သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Tuesday, September 7, 2010

ကမ္ဘာလောကကြီးကို ဖန်ဆင်းပေးသူ အစစ်အမှန်ဟာ ဘယ်သူလဲ

ကမ္ဘာလောကကြီးကို ဖန်ဆင်းပေးသူ အစစ်အမှန်ဟာ ဘယ်သူလဲ

ဒကာ။ ။ ပင်လယ် သမုဒ္ဒရာ ရေ မြေ တော တောင် ခေါ်ဆိုကြတဲ့ သြကာသလောက ဖြစ်တဲ့ ဤကမ္ဘာကြီးနဲ့ ကမ္ဘာပေါ်၌ နေထိုင်ကြတဲ့ ကမ္ဘာသား သတ္တဝါများ ဖြစ်ပေါ်လာအောင် ဘယ်သူက စီမံ ဖန်ဆင်းပေးပါသလဲ ဆရာတော်၊ ဖန်ဆင်းပေးနိုင်တဲ့ စွမ်းအင်တန်ခိုးရှင်ဆိုတာ ရှိပါသလား ဘုရား။
ဆရာ။ ။ အင်း….ဒီကမ္ဘာလောကကြီးနဲ့ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါများ ဖြစ်ပေါ်လာမှုကို ဖန်ဆင်းစီမံပေးနေတဲ့ စွမ်းအင် တန်ခိုးရှင်များ ရှိတယ် ဒကာကြီးတို့၊ ဖန်ဆင်းမှုရှိလို့ ဖြစ်လာရတာပေါ့။
ဒကာ။ ။ ရှိရင် တပည့်တော်များသိရအောင် မိန့်ကြားတော်မူပါ ဆရာတော်၊ အစစ်အမှန်ကိုသာ သိထားချင်လို့ပါ ဘုရား။
ဆရာ။ ။ အင်း…ကမ္ဘာလောကကြီး ဖြစ်ပေါ်လာပုံ နည်းတွေ ဘယ်လောက်ပဲများများ အစစ်အမှန်ကတော့ တခုတည်းသာ ဖြစ်ရ ရှိရမှာပေါ့။ တချို့ဘာသာဝင်တွေကလည်း သူတို့ရဲ့ အပူဇော်ခံ ဗုဒ္ဓဖြစ်တော်မူတဲ့ တန်ခိုးရှင်ကြီးတွေက စီမံဖန်ဆင်းပေးလို့ ဖြစ်ပေါ်လာတာဟု စွဲယူ ယုံကြည်ကြတယ်။

သမ္မာဒိဋ္ဌိ ဘာသာဝင်တို့ကတော့ သဗ္ဗညုဗုဒ္ဓရဲ့ မုက္ခပါဌ်တော်အတိုင်း ကံ စိတ် ဥတု အာဟာရ ဤသဘာဝတရားကြီးလေးပါးက စီမံဖန်ဆင်းပေးလိုက်တဲ့ ကမ္ဘာလောကကြီးဘဲဟု စွဲယူယုံကြည်ကြတယ်။

အဲဒါဟာ အစစ်အမှန်ပဲ၊ ဒါထက်ပိုပြီး မကြံစည်နဲ့တော့၊ သတ္တဝါတွေက ကံနဲ့ စိတ်ကောင်းရင် ကောင်းတဲ့ဥတုနဲ့ ကောင်းတဲ့အာဟာရတွေ ဖြစ်ပေါ်လာတာပဲ၊ မကောင်းတဲ့ ကံ စိတ်တွေ ပြုလုပ်ဖြစ်ပေါ်နေရင် မကောင်းဆိုးဝါးတဲ့ ဥတုနဲ့ အာဟာရတွေချည်း ဖြစ်ပေါ်လာတာပဲ၊ ကဲ…အဲဒါပဲ၊ တကယ်ဆို ဖန်ဆင်းနိုင်တဲ့ မိမိကိုယ်တိုင်က တန်ခိုးရှင်ပဲဟာ အကောင်းချည်းပဲ ဖန်ဆင်းပေးပါလား၊ ခုတော့ကာ အင်း…စဉ်းစားကြည့်ကြပေါ့။

ဒကာ။ ။ ဒီလို အမှန်သိရတာ ကျေးဇူးတင် ဝမ်းသာပါတယ် ဆရာတော်။

No comments: