သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, October 11, 2010

ဘာဏ၀ါရ တစ်ခုဟာ ဘယ်လောက် ရှည်လျားပါသလဲ

ဘာဏ၀ါရ တစ်ခုဟာ ဘယ်လောက် ရှည်လျားပါသလဲ

ဒကာ။           ။ ဗုဒ္ဓ၏ မုက္ခပါဌ်တော် ပိဋကတ်သုံးပုံကို ရွတ်ဆို သင်္ဂါယနာတင်တဲ့အခါ ဘာဏ၀ါရတစ်ခုကို မနားဘဲ တခါတည်း တဆက်တည်း ရွတ်ဖတ်တော်မူကြောင်းနဲ့ ကြားသိရဘူးပါတယ်။ ဘာဏ၀ါရတစ်ခုရဲ့ စာကြောင်းရေ အရှည်အလျားဟာ ဘယ်လောက်ရှိပါမည်လဲ၊ ဆရာတော်က ဆဋ္ဌသင်္ဂါယနာပွဲမှာ “ သံဂီတိ ၀ိဓာယက” စီစဉ်ရေး ဒါရိုက်တာ အဖွဲ့ဝင်မို့လို့ မေးရတာပါဘုရား။
ဆရာ။           ။ ဟုတ်တယ်၊ ဘာဏ၀ါရ ဆိုတဲ့ ပါဠိစကားက တကြိမ်ရွတ်ဖတ်စရာ စာပိုဒ်တို့ကို ခေါ်ဆိုတာပဲ ဖြစ်တယ်။
သင်္ဂါယနာတင်မထေရ်မြတ်တို့ ရွတ်ဖတ်တော်မူကြတဲ့အခါ တကြိမ်တကြိမ် ရွတ်ဖတ်ရတဲ့ အတိုင်းအရှည် ပမာဏခန့်မှန်းခြေဟာ အများအားဖြင့် ဆိုရင်တော့ အခုအခါ ပိဋကတ်တော် ပါဠိအဋ္ဌကထာ ပုံနှိပ်စာအုပ် ရိုးရိုး၏ စာမျက်နှာအားဖြင့် ဆိုရရင် တဆယ့်နှစ်မျက်နှာလောက် စာရွက်ရေ ခြောက်ရွက်လောက်ကို တစ်ပါဠိစကားက တကြိမ်ရွတ်ံဂီတိ ၀ိဓာယက” စီစဉ်ရေး ဒါရိုက်တာ အဖွဲ့ဝင်မို့လို့ မေးရတာပါဘုရား။ဘာဏ၀ါရ လို့ ခေါ်ဆိုရမှာပဲ၊ အခြေအနေအရ အတိုးအဆုတ် နည်းနည်းပါးပါးလောက်တော့ ရှိချင်လည်း ရှိပေလိမ့်မည်၊ တထစ်ချ ပြောလို့တော့ မရနိုင်ဘူးပဲ၊ အဲဒါလောက်ပဲ မှတ်ကြပေတော့။
ဒကာ။           ။ ဒါလောက် ခန့်မှန်းခြေ ပမာဏ သိရလို့ နှစ်သက်ကျေနပ်ပါပြီ ဆရာတော်။

No comments: