သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, October 14, 2010

မြတ်စွာဘုရားရှင်၏ အထက်ပေါ်မှ နတ်, လူတို့ သွားလို့ မရဘူးလော


မြတ်စွာဘုရားရှင်၏ အထက်ပေါ်မှ နတ်, လူတို့ သွားလို့ မရဘူးလော

ဒကာ။           ။ မြတ်စွာဘုရားသခင်တို့ နေထိုင်တော်မူရာ အရပ်၏ အထက်အပေါ်မှ ဘ၀ဂ်တိုင်အောင် တန်ခိုးရှင်ဖြစ်တဲ့ လူ, နတ် တစ်စုံတစ်ယောက်မျှ ကျော်ဖြတ်၍ မသွားနိုင်ဘူးဆိုတာ ဟုတ်ပါသလား ဆရာတော်၊ စာပေ အထောက်အထားများ ရှိပါသလားဘုရား။
ဆရာ။           ။ ဟုတ်ပါတယ်၊ မာရ်နတ်သော ဗြဟ္မာသော ဘယ်သူမှ ဘုရားမြတ်တို့ နေထိုင်တော်မူရာ အရပ်၏ အထက်ပေါ်က ကျော်ဖြတ်ကာ မသွားနိုင်ကြပါဘူး။
          စာပေကျမ်းဂန် သာဓက သက်သေကတော့ အာဠာဝကသုတ္တန်မှာ ထင်ရှားပါတယ်၊ အာဠာဝက ဗိမာန်ထဲ၌ ဘုရားရှိနေတော်မူခိုက် သာတာဂိရနဲ့ ဟေမ၀တ နတ်ဘီလူးတို့ သွားလို့မရဘဲ အောက်သို့ ကျကျလာတဲ့ ၀တ္ထုကြောင်းရှိပါတယ်။
ဒကာ။           ။ ဒီလိုဆိုရင် ခုခေတ်ကာလ ဘုရားမြတ်၏ ပုံတော်နဲ့ ဓာတ်တော်မွေတော် စေတီတော်တို့ရဲ့ အပေါ်က ကျော်ဖြတ်သွားနေကြတဲ့ လေယာဉ်ပျံတွေကို ဘယ်လို ယူဆရမည်လည်း ဆရာတော်။
ဆရာ။           ။ အင်း…ပိဋကတ်တော်စာပေမှာဆိုတာက သက်တော်ထင်ရှားရှိတဲ့ မြတ်စွာဘုရားသခင် အတွက်လောက်သာ ညွှန်ပြတာဖြစ်တယ်၊ မြတ်စွာဘုရားရှင်ရဲ့ပုံတော် ဓာတ်တော် မွေတော် စေတီတော်အတွက် မဟုတ်ဘူးလို့ပဲ ယူဆပေါ့လေ၊ ဒါထက်ပိုပြီး ဖြေစရာ မရှိပါဘူး။
ဒကာ။           ။ ကျေးဇူးတင်လှပါတယ်ဆရာတော်၊ ကျေနပ်လောက်တဲ့ အဖြေပါပဲ ဘုရား၊ မြတ်စွာဘုရားသခင်ရဲ့ ပုံတော်နဲ့ ရုပ်တုတော်တွေက ကမ္ဘာမြေပြင်အနှံ့အပြားမှာ ရှိနေတော့ကာ ဒီလိုပဲ ယူဆရမှာပေါ့။

No comments: