သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, November 1, 2010

ဘုရားသခင်၏ သပိတ်တော်ဟာ ရွှေလား, မြေလား, သံလား, ကျောက်လား


ဘုရားသခင်၏ သပိတ်တော်ဟာ ရွှေလား, မြေလား, သံလား, ကျောက်လား

          ဒကာ။           ။ မြတ်စွာဘုရားသခင် အမြဲသုံးဆောင်တော်မူတဲ့ သပိတ်တော်ဟာ မြေသပိတ်တော်လား၊ ရွှေသပိတ်တော်လား၊ သံ သပိတ်တော်လား ဆရာတော်၊ ၀ိနည်းတော်က မြေသပိတ်နဲ့ သံသပိတ်နှစ်မျိုးကိုသာ ခွင့်ပြုတော်မူတယ် ဆိုလို့ပါ။    
          ဆရာ။           ။ မြတ်စွာဘုရားသခင် အမြဲသုံးဆောင်တော်မူတဲ့ သပိတ်တော်ဟာ တပုဿ, ဘလ္လိက ညီနောင်တို့ ပျားမုန့်ဆုပ်ပေးလှူစဉ်က စတုမဟာရာဇ် နတ်မင်းကြီး လေးဦးတို့ လာရောက်ဆက်ကပ် လှူဒါန်းသွားတဲ့ နီလာကျောက်ညို အရောင်အဆင်းရှိသော ကျောက်သား သပိတ်တော်မြတ်ပဲ ဖြစ်တယ်။
          သည်နေရာမှာ ကြည်ညိုစရာအထူးက မြတ်စွာဘုရားဆွမ်းခံကြွသွားတော်မူလိုလျှင် အဲသည် ကျောက်သပိတ်တော်က သူ့အလိုလို ဘုရားရှင်၏ လက်နှစ်ဖက် အလယ်သို့ ရောက်ရှိလာတယ်တဲ့၊ ဘုရားမြတ်က သွားယူမနေရဘူးတဲ့၊ အဲဒါလည်း ကြည်ညိုစရာ ဂုဏ်ထူးပဲ။
          ဒကာ။           ။ တပည့်ရဟန်းများကိုတော့ မြေသပိတ်နဲ့ သံသပိတ် နှစ်မျိုးသာ သုံးဆောင်ရမည်လို့ ပညတ်တော်မူပြီး၊ မြတ်စွာဘုရားက ကျောက်သပိတ်တော်ကိုသာ အမြဲသုံးဆောင်တော်မူတယ်ဆိုတော့ စောဒကတက်စရာ မရှိဘူးလား ဆရာတော်၊ ဖြေရှင်းပါဦးဘုရား။
          ဆရာ။           ။ ဟုတ်ပါတယ်၊ မြေကြီးက သိလာ, မြေခေါ်တဲ့ ကျောက်မြေတမျိုး၊ ပံသု, မြေခေါ်တဲ့ မြေရိုးရိုးတမျိုး၊ နှစ်မျိုးရှိတယ်၊ ဒါ့ကြောင့် မြတ်စွာဘုရား သုံးဆောင် ကိုင်စွဲတော်မူတဲ့ ဣန္ဒနီလာကျောက်ညိုရောင် မဲမှောင်သော အဆင်းရှိတဲ့ ကျောက်သပိတ်တော်ဆိုတာလည်း မြေမျိုးမို့ စောဒကတက်စရာ မလိုပါဘူး။
          ဒကာ။           ။ ကောင်းမြတ် သင့်လျော်သော အဖြေကို ရရှိလို့ ၀မ်းသာပါတယ် ဆရာတော်။

No comments: