သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, January 3, 2011

သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ချိန်၌ ခမည်းတော်မင်းကြီး သက်တော်ဘယ်လောက်ရှိပြီလဲ


သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ချိန်၌ ခမည်းတော်မင်းကြီး သက်တော်ဘယ်လောက်ရှိပြီလဲ

          ဒကာ။           ။ အလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ချိန်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ သက်တော် ဘ်ာလောက် ရှိနေပါပြီလဲ ဆရာတော်၊ ကျမ်းဂန်မှာ တွေ့ဖူးပါသလား။
          ဆရာ။           ။ ကြံကြံဖန်ဖန် တော်တော်မေးတယ်၊ ဒါသိတော့ နိဗ္ဗာန်ရောက်မှာမို့လား။
          ဒကာ။           ။ ကောလိပ်ကျောင်းသားတယောက်က လာမေးလို့ပါ ဆရာတော်၊ ခေတ်လူငယ်တွေက ဘာသာရေးနဲ့စပ်ပြီး အားကြီးသုတေသန ပြုကြတယ်၊ ဒါဟာလည်း သာသနာတော်မှာသိထားထိုက်တဲ့ မှတ်ချက်တခုပဲ မဟုတ်ပါလား ဆရာတော်။
          ဆရာ။           ။ သည်အရေးအခင်းနဲ့စပ်ပြီး တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက တရားစိုးသူကြီး ဖြစ်တော်မူတဲ့ အရှင်ဝိစိတ္တမထေရ်မြတ်က တော်တော့်ကိုပဲ စဉ်းစဉ်းစားစားနဲ့ ကြံဆ ခန့်မှန်း ပြောကြားသွားတာကတော့.....
                             သားတော် သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်သောအချိန်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးဟာ သက်တော် ၉၀ ကျော်အရွယ်သို့ ရောက်နေပြီတဲ့။
                             ထိုအချိန်၌ သုဒ္ဓေါဒနမင်းကြီးဟာ ငယ်ငယ်ကလို ပြည်ကြီး၏ တာဝန်ကို စည်ထီးနှင့်တကွ ရှေ့ဆောင်ဦးစီး ဘုရင်မင်းတရားကြီး   အဖြစ်ဖြင့် ရွက်ဆောင်နိုင်သော အင်အား မရှိတော့ချေတဲ့။
                             အဲဒါကြောင့် ထိုအချိန်ကာလမှာ သာကီဝင်မင်းသားတွေထဲမှာ အမျိုးကြီးငယ် အစဉ်လိုက် မင်းပြုထိုက်သူကို ရွေးချယ်သောအခါ   သာကီဝင်မင်းသမီးအပေါင်းတို့တွင် အကြီးဆုံးဖြစ်သော ကာဠီဂေါဓာ သာကီဝင်မင်းသမီးကြီး၏ သားတော်ဖြစ်တဲ့ ဘဒ္ဒိယမင်းသားကို ရွေးချယ်ပြီး     ရှေ့ဆောင်မင်းအဖြစ် ခန့်အပ်ကြတယ် လို့ ဆိုတယ်။
အဲဒါကို အကျယ်သိချင်ရင် နိုင်ငံတော်ဗုဒ္ဓသာသန မဟာဗုဒ္ဓ၀င် ဆဋ္ဌမတွဲ ပထမပိုင်း စာမျက်နှာ ၁၈၁ ၌ ဖတ်ပေတော့၊ မင်းကြီး၏ သက်တော်ကို ခန့်မှန်းချက် လောက်ပဲပြောနိုင်တယ်၊ ကိုးဆယ်ကျော်အရွယ်လောက် ရောက်ပြီလို့ပဲ မှတ်ပေတော့။
          ဒကာ။           ။ ဒါလောက်သိရတာ ခိုင်လုံတာမို့ ကျေးဇူးတင်မဆုံးပါဘူး ဆရာတော်။
         

No comments: