နောင်တော်ကြီးစေတီတော်ဟာ ရွှေတိဂုံစေတီ၏ နောင်တော်ကြီးလား
ဒကာ။ ။ ရွှေတိဂုံစေတီ၏ တနင်္ဂနွေထောင့်၌ တည်ရှိသော နောင်တော်ကြီး အမည်ဘွဲ့တော်ခံ စေတီတော်မြတ်ဟာ ရွှေတိဂုံစေတီ၏ အရင် ရှေးဦးစွာ ပုံစံယူရန် တည်ထားလို့ နောင်တော်ကြီး အမည်ရတာလား ဆရာတော်၊ သူအချို့က သည်အတိုင်းပဲ အမှန်ယူ ပြောဆိုနေကြပါတယ်၊ ဆရာတော်က ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကြီး၏ သြ၀ါဒါစရိယမို့ မေးကြတာပါဘုရား။