သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, August 29, 2010

မြင် ကြား နံ သိ စိတ်တွေဟာ ဥပေက္ခာ သုခ ဒုက္ခ ဝေဒနာတို့လော

မြင် ကြား နံ သိ စိတ်တွေဟာ ဥပေက္ခာ သုခ ဒုက္ခ ဝေဒနာတို့လော

ဒကာ။ ။ မြင်သိ ကြားသိ နံသိ စတဲ့ ပဉ္စဝိညာဏ်စိတ်တွေဟာ ဥပေက္ခာစိတ်တွေလို့ သင်္ဂြိုဟ်ကျမ်းမှာ သင်ဖူးပါတယ်၊ ဒါကို ဆရာတချို့က မြင်သိ စက္ခုဝိညာဉ်စတဲ့ စိတ်တွေဟာ သုခရော ဒုက္ခပါ ဝေဒနာသုံးမျိုးလုံး ရှိတယ်၊ ဒါကိုသိအောင် ရှုမှတ်ရမည်လို့ ဟောကြားနေကြတယ်၊ ကျမ်းဂန်က ဘယ်လိုများ ညွှန်ကြားထားတယ်ဆိုတာ ရှင်းပြပေးပါဦး ဆရာတော်။

ဆရာ။ ။ ဟုတ်ပါတယ် အဘိဓမ္မာဟောစဉ်မှာတော့ မြင်ဆဲ ကြားဆဲ စတဲ့ခဏမှာ သုခလည်းမရှိဘူး၊ ဒုက္ခလည်း မရှိဘူး၊ ဥပေက္ခာဝေဒနာ တပါးသာ ရှိတယ်လို့ ဟောတော်မူပါတယ်။
ဒကာ။ ။ ဒီလိုဆိုရင် ဝေဒနာသုံးပါးရှိတယ်ဆိုတာ မှားတာပေါ့ ဆရာတော်၊ ဘာလို့ အမှားတွေ ဟောနေကြတာလဲ။
ဆရာ။ ။ သုတ္တန်ဒေသနာတော်များမှာတော့ ဒွါရခြောက်ပါးလုံးက ဝင်လာတဲ့ ကုသိုလ် အကုသိုလ် အကျိုးဖြစ်တဲ့ အာရုံတွေမှန်သမျှဟာ သုခရော ဒုက္ခရော ဥပေက္ခာရော သုံးပါးစလုံး ဖြစ်တယ်လို့ ဟောထားပါတယ်၊ ပုံစံပြရရင် သတိပဋ္ဌာန်သုတ္တန်မှာ-
သုခံ ဝါ ဝေဒနံ ဝေဒယမာနော သုခံ ဝေဒနံ ဝေဒယာမီတိ ပဇာနာတိ။
စသည်ဖြင့် ဟောကြားတော်မူတာတွေ များစွာပဲ ရှိပါတယ်၊ ဒါ့ကြောင့် မမှား ပါဘူး၊ သုံးပါးလည်း မှန်တယ်။
ဒကာ။ ။ အဘိဓမ္မာနည်းနဲ့ သုတ္တန်နည်း အမှန်ယူပုံများကို ရှင်းပြပါဦး ဆရာတော်။
ဆရာ။ ။ အာရုံငါးပါးဝီထိချတဲ့အခါ မြင်သိ(စိတ်ဝိညာဉ်) စိတ်ခဏမှာ ဥပေက္ခာဖြစ်ပေမဲ့ စိတ်တွေက မနားဘဲဆက်ပြီး ဇောထိအောင် ဖြစ်သွားတဲ့အတွက် ဇောခဏကျတော့ကာ ဝေဒနာသုံးမျိုးလုံးပင် အကြောင်းအားလျော်စွာ ဖြစ်နိုင်တာကြောင့် သုတ္တန်ဒေသနာတော်က အဘိဓမ္မာ ပဉ္စဒွါရဝီထိ ဇောစိတ်ကို မှီပြီးတော့ ဝေဒနာသုံးမျိုးလုံးပင် ဖြစ်နိုင်တယ်လို့ ဟောတော်မူတာဖြစ်တယ်၊ ကဲ….ရှင်းပြီးလား၊ စက္ခုဝိညာဉ် မြင်သိစိတ်တင် ရပ်နေတာ မဟုတ်ဘူး၊ မနောဝိညာဉ်ဇောစိတ်တွေက ဆက်ဖြစ်သွားတာ။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ ဝီထိစိတ်ကျမှပဲ ရှင်းတော့တယ်၊ ကျမ်းဂန်မနှံ့တော့လည်း ခက်တာပဲကိုး၊ ဟိုစွပ်စွဲ ဒီစွပ်စွဲနဲ့။

No comments: