သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, October 2, 2010

ဧဟိဘိက္ခု ရဟန်းအဖြစ်ဟာ ဘယ်အဆင့်တန်း ရှိသူများအတွက်လဲ


ဧဟိဘိက္ခု ရဟန်းအဖြစ်ဟာ ဘယ်အဆင့်တန်း ရှိသူများအတွက်လဲ

ဒကာ။           ။ မြတ်စွာဘုရားလက်ထက်၌ ဧဟိဘိက္ခုရဟန်းအဖြစ် ရယူသူများအတွက် အဆင့်အတန်း သတ်မှတ်ချက်များ ထားရှိပါသေးသလား ဆရာတော်၊ စာပေကျမ်းဂန်က ဘယ်လိုများ ဆိုပါသလဲ ဘုရား။
ဆရာ။           ။ အင်း…. ဧဟိဘိက္ခုရဟန်းဆိုတာ တန်ခိုးတော်ဖြင့်ပြီးစီးတဲ့ (ဣဒ္ဓိ မယ) သပိတ်, သင်္ကန်း ပရိက္ခရာမျိုးဖြစ်တယ်၊ ယင်းရဟန်းအဖြစ်မျိုးကို ရရှိဖို့ အဆင့် အတန်း အကြောင်းက သုံးပါးရှိတယ်လို့ မှတ်ရမည်။
၁။       ရှေးဘ၀က ပရိက္ခရာ ရှစ်ပါး ပေးလှူခဲ့ဖူးသူဖြစ်ရခြင်း။
၂။       ယခုလက်ရှိဘ၀သည် (ပစ္ဆိမဘဝိက) နောက်ဆုံးဘဝသား ဖြစ်ရခြင်း။
၃။       ယောက်ျားမြတ်အစစ် ဖြစ်ရခြင်း။
          ယင်းအဆင့်အတန်းအကြောင်းသုံးပါးနှင့် ပြည့်စုံရင် မြတ်ဘုရားက ဧဟိဘိက္ခု ခေါ်တော်မူတာနဲ့ ၀ါတော်ခြောက်ဆယ်ရသော မထေရ်ကြီးကဲ့သို့ သင်္ကန်းဝတ်ပြီးသား ဖြစ်သွားတာပဲ၊ စာပေကျမ်းဂန်အဆိုကတော့…..
          မြတ်စွာဘုရားသခင်၏ အဖ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးဟာ ဘုရားသခင်၏ ဖခင်အရင်းဖြစ်ကာ ပစ္ဆိမဘဝိကသားဖြစ်ပေမဲ့ ပရိက္ခရာရှစ်ပါး မပေးလှူခဲ့ဖူးလို့ ဧဟိဘိက္ခု ရဟန်းဘ၀ကို မရပဲ လူသားအဖြစ်နဲ့ ပရိနိဗ္ဗာန် ၀င်စံရရှာသည်။
          ပက္ကုသာတိ ဘုရင်မင်းတရားကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို နာယူကာ အနာဂါမ်ဖြစ်သော်လည်း ပစ္ဆိမဘဝိကသားမဟုတ်သေး၍ မြတ်ဘုရားက ဧဟိဘိက္ခု ခေါ်တော်မမူဘဲ သင်္ကန်းရှာခိုင်းလိုက်ရာ နွားဝှေ့၍ အမှိုက်ပုံထဲမှာ စုတိ ကျသွားရရှာသည်၊ ကဲ…အဲဒါတွေဟာ စာပေက လာတာတွေပဲ ကျေနပ်ရဲ့လား။
ဒကာ။           ။ ဒီလို ကျကျနန သေချာစွာ သိရလို့ ကျေနပ်နှစ်သက်လှပါတယ် ဆရာတော်။

No comments: