သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, December 21, 2010

သက္ကရာဇ်, သကရာဇ်, ကောဇာ, ဂေါဇာ ဘယ်ဟာက မှန်ပါသလဲ


သက္ကရာဇ်, သကရာဇ်, ကောဇာ, ဂေါဇာ ဘယ်ဟာက မှန်ပါသလဲ

ဒကာ။           ။ ထိုထိုကျမ်းစာအုပ်တွေရဲ့ ခု-နှစ်-လ ကို ရေးထိုးမှတ်သားကြရာမှာ တချို့ဆရာတွေက “သက္ကရာဇ်” ဟု ရေးကြပါတယ်၊ တချို့ဆရာတွေက “ သကရာဇ်” ဟု ရေးပြန်ပါတယ်၊ တချို့ဆရာကတော့ “ ကောဇာ” တဲ့၊ ဆရာအချို့ကျတော့ “ဂေါဇာ” တဲ့၊ ဘယ်ဟာကို အမှန်မူထားပြီးတော့ ရေးသားရမှာလဲ ဆရာတော်၊ မိန့်ကြားပါဦးဘုရား။
          ဆရာ။           ။ အင်း….ဒါတွေက လောကသင်္ကေတ ဝေါဟာရတွေပါ၊ တကျောင်းတဂါထာ၊ တရွာ တပုဒ်ဆန်း ဆိုတာလိုပေါ့၊ ဒီအကြောင်း အကျယ်သိချင်ရင် သမန္တ စက္ခု ဒီပနီကျမ်း ဒုတိယတွဲမှာ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး ဖြေဆိုထားတာ ရှိတယ်၊ အဲဒီထဲမှာ ရှာကြည့်ပေတော့။
          ဒကာ။           ။ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီးရဲ့ လိုရင်း အဆုံးအဖြတ်ကလေး လောက်ကို အသည်းမှာ မှတ်ကျောက်တင် ဖြေကြားကြရအောင် မိန့်ကြားပါဦးဆရာတော်၊ ဒကာကြီးတို့ဆီမှာ သမန္တစက္ခု ဒီပနီ စာအုပ်လည်း မရှိလို့ပါဘုရား။
          ဆရာ။           ။ မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီးရဲ့ နောက်ဆုံးနိဂုံးချုပ်၏ ဆိုလိုရင်း မှတ်ချက်ချတာကတော့-
                             ဒီ အရေးအသားမျိုးတွေကို ငါတို့ တွေ့ဖူးပါတယ်၊ ကာလဒေသ အလျောက် သင်္ကေတပညတ်မျှတွေသာဖြစ်၏၊ အမှတ်အက္ခရာ မှားယွင်းခြင်းကြောင့် သံသရာပြစ်ဟူ၍လည်း မတင်နိုင်ရာ၊ အကယ်တိ မှန်ကန်တယ် ဆိုစေဦးတော့ မဂ်ဖိုလ်ရကြောင်း သမ္မာဒိဋ္ဌိဉာဏ်ရဲ့ အာရုံလည်း မဟုတ်ပါ၊ အဲဒါကြောင့်မို့ ကိုယ်ကြိုက်သလို လျော်ရာကိုသာ ရေးကြစေ တဲ့။
                   ကဲ….အဲဒါဟာ မုံရွေးဇေတ၀န် ဆရာတော်ဘုရားကြီးရဲ့ အလွန်နှစ်သက်စရာကောင်းတဲ့ လျော်ကန် သင့်မြတ်သော လိုရင်းအဆုံးအဖြတ်ပဲ၊ ဒီပဥှာဟာ အလယ်တောရ အရှင်ဇ၀နတိက္ခ ဆရာတော်လေး ဆွေးနွေးတယ်လို့ မှတ်သားမိတယ်။
          ဒကာ။           ။ ဒီလို သိရတာ ၀မ်းသာလှပါတယ် ဆရာတော်၊ ငြင်းခုံဖို့လည်း မလိုတော့ဘူးပေါ့၊ နိဗ္ဗာန်ရောက်ကြောင်း တရားမှမဟုတ်တာပဲဟာ။

No comments: