သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, December 11, 2010

မြတ်စွာဘုရား၏ ခြေတော်ကို မြူမှုန်ပေလို့ ခြေဆေးတော်မူတာလား


မြတ်စွာဘုရား၏ ခြေတော်ကို မြူမှုန်ပေလို့ ခြေဆေးတော်မူတာလား

ဒကာ။           ။ မြတ်စွာဘုရားရှင်တို့၏ တန်ခိုးတော်နှင့်စပ်လို့ ဘုရားမြတ်တို့၏ သင်္ကန်းတော်တို့သည် အသားတော်နဲ့မထိခြင်း၊ ဘုရားရှင်တို့၏ သပိတ်တော်သည် လက်တော်နှင့်မထိခြင်း၊ မြတ်စွာဘုရားတို့၏ ခြေဖ၀ါးတော်တို့သည် ပကတိအားဖြင့် မြေသို့မကျ၊ မြေနှင့် မထိစပ်ခြင်း စတဲ့ တန်ခိုးတော် အနန္တတွေ ရှိတော်မူသော ဘုရားရှင်ဟာ ကျောင်းတော်သို့ ပြန်ကြွလာတိုင်း ခြေဆေးအင်းပျဉ်၌ ခြေဆေးတော်မူတယ်ဆိုတာ ခြေဖ၀ါးတော်၌ ရွှံ့ညွန် မြူမှုန်တို့ ကပ်သောကြောင့် ခြေတော် ဆေးကြောတာလား ဆရာတော်။
ဆရာ။           ။ မြတ်စွာဘုရားသခင်တို့၏ ခြေဖ၀ါးတော်၊ သို့မဟုတ် ခြေဖမိုးတော် စသည် တို့ကို ဘယ်သောအခါမှ ရွှံ့ညွန်မြူမှုန်တို့ ကပ်ငြိပေရေ လိမ်းကျံခြင်း မရှိပါဘူးတဲ့။
          ခြေတော်မြတ် ဆေးတော်မူခြင်းကား ၀တ်ပြုကြသော တပည့်သာဝက အများတို့၏ အကျိုးစီးပွားကို လိုလားစွာဖြင့် ခြေဆေးဝတ်ပြုမှုကို ခံယူတော်မူခြင်းသာ ဖြစ်ပါတယ်တဲ့၊ ကဲ ရှင်းပြီလား၊ တော်တော့ကို သံသယထူတဲ့ ဒကာကြီးတွေပဲ….နော်။
ဒကာ။           ။ ရှင်းလင်းစွာ သံသယပျောက်လို့ ၀မ်းမြောက်လှပါတယ် ဆရာတော်၊ ဘာသာရေးနဲ့စပ်ပြီး ခေတ်တက်လူကလေးတွေက အမေးအစမ်း ထူလွန်းလို့ မေးထားရတာပါ ဘုရား။

No comments: