သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, December 14, 2010

ရှင်မဟာမောဂ္ဂလာန်ကို ဘယ်သူတရားဟောပေးလို့ ရဟန္တာကြီး ဖြစ်သွားတာလဲ


ရှင်မဟာမောဂ္ဂလာန်ကို ဘယ်သူတရားဟောပေးလို့ ရဟန္တာကြီး ဖြစ်သွားတာလဲ

ဒကာ။           ။ ရှင်သာရိပုတ္တရာကတော့ သူ့ရဲ့တူဖြစ်သော ဒီဃနာခ ပရိဗိုဇ်အား ဒီဃနာခ သုတ္တန်ကို မြတ်စွာဘုရားဟောကြားတော်မူရာ၊ အသင့်ဝင်ရောက်နာယူရင်းနဲ့ပဲ ရဟန္တာဖြစ်သွားတယ်လို့ သိမှတ်ရယူဖူးပါတယ်။
ရှင်မောဂ္ဂလာန်ကိုတော့ သူ့အတွက် သီးခြားဟောကြားပေးရလို့လား၊ သို့မဟုတ် သူများအတွက် သက်သက်သီးခြား ဟောကြားပေးသောတရားကို ၀င်ရောက်နာယူရင်းနဲ့ ရှင်သာရိပုတ္တရာလို ရဟန္တာကြီးဖြစ်သွားတာလား ဆိုတာကို သိပါရစေ ဆရာတော်။
ဆရာ။           ။ ဘုရားရှင်မှတပါး ပညာအရာမှာ ရှင်သာရိပုတ္တရာထက် သာလွန်သူ မရှိဘူး။ ဒါ့ကြောင့် ရှင်သာရိပုတ္တရာနဲ့ သွား, သွား မနှိုင်းရဘူး။
          ရှင်မောဂ္ဂလန် မထေရ်ဟာ ရဟန်းဖြစ်တဲ့နေ့ကစပြီးတော့ မာဂဓတိုင်း ကလ၀ါလ ပုတ္တ, ခေါ်တဲ့ရွာငယ်ကလေးကို ဆွမ်းခံရာ ဌာနထားပြီးတော့ တခုသော တောအုပ်ထဲမှာ ခုနစ်ရက်လုံးလုံး စင်္ကြံကြွကာ တရားကို ကြိုးစားအားထုတ်တော်မူရာ ခုနစ်ရက်မြောက်နေ့၌ ကိုယ်တော်ပင်ပန်းနွမ်းနယ်လှပြီဖြစ်၍ စင်္ကြံစွန်းမှာထိုင်ပြီး အပန်းဖြေရင်း ငိုက်မျဉ်းနေစဉ် မြတ်စွာဘုရားကိုယ်တိုင် တရားပြထိတ်လန့်စေသောကြောင့် ထိနမိဒ္ဓတွေ ပယ်ပျောက်ကုန်လျက် ဘုရားမြတ်နည်းပြပေးတဲ့ ဓာတ်ကမ္မဋ္ဌာန်းကို ကြားနာ အားထုတ်ရင်း အထက်မဂ်သုံးပါးကိုရကာ ရဟန္တာကြီးဖြစ်သွားတယ်လို့ အဂုင်္တ္တရ နိကာယ်များမှာ ပါရှိတယ်၊ သူ့အတွက်သီးခြား ဘုရားကိုယ်တော်တိုင် ဟောကြားပေးရတာလို့ မှတ်ယူရမယ် ဒကာကြီးတို့။
ဒကာ။           ။ အခုလို ကွဲကွဲပြားပြားသိရလို့ ကျေးဇူးအထူးတင်ပါတယ် ဆရာတော်။

No comments: