သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Saturday, January 8, 2011

ပစ္ဆိမဘ၀ိကသားများ သေတွင်းထဲကျနေတာ ဘာ့ကြောင့် မသေကြပါသလဲ

ပစ္ဆိမဘ၀ိကသားများ သေတွင်းထဲကျနေတာ ဘာ့ကြောင့် မသေကြပါသလဲ

          ဒကာ။           ။ ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ်ဆိုတဲ့ ဒီဘ၀မှာ မဂ်ဖိုလ်နိဗ္ဗာန်ရမည့်သူများဟာ မုချ သေရမည့်ဘေးနဲ့ တွေ့နေသော်လည်း မသေရဘဲ ကြံကြံဖန်ဖန် မယုံနိုင်စရာဖြစ်အောင် သေမည့်ဆဲဆဲကလေးမှာ အသက်ရှင်သွားတာဟာ ဘယ်လိုသဘောပါလဲ ဆရာတော်၊ ဒါဟာ သူတို့ရဲ့နိယာမဓမ္မတာလို့တော့ ပြီးစလွယ်မဖြေပါနဲ့ဘုရား၊ စာပေကျမ်းဂန်နဲ့အညီ သိပါရစေ။
         

Friday, January 7, 2011

သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား

သောတာပန် ကာမဂုဏ်ခံစားမှုနှင့် ပုထုဇဉ်တို့ ခံစားမှုဟာ အတူတူပဲ မဟုတ်လား

          ဒကာ။           ။ အာရုံငါးပါး ကာမဂုဏ်တရား ခံစားတဲ့နေရာမှာ သောတာပန်, သကဒါဂါမ် ခေါ်တဲ့ အရိယာတို့ ခံစားကြတဲ့ စားသောက်မှု ရသာရုံ၊ ပွဲက တီးမှုတ်သီဆိုမှုတို့ကို ကြည့်ရှုခံစားခြင်း, ရူပါရုံ, သဒ္ဒါရုံ, ဇနီးခင်ပွန်းအိပ်ခန်းစက်ရာဝင်ကာ ပေါင်းသင်းမှု စတဲ့ ၀တ္ထုကာမတွေ ခံစားတဲ့အခါမှာနဲ့၊ ပုထုဇဉ်တို့ခံစားကြတဲ့အခါမှာ ဖြစ်ပေါ် ဖြစ်ပေါ် လာနေတဲ့ ရာဂစိတ်တွေဟာ အဲဒီ ၀တ္ထုကာမ သင်္ခါရတွေအပေါ်မှာ သုခ,သုခ ဟု မှတ်ယူခံစားတာချင်း တူ,မတူ စာပေက ဘယ်လိုဆိုပါသလဲ ဆရာတော်၊ တပည့်တော်တို့ တူတယ်, မတူဘူး ဟု ငြင်းခုံမှုရှိနေလို့ ရှင်းပြပါဦး ဘုရား။
         

မြတ်ဗုဒ္ဓက ကာမတရား အားပေးချင်လို့ သဂ္ဂကထာ နတ်ချမ်းသာကို ဟောကြားတာလား

မြတ်ဗုဒ္ဓက ကာမတရား အားပေးချင်လို့ သဂ္ဂကထာ နတ်ချမ်းသာကို ဟောကြားတာလား

          ဒကာ။           ။ မြတ်စွာဘုရား တရားဟောတော်မူသော တရားအစဉ် အနုပုဗ္ဗိကကထာထဲမှာ သဂ္ဂကထာ ဆိုတဲ့ နတ်စည်းစိမ်ချမ်းသာတွေနဲ့စပ်တဲ့ တရားစကားတွေကို ဟောကြား ဟောကြားနေတာဟာ ကာမချမ်းသာတွေကို အားပေးချီးမွမ်း တိုက်တွန်းသလို ဖြစ်မနေဘူးလား ဘုရား၊ ဓမ္မစကြတရားတော်ထဲမှာ ကာမသုခလ္လိကကို ဟီန-အယုတ်တရားဟု ဟောသွားတယ် မဟုတ်လားဆရာတော်၊ ရှင်းပြပေးပါဦး ဘုရား။
         

ပစ္စေကဗုဒ္ဓါဟာ တရားဟောနိုင်ပါသလား

ပစ္စေကဗုဒ္ဓါဟာ တရားဟောနိုင်ပါသလား

          ဒကာ။           ။ လွန်ခဲ့တဲ့သုံးနှစ်လောက်က ပစ္စေကဗုဒ္ဓါအကြောင်း မေးမြန်းတဲ့အခါ ပစ္စေကဗုဒ္ဓါများဟာ သစ္စာလေးပါးတရားကို သူကိုယ်တိုင်သာ ဆရာမရှိဘဲနဲ့သိတာ၊ သူတပါးကိုတော့ အဲဒီသစ္စာတရားကိုသိအောင် ဟောတတ်တဲ့ ပါရမီဉာဏ်မပါလို့ မဟောပြနိုင်ဘူးလို့ ဆရာတော် မိန့်ကြားခဲ့တာ မှတ်သားရဖူးတယ်။
          သဋ္ဌိနိပါတ် သောဏကဇာတ်တော်မှာ သောဏက ပစ္စေကဗုဒ္ဓါအရှင်မြတ်က အရိန္ဒမ ဘုရင်ကြီးအား သမဏသုခတရားရှစ်ပါးနဲ့ ကာမ၏အပြစ်များကို ဟောကြားတော်မူတယ်လို့ ပါတဲ့အကြောင်းအရာ ဒကာကြီးတို့ ဖတ်ရပါတယ် ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
         

တံငါ, ၀က်မွေး, အလုပ်နဲ့မှ ချမ်းသာတာ ဘာကုသိုလ်တွေလုပ်ခဲ့လို့လဲ

တံငါ, ၀က်မွေး, အလုပ်နဲ့မှ ချမ်းသာတာ ဘာကုသိုလ်တွေလုပ်ခဲ့လို့လဲ

ဒကာ။           ။ ဒကာကြီးတို့ကိုယ်တွေ့ပါ၊ တချို့လူတွေဟာ တံငါလုပ်မှ ချမ်းသာကြွယ်ဝတယ်၊ ချမ်းသာလာလို့ ဒီအလုပ်ဖြုတ်ပြီး တခြားအပြစ်မဲ့တဲ့ အလုပ်ကိုလုပ်လိုက်ရင် ဆုံးရှုံးမွဲတေကုန်ရောပဲ။
                   တချို့သူတွေဟာ ၀က်မွေးမှ ပစ္စည်းဥစ္စာတွေ တိုးတက်ကြီးပွား ချမ်းသာလာတယ်၊ သည်အခါ မကောင်းမှုဖြစ်တဲ့ သည်အလုပ်ကို စွန့်ပြီး ကောင်းမွန်စင်ကြယ်တဲ့ အလုပ်တခုခုကို ပြောင်းလဲပြီးလုပ်လိုက်ရင် အကျိုးမပေးဘဲ မွဲသွားပြန်ရောပဲ။
                   တခါ အဲဒီ တံငါအလုပ်တို့ ၀က်မွေးသားထုတ် အလုပ်တို့ကို ပြန်လုပ်လိုက်ရင် အဲဒီလူတွေဟာ ချမ်းသာကြွယ်ဝ လာပြန်ရော၊ အဲဒါဟာ ဘယ်လိုကုသိုလ် အကျိုးပေးမျိုးပါလဲ ဆရာတော်၊ ဒကာကြီးတို့ ဉာဏ်လင်းအောင် ရှင်းပြပါဦး ဘုရား။
         

Thursday, January 6, 2011

အသက် ၇ နှစ်သားမျှ ရှိတဲ့ သာမဏေငယ် ရဟန္တာကလေးတွေကို ရဟန်းပဉ္စင်း ပြုပေးနိုင်သလား


အသက် ၇ နှစ်သားမျှ ရှိတဲ့ သာမဏေငယ် ရဟန္တာကလေးတွေကို
ရဟန်းပဉ္စင်း ပြုပေးနိုင်သလား

          ဒကာ။           ။ မြတ်စွာဘုရားလက်ထက်တော်က သာမဏေကျော် ဣဒ္ဓိတန်ခိုးရှင် ကိုရင်ကလေးတွေကို အသက်နှစ်ဆယ် မပြည့်သေးမီ သာမဏေဘ၀နဲ့ပဲ ထားသလား၊ ရဟန်း ပဉ္စင်းခံပေးသလားဆိုတာ မကွဲပြားလို့ မိန့်ကြားပါဦး ဆရာတော်။
         

Wednesday, January 5, 2011

ဗုဒ္ဓဘုရားနဲ့ ရဟန္တာများကို ဘာ့ကြောင့် “နာဂ” နဂါးဟု ခေါ်ဆိုပါသလဲ


ဗုဒ္ဓဘုရားနဲ့ ရဟန္တာများကို ဘာ့ကြောင့် “နာဂ” နဂါးဟု ခေါ်ဆိုပါသလ

          ဒကာ။           ။ တချို့သော စာပေကျမ်းဂန်တွေထဲမှာ ယော နာဂေါ- နာဂမည်တွင် အကြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ဟူ၍လည်းကောင်း၊ ယော နာဂေါ- ဗုဒ္ဓနာဂကိုထား၍ တန်ခိုးတော်အရာ၌ တပါးတည်းဖြစ်တော်မူသော အရှင် မဟာမောဂ္ဂလာန်ထေရ်မြတ်ကြီးသည်။ ယေနာဂါ- အကြင်ရဟန္တာပုဂ္ဂိုလ်မြတ်တို့သည် စသည်ဖြင့် ဘာ့ကြောင့် နာဂ- နဂါးဆိုတဲ့ အမည်နဲ့ ဘုရားရဟန္တာတို့ကို ခေါ်ဝေါ်သုံးစွဲ ကြပါသလဲ ဆရာတော်၊ နာဂ-ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ် ရှင်းပြပေးပါဘုရား။
         

Tuesday, January 4, 2011

ရှင်စူဠပန် ၄ လကျက်လို့ မရတဲ့ ဂါထာ သိပါသလား


ရှင်စူဠပန် ၄ လကျက်လို့ မရတဲ့ ဂါထာ သိပါသလား

          ဒကာ။           ။ ရှင်စူဠပန် လေးလပတ်လုံး ကျက်လို့ မရနိုင်တဲ့ ဂါထာဆိုတာ တပည့်တော်တို့ ကျက်မှတ် ရွတ်ဖတ်ချင်လို့ အနက်အဓိပ္ပါယ်ကိုပါ ရေးပေးချီးမြှောက်ပါဦး ဆရာတော်၊ ဒီဂါထာက ဘုရားသခင် ဟောကြားသင်ပြပေးတဲ့ ဂါထာလားဘုရား။
         

ဘ၀သမ္ပတ္တိဆိုတာ လူ,နတ်ဘ၀ကို ဆိုတာမဟုတ်လား


ဘ၀သမ္ပတ္တိဆိုတာ လူ,နတ်ဘ၀ကို ဆိုတာမဟုတ်လား

ဒကာ။           ။ သုဂတိဘ၀ဖြစ်တဲ့ လူ,နတ်,ဗြဟ္မာ ဇာတိ ဥပပတ္တိဘ၀ကို ရလာကြတာဟာ ဘ၀သမ္ပတ္တိပဲ မဟုတ်လား ဆရာတော်။
                   တချို့ဆရာတော်တွေက ဒေ၀ဂတိ, မနုဿဂတိ ဆိုတာဟာ ဘ၀သမ္ပတ္တိ မဟုတ်ဘူးတဲ့၊ ဇာတိ, ဥပပတ္တိဘ၀သာဖြစ်တယ်လို့ ဟောပြောနေကြလို့ ရှင်းပြပါဦး ဆရာတော်။
         

Monday, January 3, 2011

သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ချိန်၌ ခမည်းတော်မင်းကြီး သက်တော်ဘယ်လောက်ရှိပြီလဲ


သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ချိန်၌ ခမည်းတော်မင်းကြီး သက်တော်ဘယ်လောက်ရှိပြီလဲ

          ဒကာ။           ။ အလောင်းတော်မြတ် သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်ချိန်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ သက်တော် ဘ်ာလောက် ရှိနေပါပြီလဲ ဆရာတော်၊ ကျမ်းဂန်မှာ တွေ့ဖူးပါသလား။
         

နာနာဘာဝ, ၀ိနာဘာဝ ဆိုတာဟာ တစ္ဆေ သရဲတွေလား


နာနာဘာဝ, ၀ိနာဘာဝ ဆိုတာဟာ တစ္ဆေ သရဲတွေလား

          ဒကာ။           ။ လောကလူတွေရဲ့ ဆိုရိုးစကားမှာ နာနာဘာဝ တစ္ဆေသရဲတွေလာကုန်ပြီ၊ ၀ိနာဘာဝ ဘီလူးသရဲတွေ ဖြစ်ကုန်ပြီဟု ပြောဆိုနေကြပါသည်၊ တချို့ကလည်း နာနာဘာဝ, ၀ိနာဘာဝ ဆိုတာ တစ္ဆေသရဲကို ခေါ်ဆိုတာမဟုတ်ပါဘူးလို့ ပြောကြပါတယ်၊ အဲဒီ အဘိဓာန် နှစ်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို ရှင်းပြပါဦး ဆရာတော်၊ စာပေကျမ်းဂန်က ဘယ်လိုဆိုပါသလဲ ဘုရား။
         

ရှင်သာရိပုတ္တရာကယ်ချွတ်သော သတ္တ၀ါပေါင်း စာရင်းများရှိပါသလား


ရှင်သာရိပုတ္တရာကယ်ချွတ်သော သတ္တ၀ါပေါင်း စာရင်းများရှိပါသလား

          ဒကာ။           ။ မြတ်စွာသခင်ကို ထား၍ ပညာအရာမှာ တပါးသာရှိတော်မူသော ဓမ္မသေနာပတိ တရားစစ်သူကြီး ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ဟောကြားချေချွတ်ကယ်တင်တော်မူလို့ အရဟတ္တဖိုလ် ရရှိတော်မူခြင်းနဲ့ သောတာပန်, သကဒါဂါမ်, အနာဂါမ် စတဲ့ သတ္တ၀ါစာရင်းအင်းများ ပိဋကတ်တော်မှာ တွေ့ဖူးပါသလား ဆရာတော်။
         

Sunday, January 2, 2011

ရတ္တညူ ညဥ့်အပိုင်းအခြားကို သိသောသူဆိုတာ ဘာအဓိပ္ပာယ် ရှိပါသလဲ


ရတ္တညူ ညဥ့်အပိုင်းအခြားကို သိသောသူဆိုတာ ဘာအဓိပ္ပာယ် ရှိပါသလဲ

          ဒကာ။           ။ ယခုကာလ သက်တော်ရှည် ဂုဏ်ကြီးရှင် ဆရာတော်ကြီးတွေကို ချီးကျူးပူဇော်သဘင်ပြုတဲ့အခါ ရတ္တညူ- ညဥ့်အပိုင်းအခြားကို သိမြင်သောသူ၊ ဒီဃဒဿီ- အရှည်ကို မြင်တော်မူသော ပုဂ္ဂိုလ်ကြီး စသည်ဖြင့် ရေးသားပူဇော် ရွတ်ဖတ်သံများကိုလည်း ကြားဖူးပါသည်။
                   ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ ဘိက္ခူနံ ရတ္တညူနံ ယဒိဒံ အညာသိ ကောဏ္ဍညော- ဟု အရှင် ကောဏ္ဍညအား ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးကျူးမိန့်ကြားတဲ့အခါမှာ ငါ၏တပည့်သား ရဟန်းများတို့တွင် အညာသိကောဏ္ဍညဟာ ညဥ့်အပိုင်းအခြားကို သိတယ် ဆိုတာ ဘာကို ဆိုလိုတာလဲ ဆရာတော်၊ အဲဒါလေးရှင်းပြပေးပါဦး ဘုရား။
         

မယ်တော်ဖြစ်ခဲဖူးတဲ့ သန္တုသိတနတ်သားဟာ အဘိဓမ္မာတရားဆုံးတော့ နတ်ရဟန္တာဖြစ်ပါသလား


မယ်တော်ဖြစ်ခဲဖူးတဲ့ သန္တုသိတနတ်သားဟာ အဘိဓမ္မာတရားဆုံးတော့ နတ်ရဟန္တာဖြစ်ပါသလား

          ဒကာ။           ။ မြတ်စွာဘုရားသခင်ဟာ လူ့ဘ၀က မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားကို အဦးထား၍ တာဝတိံသာနတ်ပြည်၌ ၀ါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူရာဝယ် အဘိဓမ္မာတရားတော် ပြီးဆုံးသွားတဲ့အခါ သန္တုသိတနတ်သားဟာ ရဟန္တာဖြစ်သွားပါသလား ဆရာတော်၊ နတ်ဗြဟ္မာတွေဘယ်လောက် ကျွတ်တမ်းဝင်ကုန်သလဲ။
         

ယမကာပါဋိဟာ တန်ခိုးတော်ပြရာမှာ ရေ,မီး အစုံ အစုံ အတူတူ တပြိုင်တည်း ထွက်ပါသလား


ယမကာပါဋိဟာ တန်ခိုးတော်ပြရာမှာ ရေ,မီး အစုံ အစုံ အတူတူ တပြိုင်တည်း ထွက်ပါသလား

          ဒကာ။           ။ မြတ်စွာဘုရားက သရက်ဖြူပင်ရင်းမှာ တန်ခိုးတော်ပြရာဝယ် ကိုယ်တော်၏ အထက်ပိုင်းက မီးအလျှံတွေ မျက်လုံးတော်တဘက်က ဖြူသောရောင်ခြည်တော်တွေ၊ တဘက်က နီသော ရောင်ခြည်တော်တွေ စသည်ဖြင့် အပြိုင်အပြိုင် လွှတ်တော်မူတယ်လို့ တချို့ဆရာများက ပြောဟောကြတယ်၊ တချို့ဆရာ ကျတော့လည်း မဟုတ်ဘူးတဲ့၊ တခြားစီ ထွက်ပေါ်လာကြတာတဲ့၊ အဲဒါရှင်းပြပါဦး ဆရာတော်။
         

Saturday, January 1, 2011

အရှင်ဝိစိတ္တ ဓမ္မဘဏ္ဍာဂါရိကထေရ်က အလွန် အဖိုးတန်သော မော်တော်ယာဉ်ကြီးကို ဘာကြောင့် မခံယူ မသုံးဆောင်ပါသလဲ


အရှင်ဝိစိတ္တ ဓမ္မဘဏ္ဍာဂါရိကထေရ်က အလွန် အဖိုးတန်သော မော်တော်ယာဉ်ကြီးကို 
ဘာကြောင့် မခံယူ မသုံးဆောင်ပါသလဲ

          ဒကာ။           ။ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင်ဝိစိတ္တသာရာဘိဝံသ မထေရ်မြတ်အား နိုင်ငံခြားအစိုးရနှင့် သူဌေးများက ကာလတန်ဖိုးအားဖြင့် အမြင့်မားဆုံးဖြစ်၍ အကောင်းဆုံးဖြစ်သော မော်တော်ကားကြီးကို ပေးလှူကြရာ အရှင်ဝိစိတ္တ မထေရ်မြတ်သည် ခံယူသုံးဆောင်မှု မပြုဘဲ ပြန်ပေးကြောင်းနှင့် တဆင့်စကားကြားသိရပါသည်၊ ရဟန်းတော်များသည် လောက၌ သဒ္ဓါကြည်ညိုစွာဖြင့် ပေးလှူပူဇော်ကြသော မွန်မြတ်လှသည့် လူ့အသုံးအဆောင် မင်းအသုံးအဆောင်တို့ကို ခံယူ သုံးဆောင်မှု မပြုရဘူးလား ဆရာတော်၊ ကျမ်းဂန်များ၌ ကျင့်ထုံးများ တွေ့ရှိဖူးပါသလား ဘုရား။
         

Friday, December 31, 2010

သစ္စကပရိဗိုဇ်ကြီး အပါယ်လားသလော


သစ္စကပရိဗိုဇ်ကြီး အပါယ်လားသလော

          ဒကာ။           ။ ဘုရားကို မကြောက်ဘဲ သိကြားကိုကြောက်လို့ အမှန်ဖြေကြားရတဲ့ သစ္စကကြီးဟာ သေတော့ အပါယ်လားရောလား ဆရာတော်။
         

သိကြား သာသနာ ၂၅၀၀ ဆိုတာ တကယ် ရှိသလား


သိကြား သာသနာ ၂၅၀၀ ဆိုတာ တကယ် ရှိသလား

          ဒကာ။           ။ သာသနာတော် ငါးထောင်ဆိုရာ၌ ဘုရားသာသနာတော်က နှစ်ထောင့်ငါးရာ၊ သိကြားသာသနာက နှစ်ထောင့်ငါးရာ ဟု ပြောဆိုနေကြရာ သိကြားသာသနာ ဆိုတာ အဟုတ်တကယ် ရှိသလား ဆရာတော်၊ ကျမ်းဂန်မှာရော ပါရှိပါသလား ဆရာတော်။
         

မဂ်ဖိုလ်တရား ရှာမှီးသူတွေဟာ သင်္ခါရဒုက္ခကို ရှာဖွေနေသူတွေတဲ့

မဂ်ဖိုလ်တရား ရှာမှီးသူတွေဟာ သင်္ခါရဒုက္ခကို ရှာဖွေနေသူတွေတဲ့

          ဒကာ။           ။ လောကုတ္တရာတရား ကိုးပါးထဲမှာ မဂ်စိတ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးတို့ဟာ ဒုက္ခတရားတွေသာဖြစ်တယ်၊ သင်္ခါရ ဒုက္ခနယ်ထဲက မလွတ်သေးဘူးဟု ဟောပြောသွားတာ ကြားနာရလို့ ထိုဆရာတို့ ဟောပြောတာမှန်ပါသလား ဆရာတော်၊ ဒကာကြီးတို့ နားလည်တာကတော့ လောကုတ္တရာ တရား ၉ ပါးဟာ ချမ်းသာသုခပဲ လို့နားလည်ကြပါတယ်ဘုရား၊ သူတို့က မဂ်, ဖိုလ်ရှာနေတဲ့ သူဟာ ဒုက္ခတွေကို ရှာ နေကြတာတဲ့၊ ဒီပြဿနာအမှန်ကို မိန့်ကြားပါဦး ဘုရား။
         

Thursday, December 30, 2010

မဟာသမယ တသုတ်လုံးဟာ နတ်ဗြဟ္မာတို့ အမည်တွေ ဖော်ထုတ်ကာ နှုတ်ဆက်ရုံမျှနဲ့ တရားထူး ရနိုင်ပါမည်လား


မဟာသမယ တသုတ်လုံးဟာ နတ်ဗြဟ္မာတို့ အမည်တွေ ဖော်ထုတ်ကာ
နှုတ်ဆက်ရုံမျှနဲ့ တရားထူး ရနိုင်ပါမည်လား

          ဒကာ။           ။ မြတ်စွာဘုရားဟောကြားတော်မူတဲ့ မဟာသမယ တသုတ်လုံးမှာ နတ် အသေးအမွှားကလေး အမည်က စပြီးတော့ တန်ခိုးအကြီးမားဆုံး ဟာရိတဗြဟ္မာမင်းကြီး စသည်တို့အထိ အမည်တွေ ထုတ်ဖော် ထုတ်ဖော်ပြီး ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်သတော်မူသွားသည်သာ ပါရှိတာတွေ့ရပါသည်။
                   ယင်းသို့ ခန္ဓာ, အာယတန, ဓာတ်သား, ပရမတ္ထတရား မပါဘဲလျက်နဲ့ ဒေသနာတော်၏ အဆုံးနိဂုံးချုပ်လတ်သော် နတ်ဗြဟ္မာပေါင်း ကုဋေတသိန်းအထိ အရဟတ္တဖိုလ် ရရှိသွားကြသည်၊ သောတာပန်စသည်တို့ အရေအတွက်ကား အပမာဏ အပိုင်းအခြား မရှိအောင်ပင် များပြားလှပေ၏ ဟု ပြောဟောနေကြတာ အမှန်ပဲလား ဆရာတော်။
         

Wednesday, December 29, 2010

မိထွေးတော် ဂေါတမီကို မည်သူက ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးသလဲ၊ သာသနာဖျက်တို့ စကားကို မယုံနဲ့


မိထွေးတော် ဂေါတမီကို မည်သူက ဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးသလဲ

          ဒကာ။           ။ မြတ်ဗုဒ္ဓသာသနာတော်မှာ မိထွေးတော် မဟာပဇာပတိဂေါတမီဟာ အမျိုးသမီးထဲက ရှေးဦးစွာ ရဟန်းမ , ဖြစ်တယ်လို့ကြားသိရပါတယ်၊ မိထွေးတော်ဂေါတမီကို ဘယ်သူက ဆရာဥပဇ္ဈာယ်ပြု၍ ရဟန်းခံပေးပါသလဲ ဆရာတော်။