သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Thursday, December 9, 2010

သားတော် ရာဟုလာ ရဟန္တာဖြစ်တာ သာမဏေဘ၀နဲ့လား ရဟန်းဖြစ်မှလား


သားတော် ရာဟုလာ ရဟန္တာဖြစ်တာ သာမဏေဘ၀နဲ့လား ရဟန်းဖြစ်မှလား

ဒကာ။           ။ သားတော်ရာဟုလာဟာ အသက်အရွယ် ခုနစ်နှစ်သားမှစ၍ ရှင်သာမဏေ ပြုသွားတာကိုတော့ လူတိုင်းလိုပဲသိကြပါတယ်။ ဒါပေမဲ့ ရဟန္တာ အရှင်မြတ်ကြီး ဖြစ်သွားတာကိုတော့ ရှင်သာမဏေဘ၀နဲ့လား၊ ရဟန်းဘ၀ကျမှလား ဟု မကွဲမပြား ရှိနေကြလို့ ဖြေရှင်းပေးပါဦးဆရာတော်။
ဆရာ။           ။ သားတော်ရာဟုလာနဲ့စပ်ပြီးတော့ မြတ်စွာဘုရားဟောကြားတော်မူတဲ့ ရာဟုလသုတ္တန်တွေဟာ တော်တော်များတယ်၊ အဘိဏှ ရာဟုလောဝါဒသုတ်ကိုတော့ ရာဟုလာသာမဏေကလေး အသက် ၁၈ နှစ်အရွယ်မှာ ရွှေနန်းတော်ကြီးနဲ့ ဆွေမျိုးဉာတိ မိခင်စွဲ ဂေဟသိတပေမ ဆန္ဒရာဂကို ပယ်ရှားနိုင်ရန် အသက် ၁၈ နှစ်အရွယ်မှာ ဟောကြားတော်မူတယ်။
နောက် ရှင်ရာဟုလာ ရဟန်းဖြစ်စ ၀ါ, မရသေးတဲ့ အချိန်ကာလမှာ အရဟတ္တဖိုလ်ကို ရယူကာ ရဟန္တာမထေရ်မြတ်ဖြစ်နိုင်ရေးအတွက် စူဠရာဟုလောဝါဒသုတ်ကို ဟောကြားချေချွတ် ဆုံးမတော်မူလျက် အရဟတ္တဖိုလ်သို့ ပေါက်ရောက်အောင် ပို့ဆောင်ဟောကြားတော်မူသောကြောင့် ရှင်ရာဟုလာဟာ ရဟန်းဖြစ်စ, ၀ါမရမီကလေးမှာပဲ ရဟန္တာဖြစ်တော်မူတယ်လို့ မှတ်ယူရမယ်။
ဒကာ။           ။ ခုလို ကွဲကွဲပြားပြားခြားခြားနားနားသိရတာ ကျေးဇူးတင်လှပါတယ် ဆရာတော်၊ ဒီကိစ္စက ငြင်းကြ ခုံကြလွန်းလို့ပါ။

1 comment:

Min Chit Thu said...

အသက်၂၀ မှာ ရဟန္တာ ဖြစ်ပါတယ် ဘုရား