပါရုံ, သဒ္ဒါရုံ, ဇနီးခင်ပွန်းအိပ်ခန်းစက်ရာဝင်ကာ ပေါင်းသင်းမှု စတဲ့ ၀တ္ထုကာမတွေ ခံစားတဲ့အခါမှာနဲ့၊ ပုထုဇဉ်တို့ခံစားကြတဲ့အခါမှာ ဖြစ်ပေါ် ဖြစ်ပေါ် လာနေတဲ့ ရာဂစိတ်တွေဟာ အဲဒီ ၀တ္ထုကာမ သင်္ခါရတွေအပေါ်မှာ သုခ,သုခ ဟု မှတ်ယူခံစားတာချင်း တူ,မတူ စာပေက ဘယ်လိုဆိုပါသလဲ ဆရာတော်၊ တပည့်တော်တို့ တူတယ်, မတူဘူး ဟု ငြင်းခုံမှုရှိနေလို့ ရှင်းပြပါဦး ဘုရား။
မြတ်ဗုဒ္ဓက ကာမတရား အားပေးချင်လို့ သဂ္ဂကထာ နတ်ချမ်းသာကို ဟောကြားတာလား
မြတ်ဗုဒ္ဓက ကာမတရား အားပေးချင်လို့ သဂ္ဂကထာ နတ်ချမ်းသာကို ဟောကြားတာလား
ဒကာ။ ။ မြတ်စွာဘုရား တရားဟောတော်မူသော တရားအစဉ် အနုပုဗ္ဗိကကထာထဲမှာ သဂ္ဂကထာ ဆိုတဲ့ နတ်စည်းစိမ်ချမ်းသာတွေနဲ့စပ်တဲ့ တရားစကားတွေကို ဟောကြား ဟောကြားနေတာဟာ ကာမချမ်းသာတွေကို အားပေးချီးမွမ်း တိုက်တွန်းသလို ဖြစ်မနေဘူးလား ဘုရား၊ ဓမ္မစကြတရားတော်ထဲမှာ ကာမသုခလ္လိကကို ဟီန-အယုတ်တရားဟု ဟောသွားတယ် မဟုတ်လားဆရာတော်၊ ရှင်းပြပေးပါဦး ဘုရား။
ပစ္စေကဗုဒ္ဓါဟာ တရားဟောနိုင်ပါသလား
ပစ္စေကဗုဒ္ဓါဟာ တရားဟောနိုင်ပါသလား
ဒကာ။ ။ လွန်ခဲ့တဲ့သုံးနှစ်လောက်က ပစ္စေကဗုဒ္ဓါအကြောင်း မေးမြန်းတဲ့အခါ ပစ္စေကဗုဒ္ဓါများဟာ သစ္စာလေးပါးတရားကို သူကိုယ်တိုင်သာ ဆရာမရှိဘဲနဲ့သိတာ၊ သူတပါးကိုတော့ အဲဒီသစ္စာတရားကိုသိအောင် ဟောတတ်တဲ့ ပါရမီဉာဏ်မပါလို့ မဟောပြနိုင်ဘူးလို့ ဆရာတော် မိန့်ကြားခဲ့တာ မှတ်သားရဖူးတယ်။
သဋ္ဌိနိပါတ် သောဏကဇာတ်တော်မှာ သောဏက ပစ္စေကဗုဒ္ဓါအရှင်မြတ်က အရိန္ဒမ ဘုရင်ကြီးအား သမဏသုခတရားရှစ်ပါးနဲ့ ကာမ၏အပြစ်များကို ဟောကြားတော်မူတယ်လို့ ပါတဲ့အကြောင်းအရာ ဒကာကြီးတို့ ဖတ်ရပါတယ် ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
တံငါ, ၀က်မွေး, အလုပ်နဲ့မှ ချမ်းသာတာ ဘာကုသိုလ်တွေလုပ်ခဲ့လို့လဲ
တံငါ, ၀က်မွေး, အလုပ်နဲ့မှ ချမ်းသာတာ ဘာကုသိုလ်တွေလုပ်ခဲ့လို့လဲ
ဒကာ။ ။ ဒကာကြီးတို့ကိုယ်တွေ့ပါ၊ တချို့လူတွေဟာ တံငါလုပ်မှ ချမ်းသာကြွယ်ဝတယ်၊ ချမ်းသာလာလို့ ဒီအလုပ်ဖြုတ်ပြီး တခြားအပြစ်မဲ့တဲ့ အလုပ်ကိုလုပ်လိုက်ရင် ဆုံးရှုံးမွဲတေကုန်ရောပဲ။
တချို့သူတွေဟာ ၀က်မွေးမှ ပစ္စည်းဥစ္စာတွေ တိုးတက်ကြီးပွား ချမ်းသာလာတယ်၊ သည်အခါ မကောင်းမှုဖြစ်တဲ့ သည်အလုပ်ကို စွန့်ပြီး ကောင်းမွန်စင်ကြယ်တဲ့ အလုပ်တခုခုကို ပြောင်းလဲပြီးလုပ်လိုက်ရင် အကျိုးမပေးဘဲ မွဲသွားပြန်ရောပဲ။
တခါ အဲဒီ တံငါအလုပ်တို့ ၀က်မွေးသားထုတ် အလုပ်တို့ကို ပြန်လုပ်လိုက်ရင် အဲဒီလူတွေဟာ ချမ်းသာကြွယ်ဝ လာပြန်ရော၊ အဲဒါဟာ ဘယ်လိုကုသိုလ် အကျိုးပေးမျိုးပါလဲ ဆရာတော်၊ ဒကာကြီးတို့ ဉာဏ်လင်းအောင် ရှင်းပြပါဦး ဘုရား။
Thursday, January 6, 2011
အသက် ၇ နှစ်သားမျှ ရှိတဲ့ သာမဏေငယ် ရဟန္တာကလေးတွေကို ရဟန်းပဉ္စင်း ပြုပေးနိုင်သလား
အသက် ၇ နှစ်သားမျှ ရှိတဲ့ သာမဏေငယ် ရဟန္တာကလေးတွေကို
ရဟန်းပဉ္စင်း ပြုပေးနိုင်သလား
ဒကာ။ ။ မြတ်စွာဘုရားလက်ထက်တော်က သာမဏေကျော် ဣဒ္ဓိတန်ခိုးရှင် ကိုရင်ကလေးတွေကို အသက်နှစ်ဆယ် မပြည့်သေးမီ သာမဏေဘ၀နဲ့ပဲ ထားသလား၊ ရဟန်း ပဉ္စင်းခံပေးသလားဆိုတာ မကွဲပြားလို့ မိန့်ကြားပါဦး ဆရာတော်။
Wednesday, January 5, 2011
ဗုဒ္ဓဘုရားနဲ့ ရဟန္တာများကို ဘာ့ကြောင့် “နာဂ” နဂါးဟု ခေါ်ဆိုပါသလဲ
ဗုဒ္ဓဘုရားနဲ့ ရဟန္တာများကို ဘာ့ကြောင့် “နာဂ” နဂါးဟု ခေါ်ဆိုပါသလဲ
ဒကာ။ ။ တချို့သော စာပေကျမ်းဂန်တွေထဲမှာ ယော နာဂေါ- နာဂမည်တွင် အကြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဟူ၍လည်းကောင်း၊ ယော နာဂေါ- ဗုဒ္ဓနာဂကိုထား၍ တန်ခိုးတော်အရာ၌ တပါးတည်းဖြစ်တော်မူသော အရှင် မဟာမောဂ္ဂလာန်ထေရ်မြတ်ကြီးသည်။ ယေနာဂါ- အကြင်ရဟန္တာပုဂ္ဂိုလ်မြတ်တို့သည် စသည်ဖြင့် ဘာ့ကြောင့် နာဂ- နဂါးဆိုတဲ့ အမည်နဲ့ ဘုရားရဟန္တာတို့ကို ခေါ်ဝေါ်သုံးစွဲ ကြပါသလဲ ဆရာတော်၊ နာဂ-ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ် ရှင်းပြပေးပါဘုရား။
Tuesday, January 4, 2011
ရှင်စူဠပန် ၄ လကျက်လို့ မရတဲ့ ဂါထာ သိပါသလား
ရှင်စူဠပန် ၄ လကျက်လို့ မရတဲ့ ဂါထာ သိပါသလား
ဒကာ။ ။ ရှင်စူဠပန် လေးလပတ်လုံး ကျက်လို့ မရနိုင်တဲ့ ဂါထာဆိုတာ တပည့်တော်တို့ ကျက်မှတ် ရွတ်ဖတ်ချင်လို့ အနက်အဓိပ္ပါယ်ကိုပါ ရေးပေးချီးမြှောက်ပါဦး ဆရာတော်၊ ဒီဂါထာက ဘုရားသခင် ဟောကြားသင်ပြပေးတဲ့ ဂါထာလားဘုရား။
ဘ၀သမ္ပတ္တိဆိုတာ လူ,နတ်ဘ၀ကို ဆိုတာမဟုတ်လား
ဘ၀သမ္ပတ္တိဆိုတာ လူ,နတ်ဘ၀ကို ဆိုတာမဟုတ်လား
ဒကာ။ ။ သုဂတိဘ၀ဖြစ်တဲ့ လူ,နတ်,ဗြဟ္မာ ဇာတိ ဥပပတ္တိဘ၀ကို ရလာကြတာဟာ ဘ၀သမ္ပတ္တိပဲ မဟုတ်လား ဆရာတော်။
တချို့ဆရာတော်တွေက ဒေ၀ဂတိ, မနုဿဂတိ ဆိုတာဟာ ဘ၀သမ္ပတ္တိ မဟုတ်ဘူးတဲ့၊ ဇာတိ, ဥပပတ္တိဘ၀သာဖြစ်တယ်လို့ ဟောပြောနေကြလို့ ရှင်းပြပါဦး ဆရာတော်။
Monday, January 3, 2011
သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ချိန်၌ ခမည်းတော်မင်းကြီး သက်တော်ဘယ်လောက်ရှိပြီလဲ
သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ချိန်၌ ခမည်းတော်မင်းကြီး သက်တော်ဘယ်လောက်ရှိပြီလဲ
ဒကာ။ ။ အလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ချိန်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ သက်တော် ဘ်ာလောက် ရှိနေပါပြီလဲ ဆရာတော်၊ ကျမ်းဂန်မှာ တွေ့ဖူးပါသလား။
နာနာဘာဝ, ၀ိနာဘာဝ ဆိုတာဟာ တစ္ဆေ သရဲတွေလား
နာနာဘာဝ, ၀ိနာဘာဝ ဆိုတာဟာ တစ္ဆေ သရဲတွေလား
ဒကာ။ ။ လောကလူတွေရဲ့ ဆိုရိုးစကားမှာ နာနာဘာဝ တစ္ဆေသရဲတွေလာကုန်ပြီ၊ ၀ိနာဘာဝ ဘီလူးသရဲတွေ ဖြစ်ကုန်ပြီဟု ပြောဆိုနေကြပါသည်၊ တချို့ကလည်း နာနာဘာဝ, ၀ိနာဘာဝ ဆိုတာ တစ္ဆေသရဲကို ခေါ်ဆိုတာမဟုတ်ပါဘူးလို့ ပြောကြပါတယ်၊ အဲဒီ အဘိဓာန် နှစ်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို ရှင်းပြပါဦး ဆရာတော်၊ စာပေကျမ်းဂန်က ဘယ်လိုဆိုပါသလဲ ဘုရား။
ရှင်သာရိပုတ္တရာကယ်ချွတ်သော သတ္တ၀ါပေါင်း စာရင်းများရှိပါသလား
ရှင်သာရိပုတ္တရာကယ်ချွတ်သော သတ္တ၀ါပေါင်း စာရင်းများရှိပါသလား
ဒကာ။ ။ မြတ်စွာသခင်ကို ထား၍ ပညာအရာမှာ တပါးသာရှိတော်မူသော ဓမ္မသေနာပတိ တရားစစ်သူကြီး ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ဟောကြားချေချွတ်ကယ်တင်တော်မူလို့ အရဟတ္တဖိုလ် ရရှိတော်မူခြင်းနဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ် စတဲ့ သတ္တ၀ါစာရင်းအင်းများ ပိဋကတ်တော်မှာ တွေ့ဖူးပါသလား ဆရာတော်။
Sunday, January 2, 2011
ရတ္တညူ ညဥ့်အပိုင်းအခြားကို သိသောသူဆိုတာ ဘာအဓိပ္ပာယ် ရှိပါသလဲ
ရတ္တညူ ညဥ့်အပိုင်းအခြားကို သိသောသူဆိုတာ ဘာအဓိပ္ပာယ် ရှိပါသလဲ
ဒကာ။ ။ ယခုကာလ သက်တော်ရှည် ဂုဏ်ကြီးရှင် ဆရာတော်ကြီးတွေကို ချီးကျူးပူဇော်သဘင်ပြုတဲ့အခါ ရတ္တညူ- ညဥ့်အပိုင်းအခြားကို သိမြင်သောသူ၊ ဒီဃဒဿီ- အရှည်ကို မြင်တော်မူသော ပုဂ္ဂိုလ်ကြီး စသည်ဖြင့် ရေးသားပူဇော် ရွတ်ဖတ်သံများကိုလည်း ကြားဖူးပါသည်။
ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ ဘိက္ခူနံ ရတ္တညူနံ ယဒိဒံ အညာသိ ကောဏ္ဍညော- ဟု အရှင် ကောဏ္ဍညအား ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးမိန့်ကြားတဲ့အခါမှာ ငါ၏တပည့်သား ရဟန်းများတို့တွင် အညာသိကောဏ္ဍညဟာ ညဥ့်အပိုင်းအခြားကို သိတယ် ဆိုတာ ဘာကို ဆိုလိုတာလဲ ဆရာတော်၊ အဲဒါလေးရှင်းပြပေးပါဦး ဘုရား။
မယ်တော်ဖြစ်ခဲဖူးတဲ့ သန္တုသိတနတ်သားဟာ အဘိဓမ္မာတရားဆုံးတော့ နတ်ရဟန္တာဖြစ်ပါသလား
မယ်တော်ဖြစ်ခဲဖူးတဲ့ သန္တုသိတနတ်သားဟာ အဘိဓမ္မာတရားဆုံးတော့ နတ်ရဟန္တာဖြစ်ပါသလား
ဒကာ။ ။ မြတ်စွာဘုရားသခင်ဟာ လူ့ဘ၀က မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားကို အဦးထား၍ တာဝတိံသာနတ်ပြည်၌ ၀ါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူရာဝယ် အဘိဓမ္မာတရားတော် ပြီးဆုံးသွားတဲ့အခါ သန္တုသိတနတ်သားဟာ ရဟန္တာဖြစ်သွားပါသလား ဆရာတော်၊ နတ်ဗြဟ္မာတွေဘယ်လောက် ကျွတ်တမ်းဝင်ကုန်သလဲ။
ယမကာပါဋိဟာ တန်ခိုးတော်ပြရာမှာ ရေ,မီး အစုံ အစုံ အတူတူ တပြိုင်တည်း ထွက်ပါသလား
ယမကာပါဋိဟာ တန်ခိုးတော်ပြရာမှာ ရေ,မီး အစုံ အစုံ အတူတူ တပြိုင်တည်း ထွက်ပါသလား
ဒကာ။ ။ မြတ်စွာဘုရားက သရက်ဖြူပင်ရင်းမှာ တန်ခိုးတော်ပြရာဝယ် ကိုယ်တော်၏ အထက်ပိုင်းက မီးအလျှံတွေ မျက်လုံးတော်တဘက်က ဖြူသောရောင်ခြည်တော်တွေ၊ တဘက်က နီသော ရောင်ခြည်တော်တွေ စသည်ဖြင့် အပြိုင်အပြိုင် လွှတ်တော်မူတယ်လို့ တချို့ဆရာများက ပြောဟောကြတယ်၊ တချို့ဆရာ ကျတော့လည်း မဟုတ်ဘူးတဲ့၊ တခြားစီ ထွက်ပေါ်လာကြတာတဲ့၊ အဲဒါရှင်းပြပါဦး ဆရာတော်။
Saturday, January 1, 2011
အရှင်ဝိစိတ္တ ဓမ္မဘဏ္ဍာဂါရိကထေရ်က အလွန် အဖိုးတန်သော မော်တော်ယာဉ်ကြီးကို ဘာကြောင့် မခံယူ မသုံးဆောင်ပါသလဲ
အရှင်ဝိစိတ္တ ဓမ္မဘဏ္ဍာဂါရိကထေရ်က အလွန် အဖိုးတန်သော မော်တော်ယာဉ်ကြီးကို
ဘာကြောင့် မခံယူ မသုံးဆောင်ပါသလဲ
ဒကာ။ ။ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရာဘိဝံသ မထေရ်မြတ်အား နိုင်ငံခြားအစိုးရနှင့် သူဌေးများက ကာလတန်ဖိုးအားဖြင့် အမြင့်မားဆုံးဖြစ်၍ အကောင်းဆုံးဖြစ်သော မော်တော်ကားကြီးကို ပေးလှူကြရာ အရှင်ဝိစိတ္တ မထေရ်မြတ်သည် ခံယူသုံးဆောင်မှု မပြုဘဲ ပြန်ပေးကြောင်းနှင့် တဆင့်စကားကြားသိရပါသည်၊ ရဟန်းတော်များသည် လောက၌ သဒ္ဓါကြည်ညိုစွာဖြင့် ပေးလှူပူဇော်ကြသော မွန်မြတ်လှသည့် လူ့အသုံးအဆောင် မင်းအသုံးအဆောင်တို့ကို ခံယူ သုံးဆောင်မှု မပြုရဘူးလား ဆရာတော်၊ ကျမ်းဂန်များ၌ ကျင့်ထုံးများ တွေ့ရှိဖူးပါသလား ဘုရား။
Subscribe to:
Posts (Atom)