သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, December 15, 2010

ရှင်သာရိပုတ္တရာအား အထက်မဂ်ဖိုလ်တွက် မြတ်ဘုရား တရားမဟောခဲ့ဘူးဆိုတာ ဟုတ်ပါသလား


ရှင်သာရိပုတ္တရာအား အထက်မဂ်ဖိုလ်တွက် မြတ်ဘုရား
တရားမဟောခဲ့ဘူးဆိုတာ ဟုတ်ပါသလား

          ဒကာ။           ။ ရှင်မောဂ္ဂလာန်အတွက် မြတ်ဘုရားကိုယ်တိုင် ကမ္မဋ္ဌာန်းတရားဟောကြား နည်းပေးတော်မူသော်လည်း၊ ရှင်သာရိပုတ္တရာအတွက်ကို အထက်မဂ်ဖိုလ်ရရေး သီးခြားနည်းပေး ဟောကြားခြင်းမရှိဘူးဆိုတာ ဟုတ်ပါသလား ဆရာတော်၊ စာပေမူက ဘယ်လို ဆိုပါသလဲ ဘုရား။
          ဆရာ။           ။ ဟုတ်ပါတယ်၊ စာပေမူကတော့ ရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ရဟန်းဖြစ်တဲ့နေ့ကစပြီးတော့ ရုပ်နာမ်ဓမ္မတို့၏ အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာကို တခုစီ တခုစီ အကျယ်ဖြန့်ပြီး ရှုမှတ်ပွားများလိုက်တာ ၁၅ ရက် လွန်သောနေ့၌ မြတ်စွာဘုရားသခင်နှင့် အတူတူ ရာဇဂြိုလ်ပြည် ဂိဇ္ဈကုဋ်တောင် “သူကရ ခတလေဏ” ခေါ်တဲ့ ၀က်တူးလိုဏ်၌ နေတော်မူစဉ် ယင်း၏တူဖြစ်သော ဒီဃနာခပရိဗိုဇ်အား ဝေဒနာပရိဂ္ဂဟဖြစ်တဲ့ ဒီဃနခသုတ္တန်ကို မြတ်စွာဘုရားဟောကြားတော်မူတဲ့အခါ ရှင်သာရိပုတ္တရာထေရ်က အဲဒီသုတ္တန်ကို နားစိုက်ကာ အစဉ်အတိုင်း မိမိ၏ဉာဏ်ကို သွတ်သွင်းပြီး ဝေဒနာကမ္မဋ္ဌာန်း စီးဖြန်းပွားများ ရှုမှတ်ရင်း အဂ္ဂသာဝက ပါရမီဉာဏ် အထွတ်အထိပ်ရောက် ပြည့်မြောက်ကာ ရဟန္တာအရှင်မြတ်ကြီးဖြစ်သွားတော်မူတယ်တဲ့။ အဲဒါ့ကြောင့် ရှင်သာရိပုတ္တရာအတွက် သက်သက်သီးခြား အထက်မဂ်ဖိုလ်များ ရရေးကို မဟောကြားဘူးလို့ ဆိုထားတယ်။
          တူတော်မောင် ဒီဃနခ ပရိဗိုဇ်ကတော့ သောတာပတ္တိ မဂ်, ဖိုလ် ရကာ အရိယာပိုင်း ၀င်သွားတယ်တဲ့၊ အဲဒါ ဒီဃနာခသုတ် စာပေမူပဲ၊ ကဲ….ဘာပြောချင်သေးလဲ။

No comments: