သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, October 11, 2010

ပသေနဒီ ကောသလမင်းကြီး၏ နေပြည်တော်က ဘယ်မြို့လဲ


ပသေနဒီ ကောသလမင်းကြီး၏ နေပြည်တော်က ဘယ်မြို့လဲ

ဒကာ။           ။ ကောသလမင်းကြီး ကောသလတိုင်းကြီးနဲ့သာ ဟောပြောနေကြတာ ကြားဖူးပါတယ်၊ ကောသလဘုရင်ကြီးရဲ့ နန်းစိုက်တဲ့ မြို့တော်က ဘယ်မြို့ ဘယ်ပြည် ပါလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။           ။ အင်း….လောကမှာ အလွန်ထင်ရှားလှတဲ့ အနာထပိဏ်သူဌေးကြီးတို့ ၀ိသာခါသူဌေးမကြီးတို့ နေထိုင်ကြတဲ့ သာဝတ္ထိမြို့တော်ကြီးဟာ ဘုရင် ပသေနဒီကောသလမင်းကြီးရဲ့ နန်းစိုက်ပျော်စံရာ ရွှေမြို့တော်ကြီးပေါ့။ ဒါပေမဲ့ ကောသလတိုင်းကြီးက အင်မတန်ကျယ်ဝန်းလို့ ကောသလတိုင်းနဲ့ပဲ အဟောအပြောများကြတာကြောင့် သာဝတ္ထိနေပြည်တော်ကြီးကို ကောသလမင်းကြီးနဲ့ မတွဲ မဟောမိဘဲ ဖြစ်နေကြတာလို့ မှတ်ကြပေါ့၊ ကောသလမင်းကြီးရဲ့ နေပြည်တော်ကြီးဟာ သာဝတ္ထိမြို့တော်ကြီးပဲ၊ ရှင်းပြီလား။
ဒကာ။           ။ ရှင်းပါပြီဆရာတော်၊ မင်္ဂလသုတ်ထဲမှာ ပါတဲ့ “ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ” ဆိုတဲ့ သာဝတ္ထိနေပြည်တော်ကြီးပဲကိုး။

No comments: