သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, December 31, 2010

သစ္စကပရိဗိုဇ်ကြီး အပါယ်လားသလော


သစ္စကပရိဗိုဇ်ကြီး အပါယ်လားသလော

          ဒကာ။           ။ ဘုရားကို မကြောက်ဘဲ သိကြားကိုကြောက်လို့ အမှန်ဖြေကြားရတဲ့ သစ္စကကြီးဟာ သေတော့ အပါယ်လားရောလား ဆရာတော်။
         

သိကြား သာသနာ ၂၅၀၀ ဆိုတာ တကယ် ရှိသလား


သိကြား သာသနာ ၂၅၀၀ ဆိုတာ တကယ် ရှိသလား

          ဒကာ။           ။ သာသနာတော် ငါးထောင်ဆိုရာ၌ ဘုရားသာသနာတော်က နှစ်ထောင့်ငါးရာ၊ သိကြားသာသနာက နှစ်ထောင့်ငါးရာ ဟု ပြောဆိုနေကြရာ သိကြားသာသနာ ဆိုတာ အဟုတ်တကယ် ရှိသလား ဆရာတော်၊ ကျမ်းဂန်မှာရော ပါရှိပါသလား ဆရာတော်။
         

မဂ်ဖိုလ်တရား ရှာမှီးသူတွေဟာ သင်္ခါရဒုက္ခကို ရှာဖွေနေသူတွေတဲ့

မဂ်ဖိုလ်တရား ရှာမှီးသူတွေဟာ သင်္ခါရဒုက္ခကို ရှာဖွေနေသူတွေတဲ့

          ဒကာ။           ။ လောကုတ္တရာတရား ကိုးပါးထဲမှာ မဂ်စိတ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးတို့ဟာ ဒုက္ခတရားတွေသာဖြစ်တယ်၊ သင်္ခါရ ဒုက္ခနယ်ထဲက မလွတ်သေးဘူးဟု ဟောပြောသွားတာ ကြားနာရလို့ ထိုဆရာတို့ ဟောပြောတာမှန်ပါသလား ဆရာတော်၊ ဒကာကြီးတို့ နားလည်တာကတော့ လောကုတ္တရာ တရား ၉ ပါးဟာ ချမ်းသာသုခပဲ လို့နားလည်ကြပါတယ်ဘုရား၊ သူတို့က မဂ်, ဖိုလ်ရှာနေတဲ့ သူဟာ ဒုက္ခတွေကို ရှာ နေကြတာတဲ့၊ ဒီပြဿနာအမှန်ကို မိန့်ကြားပါဦး ဘုရား။
         

Thursday, December 30, 2010

မဟာသမယ တသုတ်လုံးဟာ နတ်ဗြဟ္မာတို့ အမည်တွေ ဖော်ထုတ်ကာ နှုတ်ဆက်ရုံမျှနဲ့ တရားထူး ရနိုင်ပါမည်လား


မဟာသမယ တသုတ်လုံးဟာ နတ်ဗြဟ္မာတို့ အမည်တွေ ဖော်ထုတ်ကာ
နှုတ်ဆက်ရုံမျှနဲ့ တရားထူး ရနိုင်ပါမည်လား

          ဒကာ။           ။ မြတ်စွာဘုရားဟောကြားတော်မူတဲ့ မဟာသမယ တသုတ်လုံးမှာ နတ် အသေးအမွှားကလေး အမည်က စပြီးတော့ တန်ခိုးအကြီးမားဆုံး ဟာရိတဗြဟ္မာမင်းကြီး စသည်တို့အထိ အမည်တွေ ထုတ်ဖော် ထုတ်ဖော်ပြီး ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်သတော်မူသွားသည်သာ ပါရှိတာတွေ့ရပါသည်။
                   ယင်းသို့ ခန္ဓာ, အာယတန, ဓာတ်သား, ပရမတ္ထတရား မပါဘဲလျက်နဲ့ ဒေသနာတော်၏ အဆုံးနိဂုံးချုပ်လတ်သော် နတ်ဗြဟ္မာပေါင်း ကုဋေတသိန်းအထိ အရဟတ္တဖိုလ် ရရှိသွားကြသည်၊ သောတာပန်စသည်တို့ အရေအတွက်ကား အပမာဏ အပိုင်းအခြား မရှိအောင်ပင် များပြားလှပေ၏ ဟု ပြောဟောနေကြတာ အမှန်ပဲလား ဆရာတော်။
         

Wednesday, December 29, 2010

မိထွေးတော် ဂေါတမီကို မည်သူက ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးသလဲ၊ သာသနာဖျက်တို့ စကားကို မယုံနဲ့


မိထွေးတော် ဂေါတမီကို မည်သူက ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးသလဲ

          ဒကာ။           ။ မြတ်ဗုဒ္ဓသာသနာတော်မှာ မိထွေးတော် မဟာပဇာပတိဂေါတမီဟာ အမျိုးသမီးထဲက ရှေးဦးစွာ ရဟန်းမ , ဖြစ်တယ်လို့ကြားသိရပါတယ်၊ မိထွေးတော်ဂေါတမီကို ဘယ်သူက ဆရာဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးပါသလဲ ဆရာတော်။
         

Tuesday, December 28, 2010

ရဟန္တာအစစ်က ငါရဟန္တာပဲလို့ ဘာကြောင့် မပြောကြားရတာလဲ


ရဟန္တာအစစ်က ငါရဟန္တာပဲလို့ ဘာကြောင့် မပြောကြားရတာလဲ

ဒကာ။           ။ ရဟန္တာဖြစ်သွားတဲ့ အရိယာသခင် ရဟန္တာအရှင်မြတ်တွေဟာ ငါ ရဟန္တာ ဖြစ်နေပြီလို့ သူတပါး အားကျဖြစ်ချင်လာအောင် ဘာ့ကြောင့် မပြောကြားဘဲ လျှို့ဝှက်ထားကြတာလဲ ဘုရား၊ ဣဿာ, မဖြစ်ဘူးလား ဆရာတော်။
 

Monday, December 27, 2010

ကာဠုဒါယီထေရ် လျှောက်ထားတာ ဂါထာ ၆၀ လား, ၆၄ ဂါထာလား


ကာဠုဒါယီထေရ် လျှောက်ထားတာ ဂါထာ ၆၀ လား, ၆၄ ဂါထာလား

          ဒကာ။           ။ ဆရာတော်မိန့်ကြားတဲ့ စကားထဲမှာ မြတ်စွာဘုရား တိုင်းတော်ပြည်တော်သို့ ပြန်ကြွတော်မူရေးအတွက် ကာဠုဒါယီမထေရ်မြတ်က လမ်းပန်း အဆက်အသွယ် ရာသီဥတု ဆောင်းနှောင်းနွေဦး ကြည်နူးသာယာသော တောတောင် သစ်ပင် ပန်းမန်တို့ဖြင့် စီကုံးဖွဲ့နွဲ့ကာ ၆၄ ဂါထာတို့နဲ့ တင်လျှောက်ကြောင်း မိန့်ကြား သွားပါတယ်။
                   ဒကာကြီးတို့ကြားဖူးတာကတော့ မြတ်စွာဘုရားသခင် နေပြည်တော်သို့ ပြန်ကြွကာ ဆွေတော်မျိုးတော်တို့၏ ဖူးမြော်ပူဇော်ခံယူချီးမြှောက်ရေးအတွက် ကာဠုဒါယီထေရ်က ဂါထာ ၆၀ တို့ဖြင့် ဖွဲ့စီတင်လျှောက်ကြောင်း ကြားသိရဖူးပါတယ်၊ ယင်းကိုပင် ကဗျာဆရာတို့က ဂါထာ ၆၀ ပျို့ဟု သီကုံးကြပါတယ်၊ ဒါ့ကြောင့် ဂါထာ ၆၀ နဲ့ ၆၄ ဂါထာ ဘယ်ကမှန်ပါသလဲ ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
         

Sunday, December 26, 2010

ရဟန္တာများဟာ လောကီရေးရာတို့ကို လေ့လာလိုက်စား ပြုလုပ်ကြသေးသလား


ရဟန္တာများဟာ လောကီရေးရာတို့ကို လေ့လာလိုက်စား ပြုလုပ်ကြသေးသလား

          ဒကာ။           ။ အာသဝေါကင်းကွာတဲ့ ရဟန္တာအရှင်မြတ်များဟာ လောကီရေးရာဖြစ်တဲ့ လုပ်ငန်းရပ် အမျိုးမျိုးတွေထဲမှာ ၀င်တိုးလုပ်ကိုင် ပြိုင်ဆိုင်လုယူခြင်းများ ရှိပါသေးသလား ဆရာတော်။
         

Saturday, December 25, 2010

ပစ္စေကဗုဒ္ဓါသည် ရဟန်းပြုပေးနိုင်သလော


ပစ္စေကဗုဒ္ဓါသည် ရဟန်းပြုပေးနိုင်သလော

          ဒကာ။           ။ ပစ္စေကဗုဒ္ဓါတို့သည် သစ္စာလေးပါးကို မိမိဘာသာ ဆရာမရှိဘဲ ထိုးထွင်းသိမြင်နိုင်တဲ့ ဉာဏ်စွမ်းရှိပါသော်လည်း သူတပါးအား ဟောပြခြင်းငှာ မစွမ်းနိုင်တဲ့ အကြောင်း ဆရာတော် ပြောပြပေးလို့ သိရပါပြီ။
          အကယ်၍ ရဟန်းပြုပေးလိုသော အမျိုးကောင်းသားများ ရှိခဲ့သော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့က ရဟန်းပြုပေးနိုင်ပါသလား ဘုရား၊ ပိဋကတ်တော်မှာ ညွှန်ကြားချက်များ တွေ့ဖူးပါသလား ဆရာတော်။
         

Friday, December 24, 2010

ပုထုဇဉ်ဘ၀နဲ့ ကိလေသာစိတ် လုံးဝမဖြစ်အောင် တားဆီးလျက် ရဟန္တာဖြစ်သွားသူ

ပုထုဇဉ်ဘ၀နဲ့ ကိလေသာစိတ် လုံးဝမဖြစ်အောင် တားဆီးလျက် ရဟန္တာဖြစ်သွားသူ

ဒကာ။           ။ ဗုဒ္ဓသာသနာတော်မှာ ပုထုဇဉ်ဘ၀နဲ့ ကိလေသာ ကာမဂုဏ်စိတ်လုံးဝ ဘိတ်မရှိ မဖြစ်ပေါ်စေရဘဲ တရားဓမ္မကို အပြင်းအထန် ကြိုးစားအားထုတ်ကာ မဂ်ဖိုလ်ကိုရသွားသူများ ရှိပါသလား ဆရာတော်။

တရားတော်မြတ်၏ ကောင်းခြင်းသုံးပါးဟာ ဘာတွေဘယ်လိုကောင်းတာလဲ

တရားတော်မြတ်၏ ကောင်းခြင်းသုံးပါးဟာ ဘာတွေဘယ်လိုကောင်းတာလဲ 

ဒကာ။           ။ သွာက္ခာတော ဘဂ၀တာ ဓမ္မော- ဟူသော မြတ်စွာဘုရားသခင်၏ အဆုံးအမ တရားတော်၌ ကောင်းခြင်းသုံးပါးရှိတယ်ဆိုတာ ဘယ်တရားတွေရှိပြီး ဘယ်လိုကောင်းတာပါလဲ ဆရာတော်

Thursday, December 23, 2010

လူအမျိုးသမီးထဲက ရှေးဦးစွာ အရိယာဖြစ်သူ


လူအမျိုးသမီးထဲက ရှေးဦးစွာ အရိယာဖြစ်သူ 

          ဒကာ။           ။ ဘုရားသာသနာတော်မှာ လူအမျိုးသားထဲကတော့ ရှင်ကောဏ္ဍညမထေရ် ဟာ ရှေးဦးစွာ အရိယာ ဖြစ်တယ်လို့ သိမှတ်ရဖူးပါတယ်၊ လူအမျိုးသမီးထဲက ဘယ်သူဟာ ရှေးဦးစွာ အရိယာအဖြစ်ကို ရယူသွားပါသလဲဆရာတော်။
         

Wednesday, December 22, 2010

ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်၏ ဘွဲ့တော်များ


ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်၏ ဘွဲ့တော်များ

          ဒကာ။           ။ ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်ဟာ ကထိန်တရားတော်နှင့်စပ်ရင် တော်တော့ကို ထင်ရှားစွာ ဟောကြားကြပါတယ်၊ ဒါပေမဲ့ ဘွဲ့တော်ကိုတော့ အသီးအသီး မဖော်ပြပဲ တပေါင်းတည်း ဟောကြားနေကြတာ သူတို့မှာ နာမည်ဘွဲ့တော်မရှိလို့လား ဆရာတော်။
         

Tuesday, December 21, 2010

သက္ကရာဇ်, သကရာဇ်, ကောဇာ, ဂေါဇာ ဘယ်ဟာက မှန်ပါသလဲ


သက္ကရာဇ်, သကရာဇ်, ကောဇာ, ဂေါဇာ ဘယ်ဟာက မှန်ပါသလဲ

ဒကာ။           ။ ထိုထိုကျမ်းစာအုပ်တွေရဲ့ ခု-နှစ်-လ ကို ရေးထိုးမှတ်သားကြရာမှာ တချို့ဆရာတွေက “သက္ကရာဇ်” ဟု ရေးကြပါတယ်၊ တချို့ဆရာတွေက “ သကရာဇ်” ဟု ရေးပြန်ပါတယ်၊ တချို့ဆရာကတော့ “ ကောဇာ” တဲ့၊ ဆရာအချို့ကျတော့ “ဂေါဇာ” တဲ့၊ ဘယ်ဟာကို အမှန်မူထားပြီးတော့ ရေးသားရမှာလဲ ဆရာတော်၊ မိန့်ကြားပါဦးဘုရား။
         

Sunday, December 19, 2010

အနာထပိဏ် သူဌေးကတော်ကြီး၏ နာမည် ဘယ်လိုခေါ်သလဲ


အနာထပိဏ် သူဌေးကတော်ကြီး၏ နာမည် ဘယ်လိုခေါ်သလဲ

ဒကာ။           ။ ဆရာတော်တို့တရားဟောတဲ့အခါ သာဝတ္ထိပြည် ဇေတ၀န်ကျောင်း ဒကာ အနာထပိဏ်သူဌေးကြီးက ဘယ်သို့ဘယ်ညာ စသည်ဖြင့် သူဌေးကြီးအကြောင်း ဂုဏ်ပုဒ်တွေချည်း ထုတ်ထုတ် ဟောသွားကြတာပဲ။ ပြီးတော့ အနာထပိဏ်သူဌေးကြီး၏သား ကာလ သတို့သားတို့အကြောင်း၊ သူဌေးကြီး၏ သမီးတော် စူဠသုဘဒ္ဒါတို့ , မဟာသုဘဒ္ဒါတို့ အကြောင်းကိုသာ ဟော ဟော သွားကြတာပဲ၊ သူဌေးကတော်ကြီးရဲ့ အကြောင်းတော့ မဟောကြလို့ နာမည်ကိုတောင်မှ မသိကြရဘူး၊ ဒါ့ကြောင့် သူဌေးကတော်ကြီးရဲ့နာမည်ကို မေးရတာပါ ဆရာတော်။

Saturday, December 18, 2010

ရှင်သာရိပုတ္တရာက ရှင်မောဂ္ဂလာန်လောက် ပညာဉာဏ်မထက်လို့ လ, ၀က် နောက်ကျသွားရတာလား


ရှင်သာရိပုတ္တရာက ရှင်မောဂ္ဂလာန်လောက် ပညာဉာဏ်မထက်လို့
လ, ၀က် နောက်ကျသွားရတာလား

ဒကာ။           ။ ဆက်မေးခွင့်ပြုပါဦးဆရာတော်၊ ရှင်မောဂ္ဂလာန်ထေရ်မြတ်က ခုနစ်ရက်ထဲနဲ့ ရဟန္တာကြီးဖြစ်သွားပါလျက် ရှင်သာရိပုတ္တရာထေရ်ကျတော့ လ, ၀က်တိတိ ၁၅ ရက် ရှိမှ ရဟန်းကိစ္စပြီးရတာဟာ ဘ၀င်မကျစရာ ဖြစ်နေပါတယ်၊ ဘုရားပြီးရင် ရှင်သာရိပုတ် ဟာ ပညာအရာမှာ သူတဆူသာဖြစ်ပါလျက်နဲ့ ဒီလို အထက်မဂ် ရယူရေးမှာ ရှင်မောဂ္ဂလာန်အောက် ခုနစ်ရက်လောက် နောက်ကျနေရတာကို သူအချို့က မဟုတ်ဘူးလို့ ငြင်းနေကြပါတယ်၊ အဲဒါလေး တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပေးပါဦး ဘုရား။

Wednesday, December 15, 2010

ရှင်သာရိပုတ္တရာအား အထက်မဂ်ဖိုလ်တွက် မြတ်ဘုရား တရားမဟောခဲ့ဘူးဆိုတာ ဟုတ်ပါသလား


ရှင်သာရိပုတ္တရာအား အထက်မဂ်ဖိုလ်တွက် မြတ်ဘုရား
တရားမဟောခဲ့ဘူးဆိုတာ ဟုတ်ပါသလား

          ဒကာ။           ။ ရှင်မောဂ္ဂလာန်အတွက် မြတ်ဘုရားကိုယ်တိုင် ကမ္မဋ္ဌာန်းတရားဟောကြား နည်းပေးတော်မူသော်လည်း၊ ရှင်သာရိပုတ္တရာအတွက်ကို အထက်မဂ်ဖိုလ်ရရေး သီးခြားနည်းပေး ဟောကြားခြင်းမရှိဘူးဆိုတာ ဟုတ်ပါသလား ဆရာတော်၊ စာပေမူက ဘယ်လို ဆိုပါသလဲ ဘုရား။
         

Tuesday, December 14, 2010

အဓိဝါသနခန္တီနဲ့ အနုလောမခန္တီဟာ ဘယ်လို ထူးခြားသလဲ


အဓိဝါသနခန္တီနဲ့ အနုလောမခန္တီဟာ ဘယ်လို ထူးခြားသလဲ

ဒကာ။           ။ ခန္တီတရားတော်နဲ့စပ်ပြီး ဟောကြားတော်မူကြတဲ့အခါ အချို့ဆရာတော်များကလည်း အဓိဝါသနခန္တီအမြဲရှိနေဖို့ အရေးကြီးတယ်တဲ့။ အချို့ဆရာတော်တို့ကလည်း အနုလောမခန္တီရှိဖို့သာ အရေးကြီးတယ်တဲ့၊ အဲဒီ ခန္တီနှစ်ပါးရဲ့ အနက်အဓိပ္ပာယ်များကို ခွဲခြား မိန့်ကြားပါဦး ဆရာတော်။

ရှင်မဟာမောဂ္ဂလာန်ကို ဘယ်သူတရားဟောပေးလို့ ရဟန္တာကြီး ဖြစ်သွားတာလဲ


ရှင်မဟာမောဂ္ဂလာန်ကို ဘယ်သူတရားဟောပေးလို့ ရဟန္တာကြီး ဖြစ်သွားတာလဲ

ဒကာ။           ။ ရှင်သာရိပုတ္တရာကတော့ သူ့ရဲ့တူဖြစ်သော ဒီဃနာခ ပရိဗိုဇ်အား ဒီဃနာခ သုတ္တန်ကို မြတ်စွာဘုရားဟောကြားတော်မူရာ၊ အသင့်ဝင်ရောက်နာယူရင်းနဲ့ပဲ ရဟန္တာဖြစ်သွားတယ်လို့ သိမှတ်ရယူဖူးပါတယ်။
ရှင်မောဂ္ဂလာန်ကိုတော့ သူ့အတွက် သီးခြားဟောကြားပေးရလို့လား၊ သို့မဟုတ် သူများအတွက် သက်သက်သီးခြား ဟောကြားပေးသောတရားကို ၀င်ရောက်နာယူရင်းနဲ့ ရှင်သာရိပုတ္တရာလို ရဟန္တာကြီးဖြစ်သွားတာလား ဆိုတာကို သိပါရစေ ဆရာတော်။

Saturday, December 11, 2010

မြတ်စွာဘုရား၏ ခြေတော်ကို မြူမှုန်ပေလို့ ခြေဆေးတော်မူတာလား


မြတ်စွာဘုရား၏ ခြေတော်ကို မြူမှုန်ပေလို့ ခြေဆေးတော်မူတာလား

ဒကာ။           ။ မြတ်စွာဘုရားရှင်တို့၏ တန်ခိုးတော်နှင့်စပ်လို့ ဘုရားမြတ်တို့၏ သင်္ကန်းတော်တို့သည် အသားတော်နဲ့မထိခြင်း၊ ဘုရားရှင်တို့၏ သပိတ်တော်သည် လက်တော်နှင့်မထိခြင်း၊ မြတ်စွာဘုရားတို့၏ ခြေဖ၀ါးတော်တို့သည် ပကတိအားဖြင့် မြေသို့မကျ၊ မြေနှင့် မထိစပ်ခြင်း စတဲ့ တန်ခိုးတော် အနန္တတွေ ရှိတော်မူသော ဘုရားရှင်ဟာ ကျောင်းတော်သို့ ပြန်ကြွလာတိုင်း ခြေဆေးအင်းပျဉ်၌ ခြေဆေးတော်မူတယ်ဆိုတာ ခြေဖ၀ါးတော်၌ ရွှံ့ညွန် မြူမှုန်တို့ ကပ်သောကြောင့် ခြေတော် ဆေးကြောတာလား ဆရာတော်။

ဝိပဿနာဘူမိ ၀ိပဿနာဘုံဆိုတာ ဘာလဲ


ဝိပဿနာဘူမိ ၀ိပဿနာဘုံဆိုတာ ဘာလဲ

ဒကာ။           ။ ဆရာတော်တွေ တရားဟောတဲ့အခါ ၀ိပဿနာအပိုင်းရောက်ရင် “၀ိပဿနာ ဘူမိ” “၀ိပဿနာဘုံ” ဆိုတဲ့ ဝေါဟာရကို မကြာခဏပြောဟောကြပါတယ်၊ အဲဒီ ၀ိပဿနာဘူမိ ဆိုတဲ့ စကားပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို လင်းပြပေးပါဦး ဆရာတော်။

Thursday, December 9, 2010

သားတော် ရာဟုလာ ရဟန္တာဖြစ်တာ သာမဏေဘ၀နဲ့လား ရဟန်းဖြစ်မှလား


သားတော် ရာဟုလာ ရဟန္တာဖြစ်တာ သာမဏေဘ၀နဲ့လား ရဟန်းဖြစ်မှလား

ဒကာ။           ။ သားတော်ရာဟုလာဟာ အသက်အရွယ် ခုနစ်နှစ်သားမှစ၍ ရှင်သာမဏေ ပြုသွားတာကိုတော့ လူတိုင်းလိုပဲသိကြပါတယ်။ ဒါပေမဲ့ ရဟန္တာ အရှင်မြတ်ကြီး ဖြစ်သွားတာကိုတော့ ရှင်သာမဏေဘ၀နဲ့လား၊ ရဟန်းဘ၀ကျမှလား ဟု မကွဲမပြား ရှိနေကြလို့ ဖြေရှင်းပေးပါဦးဆရာတော်။

အရိယာများဟာ လောကီဈာန်အတွက် သမထတရားပွားများသေးသလား


အရိယာများဟာ လောကီဈာန်အတွက် သမထတရားပွားများသေးသလား

ဒကာ။           ။ အရိယာပုဂ္ဂိုလ်များဟာ လောကီဈာန် အဘိညာဉ် ရယူရေးအတွက် သမထ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ အားထုတ်ကြသေးသလားဆရာတော်။

Sunday, December 5, 2010

ဒုက္ကရစရိယာကို ဘယ်ကာလမှာစွန့်၍ ဘုရားဖြစ်ရန် ဘယ်တရားက စတင် ကျင့်ကြံ အားထုတ်ပါသလဲ။ အာနာပါန၏တန်ခိုးတော်။


ဒုက္ကရစရိယာကို ဘယ်ကာလမှာစွန့်၍ ဘုရားဖြစ်ရန် ဘယ်တရားက
စတင် ကျင့်ကြံ အားထုတ်ပါသလဲ

ဒကာ။           ။ အလောင်းတော်မြတ်ဟာ ဒုက္ကရစရိယာ၏ ဆင်းရဲဒုက္ခကို ဘယ်ကာလကျမှ စွန့်လွှတ်ပြီး ဘုရားဖြစ်ရန်နဲ့ သဗ္ဗညုတဉာဏ် ရရေးအတွက် ဘယ်တရားက စ, တင် ကျင့်ကြံ အားထုတ်ပါသလဲ ဆရာတော်။

ဘုရားအလောင်းတော်တိုင်း ဒုက္ကရစရိယာ ကျင့်ရတာပဲလား

ဘုရားအလောင်းတော်တိုင်း ဒုက္ကရစရိယာ ကျင့်ရတာပဲလား

ဒကာ။           ။ ဒုက္ကရစရိယာ ကျင့်ရပုံ အကြောင်းကတော့ သည်ဥပမာများနဲ့ ကျေနပ်လောက်ပါတယ် ဆရာတော်။
ဒါပေမဲ့ ဒါလောက်တောင်မှ ဆင်းရဲဒုက္ခရောက်ရတဲ့ လုပ်ငန်းကြီးကို ဘုရားအလောင်းတော်တိုင်း ဘုရားအလောင်းတော်တိုင်းဟာ ဒုက္ကရစရိယာ အကျင့်ကို ကျင့်ကြံအားထုတ်ရတာပဲလား ဆရာတော်၊ စာပေက ဘယ်လိုဆိုပါသလဲ ဘုရား၊ မိန့်ကြားပါဦး။

Saturday, December 4, 2010

ဒုက္ကရစရိယာကျင့်မှ ဘုရားဖြစ်ရသလား


ဒုက္ကရစရိယာကျင့်မှ ဘုရားဖြစ်ရသလား

          ဒကာ။           ။ ဒုက္ကရစရိယာ အကျင့်ဟာ ပဓာနအလုပ် မိစ္ဆာဒိဋ္ဌိ အကျင့်မဟုတ်ဘူးဆိုရင် ဒုက္ကရစရိယာ အကျင့်ကို ကျင့်မှပဲ ဘုရားဖြစ်ရတော့မှာလား၊ ယင်းကို မကျင့်ရင် ဘုရားမဖြစ်ရတော့ဘူးလား ဆရာတော်၊ ရှင်းပြပါဦး။