သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, January 5, 2011

ဗုဒ္ဓဘုရားနဲ့ ရဟန္တာများကို ဘာ့ကြောင့် “နာဂ” နဂါးဟု ခေါ်ဆိုပါသလဲ


ဗုဒ္ဓဘုရားနဲ့ ရဟန္တာများကို ဘာ့ကြောင့် “နာဂ” နဂါးဟု ခေါ်ဆိုပါသလ

          ဒကာ။           ။ တချို့သော စာပေကျမ်းဂန်တွေထဲမှာ ယော နာဂေါ- နာဂမည်တွင် အကြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဟူ၍လည်းကောင်း၊ ယော နာဂေါ- ဗုဒ္ဓနာဂကိုထား၍ တန်ခိုးတော်အရာ၌ တပါးတည်းဖြစ်တော်မူသော အရှင် မဟာမောဂ္ဂလာန်ထေရ်မြတ်ကြီးသည်။ ယေနာဂါ- အကြင်ရဟန္တာပုဂ္ဂိုလ်မြတ်တို့သည် စသည်ဖြင့် ဘာ့ကြောင့် နာဂ- နဂါးဆိုတဲ့ အမည်နဲ့ ဘုရားရဟန္တာတို့ကို ခေါ်ဝေါ်သုံးစွဲ ကြပါသလဲ ဆရာတော်၊ နာဂ-ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ် ရှင်းပြပေးပါဘုရား။
          ဆရာ။           ။ နာဂ- ဆိုတဲ့ ပါဠိက တောင်ကြီးတွေ၊ ဆင်ပြောင်ကြီးတွေ၊ နဂါးတိရစ္ဆာန်တွေကိုလည်း ခေါ်ဆိုတယ်၊ ဘုရား ရဟန္တာတို့ကို နာဂလို့ ခေါ်ဆိုတာကတော့ ထိုထို ပါဠိ, အဋ္ဌကထာ, ဋီကာ ကျမ်းစာတို့က….
ဆန္ဒာဒီဟိ န ဂစ္ဆတီတိ နာဂါ။             ။ မလိုက်ပါသင့်သော ဆန္ဒာဂတိ, ဒေါသာဂတိ, မောဟာဂတိ, ဘယာဂတိ တို့ကို ဘယ်သောအခါမျှ မလိုက်တတ်သောကြောင့် နာဂမည်တော်မူကြတယ် တဲ့။
                             တေန တေန မဂ္ဂေန ပဟီနေ ကိလေသေ န အာဂစ္ဆတီတိ နာဂါ။
ထိုထိုမဂ်လေးပါးဖြင့် ပယ်အပ်ပြီးသော ကိလေသာတို့အထဲသို့ နောက်ထပ် တဖန် မလာရောက်ကြတော့တဲ့အတွက် နာဂ မည်တော်မူတယ်တဲ့။
          နာနာပကာရကံ အာဂုံ န ကရောန္တီတိ နာဂါ။             ။ အထူးထူး အပြားပြားသော မကောင်းမှုဟူသမျှတို့ကို ဘယ်သောအခါမှ မပြုကြသောကြောင့် နာဂ မည်တော်မူကြတယ်တဲ့။
          ကဲ…အဲဒါတွေဟာ ကျမ်းဂန်များက လာတဲ့ စကားတော်တွေပါပဲ၊ “ပါဌ်တချက်၊ နက်များစွာ ” တဲ့၊ နာဂဆိုတဲ့ ပါဌ်ကို နဂါးတခုတည်းမှတ်မထားနဲ့၊ ကျေနပ်ပြီလား။
          ဒကာ။           ။ အားရနှစ်သက်ကျေနပ်လှပါတယ် ဆရာတော်၊ ကိုရင်နာဂ တို့၊ ဦးနာဂတို့ ဆိုတာ ခုမှပဲ ကွဲပြားစွာနဲ့ သိရတော့တယ်၊ ဒကာကြီးတို့က နဂါးပဲ အောက်မေ့နေတာ။

No comments: