သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, October 6, 2010

ညီတော်အာနန္ဒာကို မည်သူတရားဟောလို့ သောတာပန်ဖြစ်တာလဲ


       ညီတော်အာနန္ဒာကို မည်သူတရားဟောလို့ သောတာပန်ဖြစ်တာလဲ

ဒကာ။           ။ ဘုရားရှင်နဲ့ အရင်းနှီး အနီးကပ်ဆုံးဖြစ်သော ညီတော် အာနန္ဒာ မထေရ်မြတ်ဟာ မြတ်စွာဘုရားသခင်က တရားဟောလို့ သောတာပန်ဖြစ်တာ မဟုတ်ဘူးလို့ ဟောပြောသံများ ကြားရပါတယ်၊ အဲဒီစကားဟာ မှန်ပါရဲ့လား၊ ဘယ်ပုဂ္ဂိုလ်က တရားဟောလို့ သောတာပတ္တိမဂ်ဖိုလ်ကိုရသွားတာပါလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
ဆရာ။           ။ ဟုတ်ပါတယ်၊ မြတ်စွာဘုရားထံမှာ ဒေ၀ဒတ်၊ အနုရုဒ္ဓါ၊ ဘဒ္ဒိယ၊ ဘဂု၊ ကိမိလ၊ အာနန္ဒာ သာကီဝင်မင်းသားခြောက်ပါးတို့ဟာ ဆတ္တာသည် ဥပါလိနှင့်အတူ ရဟန်းပြုသွားကြတယ်။ သာသနာ့ ကျွတ်တမ်းဝင်ရေးနှင့်စပ်၍ အထူးမှတ်သားဖို့ကတော့ မြတ်ဗုဒ္ဓ ကယ်ချွတ်မှရနိုင်တဲ့ ဗုဒ္ဓ၏သာဝက က တမျိုး၊ သာဝကအရှင်မြတ်တို့၏ ကယ်ချွတ်မှုကို ခံယူရတဲ့ သာဝက က တမျိုး ပေါင်းနှစ်မျိုးရှိတယ်။
အဲဒီနှစ်မျိုးထဲမှာ အရှင်အာနန္ဒာမထေရ်မြတ်ဟာ မန္တာနီပုဏ္ဏေးမ၏ သားတော် အရှင်ပုဏ္ဏမထေရ်မြတ်ထံမှ အလွန်ကြည်လင် ၀င်းပတဲ့ ကြေးမုံအပြင် ရေခွက်ကို အစွဲပြုကာ မျက်နှာရိပ် ထင်လာသည်ကို ဥပမာပြု၍ ခန္ဓာငါးပါးတို့အပေါ်မှာ ငါစွဲပေါ်လာတဲ့ မာန်မာနတရားများ ဖြစ်ကြောင်းနှင့်တကွ ထိုခန္ဓာငါးပါးတို့ မခိုင်မြဲမှု အနိစ္စလက္ခဏာ၊ ဆင်းရဲမှု ဒုက္ခလက္ခဏာ၊ စိုးပိုင်သိမ်းဆည်းထားစရာ အမာခံအနှစ်သာရ ဘာတခုမျှ မရှိမှု အနတ္တလက္ခဏာနှင့်စပ်တဲ့ တေပရိဝဋ္ဋဓမ္မဒေသနာတော်ကို ကြားနာပွားများရင်း သောတာပတ္တိဖိုလ်၌တည်ကာ သောတာပန်ဖြစ်သွားတယ်လို့ နိဒါန၀ဂ္ဂသံယုတ်မှာ လာရှိတယ်၊ အကျယ်သိချင်ရင် အဲဒီကျမ်းစာမှာ ရှာကြည့်ပေတော့၊ နိဗ္ဗာန်လိုချင်ရင် တေပရိဝဋ္ဋဓမ္မကို အမြဲရှုပွားကြပေါ့။
ဒကာ။           ။ မြတ်စွာဘုရားသခင်နဲ့ အရင်းနှီးဆုံး အလုပ်အကျွေးဖြစ်ကာ ဘုရားရှင်ဟောတော်မူသမျှ တရားတော်တွေကို နာကြားရရှိထားသူ ဗဟုသုတအရာ၌ ဧတဒဂ် ဘွဲ့ တံဆိပ်တော်ရ ပုဂ္ဂိုလ်မို့လို့ မြတ်စွာဘုရား ဟောကြားလို့ သောတာပန်ဖြစ်သွားတာပဲဟု မှတ်သားထားမိကြလို့ပါ ဆရာတော်၊ ခုလို အမှန်သိရတော့ ၀မ်းသာလို့ မဆုံးပါဘူး ဘုရား။

No comments: