သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Monday, September 13, 2010

အားထုတ်ပြုလုပ်မှု သင်္ခါရဟာ ဆင်းရဲဒုက္ခတွေတဲ့လား


အားထုတ်ပြုလုပ်မှု သင်္ခါရဟာ ဆင်းရဲဒုက္ခတွေတဲ့လား

ဒကာ။           ။ ဆရာအချို့တွေက ဟောကြားနေကြပါတယ်။ “သဗ္ဗေသင်္ခါရာ ဒုက္ခာ” တဲ့။
သဗ္ဗေ သင်္ခါရာ = ကြိုးစားအားထုတ် ပြုလုပ်နေသမျှ အားလုံးတို့ဟာ၊ ဒုက္ခာ = ဆင်းရဲတို့သာဖြစ်ကုန်၏။
အဲဒီလို ဘာသာပြန် အနက်ပေးပြီးတော့ ခု, ဒါနပြုလုပ် ပေးလှူနေကြတာတွေ၊ သီလ - ထမင်း အငတ်ခံပြီး ဥပုသ်စောင့်နေကြတာတွေ၊ ဘာဝနာ - အညောင်းခံပြီးတော့ ကမ္မဋ္ဌာန်းတရား အားထုတ်နေကြတာတွေဟာ ဆင်းရဲဒုက္ခတွေသာ ဖြစ်တာ၊ ပြုလုပ်သမျှတွေဟာ လက်တွေ့မုချ ဒုက္ခဆင်းရဲတာအမှန်ပဲ၊ စိတ်ပင်ပန်းခံပြီး ပြုလုပ်အားထုတ် မနေကြနဲ့၊ စိတ်ကို သူ့တက်တိုင်း အငြိမ်းစား ထားမှ ချမ်းသာတယ်လို့ ဟောပြောနေကြတာ မှန်ပါသလား ဆရာတော်၊ အတော့်ကိုပဲ ခေတ်စားနေတယ် ဘုရား။
ဆရာ။           ။ မမှန်ဘူး၊ အဲဒါ ငရဲမီးပုံထဲ အတူဆင်းဖို့ အဖော်ခေါ်နေတဲ့ သာသနာဖျက် စကားတွေသာဖြစ်တယ်၊ သင်္ခါရက နှစ်မျိုးရှိတယ်။
၁။ ပြုလုပ်ရမည့် အကြောင်းသင်္ခါရ = မဟာကုသိုလ် ဉာဏသမ္ပယုတ် ဝိဇ္ဇာဉာဏ် ဦးစီးတဲ့ သင်္ခါရမျိုးနဲ့ နိဗ္ဗာန်ကို ဆန္ဒပြုပြီး ဒါန, သီလ, ဘာဝနာ ကုသိုလ်ကံတွေကို ပြုလုပ်ရမည့် အလုပ်သမားသင်္ခါရတွေဖြစ်တော့ကာ အဲဒီ အလုပ်သမားသင်္ခါရတွေနဲ့ ၀ိဇ္ဇာဉာဏ်ဦးစီးပြီး ပြုလုပ်သွားလို့ရှိရင် မဂ်ဖိုလ် နိဗ္ဗာန် ချမ်းသာသုခကို မုချရမှာပဲ၊ အဲဒါကို အကြောင်းသင်္ခါရ ခေါ်တယ်၊ မုချပြုလုပ်ရမှာ၊ မလုပ်ဘဲ မနေရဘူး။
၂။ အပြုခံသင်္ခါရ = (အ၀ိဇ္ဇာ တဏှာ ဥပါဒါန် ကိလေသ၀ဋ် ဦးစီးပြီး ပြုလုပ်တဲ့ အကြောင်းသင်္ခါရကြောင့် ရလာတဲ့) အပါယ်ကောင် လူကောင် နတ်ကောင် ဗြဟ္မာကောင် ခေါ်တဲ့ လောကီရုပ်နာမ် တရားစုတွေဟာလည်း သင်္ခါရ တွေပဲ၊ အဲဒါကို ရည်စူးပြီးတော့ မြတ်ဗုဒ္ဓက “သဗ္ဗေသင်္ခါရာ ဒုက္ခာ” လို့ ဟောတာ။ သဗ္ဗေသင်္ခါရာ = လောကီရုပ်နာမ် အကျိုးတရားစု ဟူသမျှတို့သည်၊ ဒုက္ခာ = မုချ ဆင်းရဲတာ အမှန်ပါပဲတဲ့။
အဲဒီ အနက်အဓိပ္ပါယ်ကို ပြောင်းပြန်ဇောက်ထိုးလုပ်ပြီး သာသနာဖျက်ကောင်တွေရဲ့ ဟောပြောတိုက်တွန်းချက်ကို ကံမွဲဉာဏ်နည်းတဲ့ သူပျင်းတို့က ကြိုက်ကာ လိုက်နာကြတာပေါ့၊ ကုသိုလ်အလုပ် မလုပ်ချင်သူတွေရဲ့ ဘုရားဟောနဲ့ ဆန့်ကျင်ဘက် စကားတွေသာဖြစ်တယ်၊ မမှန်ဘူး၊ မယုံနဲ့၊ အပါယ်လား စကားတွေနော်၊ သာသနာဖျက်အသင်းထဲ ပါသွားလိမ့်မည်၊ မီးပုံထဲ အဖော်ခေါ်နေကြတာ။
ဒကာ။           ။ နားလည်ပါပြီ ဘုရား၊ သင်္ခါရ နှစ်မျိုးနှစ်စား နားမလည်ကြလို့ လွဲမှားကုန်တာပဲ ဆရာတော်၊ ကျေးဇူးတင်ပါတယ်ဘုရား၊ အမှန်သိပါပြီ၊ မီးပုံထဲ အဖော်ခုန်မဆင်းတော့ပါဘူး။

No comments: