သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, November 22, 2010

မဂ်, ဖိုလ်နောင် ပစ္စဝေက္ခဏာဉာဏ်က ဘာတွေကို ဆင်ခြင်တာလဲ

မဂ်, ဖိုလ်နောင် ပစ္စဝေက္ခဏာဉာဏ်က ဘာတွေကို ဆင်ခြင်တာလဲ

ဒကာ။           ။ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာ အရိယာတို့ ၀ိပဿနာ ဓမ္မ အားထုတ်လျက် မဂ်, ဖိုလ် ရပြီးသောအခါ ပစ္စဝေက္ခဏာ ဆင်ခြင်တယ်ဆိုတာ ဘာတွေကို ဆင်ခြင်တာပါလဲ ဆရာတော်၊ အလွယ်ဆုံး တိုတိုနဲ့ မိန့်ကြားပေးပါဘုရား။
ဆရာ။           ။အရိယာသူမြတ်တို့ဟာ ၀ိပဿနာ ၀ိဇ္ဇာဉာဏ်နဲ့ တက်လှမ်းကာ သောတာပတ္တိမဂ်စိတ်ကို အရင်ရတယ်၊ ယင်းနောက် တဆက်တည်း သောတာပတ္တိဖိုလ်စိတ်ရတယ်၊ အဲဒီ မဂ်စိတ်ဖိုလ်စိတ်တို့က နိဗ္ဗာန်ကို သိသွားတာပဲ။
          အဲဒီ ဖိုလ်စိတ်နောက်မှ တယ်လည်း ချမ်းသာပါကလား၊ ဘယ်လို ဖြစ်သွားတာပါလိမ့် ဆိုတဲ့ ဆင်ခြင်စဉ်းစား စစ်ဆေးတဲ့ ဇောစိတ်တွေ ပေါ်လာတယ်၊ ယင်းစိတ်ကိုပင် ပစ္စဝေက္ခဏာလို့ ခေါ်တာဖြစ်တယ်။
          သူဆင်ခြင်စဉ်းစားစစ်ဆေးပုံက ဒါတွေကို ဒီလို နည်းငါးပါးနဲ့ ဆင်ခြင် စဉ်းစား စစ်ဆေးတယ်။
          (၁)     ရှေးဦးစွာ သောတာပတ္တိမဂ်ကိုဆင်ခြင်တယ်။
          (၂)     နောက် ယင်း၏အကျိုး သောတာပတ္တိဖိုလ်ကို ဆင်ခြင်တယ်။
          (၃)     နောက် မဂ်-ဖိုလ် တို့သိသွားတဲ့ နိဗ္ဗာန်ကို ဆင်ခြင်တယ်။
          (၄)     နောက် ယင်းမဂ်က ပယ်လိုက်တဲ့ ကိလေသာကိုဆင်ခြင်တယ်။
          (၅)     နောက် ယင်းမဂ်က မပယ်ရသေးတဲ့ ကျန်ကိလေသာကို ဆင်ခြင်တယ်။
                   အဲဒီလို ပြန်လည် ဆင်ခြင် စစ်ဆေး သုံးသပ်ပေးတဲ့ ဉာဏ်မြတ်ငါးပါးကို ပစ္စဝေက္ခဏာ ဉာဏ်တော်မြတ်ငါးပါးလို့ ခေါ်တယ်။
                   သကဒါဂါမိမဂ်, အနာဂါမိမဂ် အထိ ပစ္စဝေက္ခဏာဉာဏ်တော်ငါးပါးစီကိုပဲ ဆင်ခြင်တော်မူကြတယ်၊ အရဟတ္တမဂ်ကျတော့ ကိလေသာရှိသမျှ အကုန်ပယ်လိုက်လို့ ကျန်ကိလေသာကို ဆင်ခြင်စရာ မရှိတောဘူး၊ ၁, ၂, ၃, ၄ တို့ကိုပဲ ဆင်ခြင်တော်မူတယ်၊ ကဲ….အဲဒါ အလွယ်ဆုံးနဲ့ အတိုဆုံးပဲ၊ ဘာများပြောကြားချင်သေးလဲ။
ဒကာ။           ။ အထူးပြောစရာမရှိသော ဦးသြဘာ တပည့်တွေပါဘုရား၊ အားရကျေနပ် နှစ်သက်လှပါတယ် ဆရာတော်။

No comments: