သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, October 26, 2010

ပိဋကတ်သုံးပုံကို ဘုရားရှင်တိုင်း ဟောတော်မူပါသလား


ပိဋကတ်သုံးပုံကို ဘုရားရှင်တိုင်း ဟောတော်မူပါသလား

          ဒကာ။           ။ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ရှိတဲ့ ပိဋကတ်သုံးပုံကို ဂင်္ဂါဝါဠု သဲစုမျှမက ပွင့်တော်မူသွားကြတဲ့ ဘုရားသခင်တိုင်း ဟောကြားတော်မူပါသလားဆရာတော်။
          ဆရာ။           ။ အင်း….တချို့သော မြတ်စွာဘုရားတို့က မဟောကြားဘူး၊ တချို့သော မြတ်စွာဘုရားရှင်တို့က ဟောကြားတော်မူတယ်။
          ဒကာ။           ။ ဒကာကြီးတို့ နားရှင်းအောင် အကျဉ်းမျှလင်းပြပေးပါဦး ဆရာတော်၊ ဟောကြားပုံ, မဟောကြားပုံများကို။
          ဆရာ။           ။ အနှစ် ရှစ်သောင်းမျှ သက်တော်ရှည်ကြတဲ့ ဝိပဿီ, သိခီ, ဝေဿဘူ ဘုရားရှင်တို့ လက်ထက်တော်မှာ လူသားတွေဟာ အသက်ကလည်းရှည်, ဉာဏ်ပညာတွေ ကလည်း ထက်မြက်, ကိလေသာ အာသဝတို့ကလည်း နည်းပါးကြတော့ကာ သစ္စာလေးရပ်နဲ့ စပ်တဲ့ တရားတော်ကို တပုဒ်တဂါထာလောက်မျှ နာကြားကြရင် မဂ်, ဖိုလ် ရကာ ကျွတ်တမ်း ၀င်ကုန်ကြတာဘဲ။
                   အဲဒါကြောင့် ထိုထိုဘုရားရှင်တို့ လက်ထက်တော် ကာလမှာ သုတ္တန်, ဝိနည်း, အဘိဓမ္မာဆိုတဲ့ အကျယ်အကျယ် တရားဒေသနာတော်တွေကို ဟောလည်း မဟောကြားဘူး၊ ရှိလည်း မရှိဘူး၊ အဲဒီ ဘုရားရှင်တို့ လက်ထက်တော်မှာ သုတ္တ, ဂေယျ စတဲ့ အင်္ဂါကိုးတန် တရားဓမ္မက္ခန်ဟာ နည်းနည်းပါးပါးလောက်ပဲ ရှိတယ်တဲ့၊ ကဲ…အဲဒါပဲ။
          ဒကာ။           ။ ဒါလောက်သိရတာ ၀မ်းမြောက်လှပါတယ် ဆရာတော်။

No comments: