သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, November 22, 2010

ဧဟိဘိက္ခု ရဟန်းဖြစ်အောင် ပြုလုပ်နည်း

ဧဟိဘိက္ခု  ရဟန်းဖြစ်အောင် ပြုလုပ်နည်း

ဒကာ။           ။ မြတ်ဗုဒ္ဓရဲ့ သာသနာတော်မှာ ဧဟိဘိက္ခုရဟန်း အဖြစ် ရအောင် ဘာကို ဘယ်လို ပုဂ္ဂိုလ်အား ပေးလှူကာ ဘယ်လို ပတ္ထနာ ပြုရမည်ဆိုတဲ့ ညွှန်ကြားချက်များ ရှိပါသလား ဆရာတော်၊ ကျမ်းညွှန်းနဲ့ ပြပါဘုရား။
ဆရာ။           ။ အဲဒီမေးခွန်းရဲ့ အဖြေကိစ္စ အပြီးသတ်ကို သာရတ္ထဋီကာ ဆရာကြီး ဟောဒီလို မိန့်ဆိုထားတယ်။
          အကြင်သူသည် ပရိက္ခရာရှစ်ပါးကို သောတာပန်စသော အရိယာရှစ်ပါးတို့အားဖြစ်စေ၊ သိက္ခာသီလနှင့်ပြည့်စုံသော ပုထုဇဉ် ရဟန်းတော်အားဖြစ်စေ၊ ပေးလှူပြီးလျှင် ဤကောင်းမှုကြောင့် ဧဟိဘိက္ခုရဟန်း အဖြစ်ကို ရရှိပါစေသတည်းဟု ဆုတောင်းပတ္ထနာပြု၏၊ ထိုသူ၏ ကောင်းမှုကံသည် အကြောင်းပြည့်စုံသော ကာလ၌ မြတ်ဗုဒ္ဓတို့၏ မျက်မှောက်တော်တွင်ပင် ဧဟိဘိက္ခုရဟန်း ဖြစ်နိုင်၏တဲ့။
အကျယ်သိချင်ရင် သာရတ္ထဋီကာ ဒုတိယတွဲ စာမျက်နှာ ၅၁ မှာ လှန်လှောရှာဖွေ ကြည့်ရှုမှတ်သားပေတော့။
ဒကာ။           ။ ယခုလို သာသနာတော်မြတ်နဲ့ တွေ့ကြုံတဲ့ဘ၀မှာ ပရိက္ခရာရှစ်ပါးလောက်ကိုမှ မပေးလှူဖူးရင် ရှုံးခြင်းကြီး ရှုံးရမှာပေါ့ ဆရာတော်။ သည်လို အသိဉာဏ်တွေရအောင် ဖြေကြားပေးတဲ့အတွက် နှစ်သက် ၀မ်းသာလှပါတယ် ဘုရား။

No comments: