သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, January 23, 2011

သြဓိသမေတ္တာ ပွားများနည်း၊ အနောဓိသမေတ္တာပွားများနည်း။


သြဓိသမေတ္တာ ပွားများနည်း၊ အနောဓိသ မေတ္တာပွားများနည်း။

ဒကာ။           ။ မှန်ပါ့၊ မေတ္တာပို့သူရဲ့ အကျိုး ၁၁ ပါးနဲ့ မေတ္တာခံယူသူတို့ ရရှိသည့် အကျိုးများကို ယခုလို သိရလို့ ကျေနပ်လှပါတယ်၊ မေတ္တာပွားများ ပို့သပုံများကိုလည်း လူတိုင်းနားလည်စွာ ပို့သ တတ်အောင် နည်းပြပေးပါဦး ဆရာတော်။
         

Saturday, January 22, 2011

မေတ္တာခံယူသူတို့ ချမ်းသာရပုံ ၀ိသာခ မထေရ်ဝတ္ထု

မေတ္တာခံယူသူတို့ ချမ်းသာရပုံ ၀ိသာခ မထေရ်ဝတ္ထု

ဒကာ။        ။ မေတ္တာစစ် မေတ္တာမှန်ဖြင့် အပို့ခံရသူမှာ ချမ်းသာသုခရရှိတဲ့ ပုံစံဝတ္ထု ပိဋကတ်တော်မှာ ထင်ရှားတဲ့အကြောင်းများရှိရင် အနည်းငယ် လိုရင်းမျှ ထုတ်ပြပါဆရာတော်၊ မေတ္တာသမားများ အားတက်စရာဖြစ်အောင်ပေါ့ ဘုရား။
   

Friday, January 21, 2011

မေတ္တာအပို့ခံရသူမှာ အကျိုးဘယ်နှစ်ပါးရပါသလဲ

မေတ္တာအပို့ခံရသူမှာ အကျိုးဘယ်နှစ်ပါးရပါသလဲ

    ဒကာ။        ။ အချင်းချင်းမေတ္တာထားကြ၊ မေတ္တာပွားကြ၊ မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပွားများသူမှာ ခုချက်ချင်း လက်ငင်း အကျိုး တဆယ့်တပါး ရရှိခံစားရတယ်၊ သေရင် ဗြဟ္မာ့ပြည်လားတယ် ဟု ပြောဟောကြပါတယ်၊ မေတ္တာအပို့ခံရသူမှာတော့ ဘယ်လို ချမ်းသာတယ်၊ ဘယ်လို အကျိုးစီးပွားတွေခံစားရတယ်လို့ ဟောပြောတာ မကြားသိရပါဘူး၊ မေတ္တာအပို့ခံရသူတွေအတွက် အကျိုးစီးပွားဖြစ်ပေါ်ခံစားရပုံများ ပိဋကတ်တော်မှာ ပါရှိရင် သိပါရစေ ဆရာတော်။
   

ကုလဒူသန ဒကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတယ်ဆိုတာ ဘယ်လိုဖျက်တာလဲ

ကုလဒူသန ဒကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတယ်ဆိုတာ ဘယ်လိုဖျက်တာလဲ

    ဒကာ။        ။ ကုလဒူသန ရဟန်းတော်များဟာ လူဒါယကာ ဒါယိကာမ တို့၏ ကြည်ညိုမှု သဒ္ဓါတရားကို ဖျက်ဆီးတယ်၊ ပျက်အောင်လုပ်တယ်ဆိုတာ ဘယ်ပုံ ဘယ်နည်းနဲ့ ဘယ်လို ပျက်စီးအောင်လုပ်တာကို ဆိုပါသလဲ ဆရာတော်၊ အနည်းငယ်လောက် ဖော်ထုတ် ရှင်းပြပါဘုရား။
   

Thursday, January 20, 2011

ဝိပဿနာဉာဏ်ပါမှ ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်သလော၊ ကံ ကံ၏အကျိုးလောက်ကို သိရှိရုံနဲ့ ဉာဏသမ္ပယုတ်ကုသိုလ် ဖြစ်ကရောလား။

ဝိပဿနာဉာဏ်ပါမှ ဉာဏသမ္ပယုတ် ကုသိုလ်ဖြစ်သလော

          ဒကာ။           ။ လူရော ရှင်ပါ ကုသိုလ်ကောင်းမှု ပြုကြရာမှာ ဉာဏသမ္ပယုတ် ကုသိုလ် ဖြစ်အောင် ပြုလုပ်ကြဖို့ကို သည်လိုမှတ်ရမယ်လို့ ဆရာတော်တွေက ဟောကြားသင်ပြ ပေးကြပါတယ်။
                   အလှူ့ဒကာဟာလည်း မမြဲသောအနိစ္စတရားပဲ၊ လှူစရာဝတ္ထုဟာလည်း မမြဲတဲ့ အနိစ္စတရားပဲ၊ အလှူခံယူသူဟာလည်း မမြဲတဲ့ အနိစ္စတရားပဲ၊ အနိစ္စ ငါက၊ အနိစ္စ ဝတ္ထုပစ္စည်းကို၊ အနိစ္စ ခံယူသူအား ပေးလှူလိုက်တာပဲ ဟု စိတ်ထားပြီး ပေးလှူရမည် စသည်ဖြင့် သင်ကြားပေးကြပါသည်။
                   ဆရာတော်ကြီးတွေ သင်ကြားညွှန်ပြတဲ့အတိုင်း နှလုံးမသွင်း မဆင်ခြင်တတ်ရင် ဉာဏသမ္ပယုတ်ကုသိုလ် မဖြစ်နိုင်ဘူးလား ဆရာတော်၊ နည်းနည်းကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦးဘုရား။
         

Wednesday, January 19, 2011

လူပျိုဘုရား ဘာကြောင့် မရှိကောင်းသလဲ


လူပျိုဘုရား ဘာကြောင့် မရှိကောင်းသလဲ

          ဒကာ။           ။ “ဗောဓိ ကုက္ကို ညောင်ထိုထို လူပျိုဘုရား မရှိငြား”ဟူသော ရှေးပေါရာဏ စကားဆိုရိုးအရ ဗုဒ္ဓ၀င်ကျမ်းလာ ဘုရားရှင်ဖြစ်စဉ်ကို လျှောက်ဖတ်ရာ လူပျိုဘုရားကိုရှာမတွေ့ဘူး ဆရာတော်၊ အဲဒါဘာကြောင့်လဲ၊ ရှင်းပြပါဦးဘုရား၊ အတိုဆုံးနည်းနဲ့ သိလွယ်ရုံပေါ့။
         

ပုဗ္ဗေနိဝါသဉာဏ်ဖြင့် သုံးဆယ့်တဘုံ ဘဝမျိုးစုံကို သိမြင်နိုင်ပါသလား


ပုဗ္ဗေနိဝါသဉာဏ်ဖြင့် သုံးဆယ့်တဘုံ ဘဝမျိုးစုံကို သိမြင်နိုင်ပါသလား

          ဒကာ။           ။ ဝိဇ္ဇာရှစ်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသဉာဏ်၊ အဘိညာဏ် ခြောက်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသအဘိညာဏ်တန်ခိုးနဲ့ ကိုယ်ဖြစ်လာတဲ့ သုံးဆယ့်တဘုံ ဘဝမျိုးစုံကို ကုန်အောင်စုံ သိနိုင်တယ်ဆိုတာ ဟုတ်ပါသလားဆရာတော်။
         

Tuesday, January 18, 2011

ရေစက်ချမှ အလှူဒါနဟာ ပြီးမြောက်သလော၊ အလှူရှင်တို့ စိတ်ထားရမည့် နည်းနယများ။

ရေစက်ချမှ အလှူဒါနဟာ ပြီးမြောက်သလော

          ဒကာ။           ။ ဘုရားတည် ကျောင်းဆောက် ရှင်ပြု ရဟန်းခံ စတဲ့ အလှူဒါနရှင် အချို့ဟာ ရေစက်ချရမှ အောင်မြင်တယ်ဟု မှတ်ယူကာ ရေစက်ချကြပါတယ်၊ တချို့ကျတော့လည်း ရေစက်မချဘဲ “နိဗ္ဗာန ပစ္စယော ဟောတု”  ဆိုကာ ပေးလှူပြီး အမျှပေးဝေလျက် ရေစက်ခွက် မကိုင်ကြပါဘူး၊ ဒီကိစ္စနဲ့စပ်လို့ စာပေကျမ်းဂန်က ဘယ်လိုများ ဆိုပါသလဲ ဆရာတော်။
         

Monday, January 17, 2011

ဒါနနဲ့ စာဂဟာ အတူတူပဲလော၊ ဒါနနဲ့ ပရိစ္စာဂ ဘာထူးသလဲ

ဒါနနဲ့ စာဂဟာ အတူတူပဲလော

          ဒကာ။           ။ ဒါနနဲ့ စာဂသဘောကို အမျိုးမျိုးဟောပြော ငြင်းခုံနေကြပါတယ်၊ အချို့ကလည်း ဒါန-ပေးကမ်း လှူဒါန်းလိုက်ခြင်းပင်၊ စာဂ- စွန့်ကြဲခြင်း ဖြစ်သွားတာပဲ၊ အတူတူပါပဲလို့ ဟောပြောကြပါတယ်။
                             ဆရာအချို့ကလည်း စာဂ-ဆိုတာ ပေးလှူတာမျိုး မဟုတ်ဘူး၊ ကိုယ်ပစ္စည်းဥစ္စာတွေကို ဘာပဲဖြစ်ဖြစ် စွန့်ပစ်လိုက်တာဟုပြောကြပါသည်၊ အဲဒီ တရားနှစ်ပါးဟာ တူသလား ကွဲပြားသလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
         

သယမ္ဘူဉာဏ် ဆိုတာ ဘယ်ဟာမျိုးလဲ၊ သဗ္ဗညုတဉာဏ်လား


သယမ္ဘူဉာဏ် ဆိုတာ ဘယ်ဟာမျိုးလဲ၊ သဗ္ဗညုတဉာဏ်လား

          ဒကာ။           ဆရာမကူ သယမ္ဘူဉာဏ်မြတ်ဖြင့် တတ်တတ်ထင်ထင် ကိုယ်တော်တိုင် သိမြင်တော်မူသော ဆိုတဲ့ နေရာမှာ ဘယ်ဟာတွေကို ဘယ်လို သိမြင်တာကို ခေါ်ဆိုပါသလဲ ဆရာတော်၊ သဗ္ဗညုတဉာဏ်မျိုးလား။
         

Sunday, January 16, 2011

ဒိဋ္ဌ သုတ ကိုတော့သိပါသည်၊ မုတ ဆိုတာက ဘာအနက်သဘောလဲ

ဒိဋ္ဌ သုတ ကိုတော့သိပါသည်၊ မုတ ဆိုတာက ဘာအနက်သဘောလဲ

          ဒကာ။           ။ မြတ်စွာဘုရား အာရုံခြောက်ပါး ဟောကြားတဲ့အခါ တချို့နေရာ၌ ဒိဋ္ဌ, သုတ, မုတ, ၀ိညာတ, အာရုံ ဟုဟောထားပါသည်၊ ထိုလေးပါးတို့တွင် ဒိဋ္ဌ, မြင်အာရုံ၊ သုတ, ကြားအာရုံ၊ ၀ိညာတ, သိအာရုံ တို့ကတော့ ထင်ရှားပါတယ်။
                   ဂန္ဓ,ရသ,ဖောဋ္ဌဗ္ဗ အာရုံတွေကိုတော့ မုတနဲ့ ဟောကြားထားပါတယ်၊ မုတ-ဆိုတာက ဘာကို ဟောလို့ ဘာအနက် သဘောရှိပါသလဲ ဆရာတော်၊ တိုတိုကျဉ်းကျဉ်းနဲ့ ရှင်းပြပါဦး ဘုရား။
         

Saturday, January 15, 2011

သိမ်ထဲမှာ ကမ္မ၀ါရွတ်ဖတ်ပြီး ဘယ်သူက ဆရာဥပဇ္ဈာယ်ပြုကာ ဘယ်သူ့ကို စတင်ရဟန်းခံပေးပါသလဲ


သိမ်ထဲမှာ ကမ္မ၀ါရွတ်ဖတ်ပြီး ဘယ်သူက ဆရာဥပဇ္ဈာယ်ပြုကာ
ဘယ်သူ့ကို စတင်ရဟန်းခံပေးပါသလဲ

ဒကာ။           ။ဆရာတော်ဘုရားရေးပြုသော သုတေသနသရုပ်ပြအဘိဓာန်ကျမ်း
စာမျက်နှာ ၄၉၇ ၌ “ရဟန်းအပြားမျိုးရှစ်ပါး” သရုပ်ကိုဖော်ထုတ်ရာဝယ် နံပါတ်ရှစ်၌ ဉတ္တိစတုတ္ထ ကမ္မူပ သမ္ပဒါ ပညတ်တော်အရ သိမ်ထဲမှာ ကမ္မ၀ါနဲ့ ရွတ်ဖတ်ပြီးဖြစ်လာတဲ့ ရဟန်းတွေထဲမှာ ရှေးဦးစွာ ဖြစ်လာတဲ့ ရဟန်းဟာ ဘယ်ပုဂ္ဂိုလ်ပါလဲ ဆရာတော်။
                   အဲဒီပုဂ္ဂိုလ်ကို ဘယ်ရဟန်းတွေက စတင် ရဟန်းပြုပေးပါသလဲ၊ ဘယ်ပုဂ္ဂိုလ်က ဆရာဥပဇ္ဈာယ်ပြုလုပ်ပါသလဲ၊ တပည့်တော်တို့ မှတ်သားရအောင် မိန့်ကြားပါဦး ဘုရား၊ ဒါဟာလည်း သာသနာ့ မှတ်တမ်းတချက်ပါပဲ။
         

Friday, January 14, 2011

လပြည့် လကွယ် ရှစ်ရက်နေ့တို့ကို ဥပုသ်နေ့ဟု ဘုရားရှင် သတ်မှတ်ဟောကြားခဲ့သလော

လပြည့် လကွယ် ရှစ်ရက်နေ့တို့ကို ဥပုသ်နေ့ဟု ဘုရားရှင် သတ်မှတ်ဟောကြားခဲ့သလော

ဒကာ။           ။ လူများဥပုသ်စောင့်ကြတဲ့အခါ လပြည့် လကွယ် ရှစ်ရက် အဲဒီသုံးရက်ကိုသာ ဥပုသ်နေ့ဖြစ်သည် ဥပုသ်စောင့်ရမည်ဟုမှတ်ယူကာ ကျောင်းကန်ဘုရားသို့ ဥပုသ်စောင့်သွားကြတာဟာ မြတ်စွာဘုရားသခင်က ဒီသုံးရက်ကို ဥပုသ်နေ့ဖြစ်သည် ဥပုသ်စောင့်ရမည်ဟု သတ်မှတ်ဟောကြားထားခဲ့လို့လား ဆရာတော်။

ကိုးပါးသီလ ခံယူကောင်းသလော၊ ဆရာတော်က ကိုးပါးသီလ မပေးဘူးလား။


ကိုးပါးသီလ ခံယူကောင်းသလော

          ဒကာ။           ။ န၀င်္ဂဥပုသ် ကိုးပါးသီလနဲ့စပ်ပြီး ဆရာတချို့ကလည်း “ကိုးပါးသီလ ဆိုတာ သီးခြားသတ်သတ် ခံယူနေစရာ မလိုပါဘူး၊ ရှစ်ပါးသီလ ခံယူပြီးတော့ကာ မေတ္တာပွားများပို့သနေရင် ကိုးပါးသီလ ဖြစ်သွားတာပဲ” ဟုပြောဟောပြီး ကိုးပါးသီလကို မပေးကြပါဘူး၊ ရှစ်ပါးသီလကိုပဲ ပေးကြပါတယ်။
                   တချို့ဆရာတော်ကြီးများကလည်း “ကိုးပါးသီလဆိုတာ စောင့်သုံးကောင်းတယ်၊ ခံယူကောင်းတယ်၊ မြတ်သောသီလဖြစ်တယ်၊ ဒါ့ကြောင့်မို့ ကိုးပါးသီလကို ခံယူဆောက်တည် ကျင့်သုံးကြရမယ်” ဟု ဟောကြားဆုံးမ သြ၀ါဒပေးကြပါတယ်၊ အဲဒါ ဘယ်ဆရာရဲ့ သြ၀ါဒနည်းကို အမှန်လိုက်နာ ခံယူရမှာလဲ ဆရာတော်။
         

ပုထုဇဉ်ကုသိုလ်ဉာဏသမ္ပယုတ်နဲ့ ၀ိပါက်ဉာဏသမ္ပယုတ်တို့ဟာ ဖြစ်ပုံချင်းဘယ်လိုထူးခြားလဲ


ပုထုဇဉ်ကုသိုလ်ဉာဏသမ္ပယုတ်နဲ့ ၀ိပါက်ဉာဏသမ္ပယုတ်တို့ဟာ ဖြစ်ပုံချင်းဘယ်လိုထူးခြားလဲ

          ဒကာ။           ။ လောကီဉာဏသမ္ပယုတ်စိတ်တွေထဲက ကိရိယာ ဉာဏသမ္ပယုတ်စိတ်တွေကိုတော့ ဘုရားရဟန္တာတို့မှာ ဖြစ်တာမို့ ထားပါတော့။ ပုထုဇဉ်တွေမှာဖြစ်တဲ့ ကုသိုလ်ဉာဏသမ္ပယုတ်စိတ်နဲ့ ၀ိပါက်ဉာဏသမ္ပယုတ်စိတ်နှစ်မျိုးဟာ ဖြစ်ပုံခြင်း ဘယ်လိုထူးခြားကွဲပြားကြပါသလဲ ဆရာတော်၊ ဉာဏသမ္ပယုတ်စိတ်ချင်းကတော့ အတူတူပဲဟာ။
         

Wednesday, January 12, 2011

နေ့ခံလို့ ညစံရတာ ဘာကြောင့်လဲ

နေ့ခံလို့ ညစံရတာ ဘာကြောင့်လဲ

    ဒကာ။        ။ အပါယ်လေးပါးထဲပါတဲ့ အသူရကာယ် ဘုံသားတွေက ဘယ်လိုကံမျိုးတွေ လုပ်ခဲ့လို့ နေ့ခံလိုက် ညစံလိုက်နဲ့ ဖြစ်နေရတာလဲ ဆရာတော်၊ ပိဋကတ်တော်မှာ ပါရင်လည်း နည်းနည်းလောက်ထုတ်ပြီး ရှင်းလင်းပြပါဦးဘုရား။
   

အသူရာဆိုတာ နတ်လား ပြိတ္တာလား

အသူရာဆိုတာ နတ်လား ပြိတ္တာလား

    ဒကာ။        ။ အသူရာပြည်တို့၊ အသူရကာယ်ပြည်တို့ဆိုတာ နတ်ပြည်လား၊ အပါယ်လေးပါးထဲက အသူရကာယ်ပြည်လား၊ သူတို့ဘ၀က နတ်ဘ၀လား၊ ပြိတ္တာဘ၀လား ဆရာတော်။ အဲဒီ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို ရှင်းပြပါဦး ဘုရား၊ သိကြားမင်းနဲ့ စစ်ခင်းတယ်၊ နေ့ခံညစံရတယ် ဘယ့်နယ် ညာနယ်နဲ့ ရှုပ်ပွေလွန်းလို့၊ ငြင်းခုံနေကြတာလည်း လွန်ရောပဲ။
   

Monday, January 10, 2011

ရှိပြီး ရွှေငွေ မစွန့်ဘဲ လူများ ဆယ်ပါးသီလ စောင့်ကောင်းသလော

ရှိပြီး ရွှေငွေ မစွန့်ဘဲ လူများ ဆယ်ပါးသီလ စောင့်ကောင်းသလော

          ဒကာ။           ။ ဆယ်ပါးသီလစောင့်သုံးလိုသောသူသည် မိမိမှာရှိသမျှ ရွှေငွေရတနာ တို့ကို အာလယပြတ် စွန့်ပစ်ပြီးမှသာ စောင့်ထိန်းကောင်းသည်၊ လုံခြုံသည်ဟု ပထမ ဆရာအချို့က ဟောကြားကြပါသည်။
                                      ဒုတိယဆရာအချို့ကလည်း မိမိထံမှာ ရှေးက ရှိနေပြီးသော ရွှေငွေရတနာ တို့ကို စွန့်ပစ်ဖို့ မလိုပါဘူး၊ ဇာတရူပ သိက္ခာပုဒ်က အသစ် အသစ် ရွှေငွေရတနာ တို့ကိုသာ မခံယူရ၊ မကိုင်တွယ်ရ၊ မသုံးစွဲရ၊ တောင်းခံခြင်းမပြုရဟု တားမြစ်တာပါ၊ လက်ရှိ ရွှေငွေရတနာတို့ကို မစွန့်ဘဲလည်း ဆောက်တည် ကျင့်သုံးကောင်းပါတယ်၊ ကိုယ် မကိုင်တွယ် မသုံးစွဲရင် ပြီးတာပဲ၊ သီလ မပျက်စီးနိုင်ဘူး လို့ ဟောကြားကြပါတယ်၊ အဲဒါ စာပေက ဘယ်လိုများ အဆိုပြုထားပါသလဲ ဆရာတော်၊ တိုတိုပေါ့ ဘုရား သိပါရစေ။
         

Sunday, January 9, 2011

အာဒိဗြဟ္မစရိယသီလဆိုတာ ဘယ်သီလမျိုးလဲ ဘယ်တရား၏ အစအဦး အာဒိလဲ

အာဒိဗြဟ္မစရိယသီလဆိုတာ ဘယ်သီလမျိုးလဲ ဘယ်တရား၏ အစအဦး အာဒိလဲ

          ဒကာ။           ။ သီလတွေထဲမှာ အာဒိ ဗြဟ္မစရိယသီလဆိုတာ အရေးကြီးတယ်၊ သူဟာ မဂ်ဖိုလ်တို့ရဲ့ ရပိုင်မှု အစ အဦး အာဒိပဲ၊ တရားအားထုတ်တဲ့ယောဂီဟာ ဒီအာဒိဗြဟ္မစရိယ သီလကို စောင့်ထိန်းရမည်ဟု ဟောပြောနေကြတယ်။
                   တချို့ကလည်း ဒီသီလဟာ ဘုရားဟော မဟုတ်ဘူး၊ ရိပ်သာဆရာတွေက အသစ်အဆန်း တီထွင်ထားကြတာ၊ လူသားတို့အတွက် ငါးပါး,ရှစ်ပါး,ဆယ်ပါး သီလ တို့ကိုသာ ဘုရားဟောတော်မူတာဟု ပြောဆိုနေကြပါတယ်၊ ဒါ့ကြောင့်။
                   (၁)     ယင်း အာဒိဗြဟ္မစရိယသီလဟာ ဘယ်သီလမျိုးလဲ။
                   (၂)     ဘုရားဟောတော်မူတာ ဟုတ်ရဲ့လား၊ ဘယ် ပိဋကတ်တော်မှာ ပါသလဲ။
                   (၃)     ဘယ်တရား၏ အစအဦးလဲ၊
တိုတိုနဲ့ပဲ သိပါရစေ ဆရာတော်၊ ပါဠိတွေထုတ်ပြီး အရှည်ကြီးတော့ မလုပ်ပါနဲ့ဘုရား၊ နားလည်မှာလည်း မဟုတ်ပါဘူး။
         

ငါးပါးသီလဟာ လူတို့၏ နိစ္စသီလလော

ငါးပါးသီလဟာ လူတို့၏ နိစ္စသီလလော

          ဒကာ။           ။ ဆရာတော်က လူတို့မှာ အမြဲတစေ စောင့်သုံးရမည့် နိစ္စသီလမျိုး မရှိဟု မိန့်ဆိုသွားပေမယ့် ဆရာထိုထိုတို့ကတော့ လူတို့သည် ငါးပါးသီလကို မိမိတို့ ခါးဝတ်ပုဆိုး, ထမီ ကဲ့သို့ အမြဲစောင့်ထိန်းရမည့် နိစ္စသီလမျိုးဖြစ်သည်၊ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းကြဟု ဟောကြားဆုံးမ သွားကြတာချည်းပဲမို့ ငါးပါးသီလဟာ လူတို့ရဲ့ နိစ္စသီလ မဟုတ်ဘူးလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။
         

ဥပုသ်သည်တို့မှာ သီလတပါးပျက်လျှင် အကုန်လုံး ပျက်ကရောလား

ဥပုသ်သည်တို့မှာ သီလတပါးပျက်လျှင် အကုန်လုံး ပျက်ကရောလား

          ဒကာ။           ။ ဆရာအချို့က ဥပုသ်သည်ဆိုတာ ကိုယ်ခံယူထားတဲ့ သီလကို အသက်တမျှ ရိုသေစွာ စောင့်ထိန်းရတယ်၊ ရှစ်ပါးသီလထဲက သိက္ခာပုဒ် တပါးပျက်သွားရင် အကုန်လုံး ပျက်စီးကုန်ရောလို့ ဟောပြောဆုံးမကြပါတယ်။
                             ဆရာအချို့ကတော့လည်း သည်လိုမဟုတ်ပါဘူးတဲ့၊ ကိုယ်ဆောက်တည် ခံယူထားတဲ့ သိက္ခာပုဒ်တွေထဲက တပါးပျက်သွားရုံနဲ့ အကုန်လုံး ပျက်မသွားပါဘူး၊ ကိုယ်ခံယူဆောက်တည်ထားတဲ့ ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလ အားလျော်စွာပေါ့၊ မိမိမကျူးလွန်တဲ့ သိက္ခာပုဒ်တွေကတော့ ကျန်နေတာပါပဲ မပျက်စီးပါဘူး လို့ ဟောပြောဆုံးမကြပါတယ်၊ ဘယ်ဝါဒက မှန်ပါသလဲ ဆရာတော်။