သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, July 30, 2010

ဝိပဿနာလောကီမဂ်က မဂ်ကိစ္စလေးချက်ကို တချက်တည်းနဲ့ ပြီးစေနိုင်သလား

ဝိပဿနာလောကီမဂ်က မဂ်ကိစ္စလေးချက်ကို တချက်တည်းနဲ့ ပြီးစေနိုင်သလား

ဒကာ။ ။ ခုကာလ ယောဂီတွေ မှတ်သားပွားများ အားထုတ်နေကြတဲ့ ၀ိပဿနာတရားက လောကီကုသိုလ်တွေသာဖြစ်နေတဲ့ဟာပဲ၊ အဲဒီ ၀ိပဿနာ လောကီမဂ်က မဂ်ကိစ္စလေးချက်ကို တပြိုင်နက် တချက်တည်းနဲ့ ပြီးစေနိုင်တယ်လို့ ဟောပြောနေကြတာတွေဟာ မလွန်လွန်းဘူးလား ဆရာတော်၊ ဟုတ်မှန်ပါ့မလား ဘုရား၊ ရှင်းပြပါဦး။

ခန္ဓာ အာယတန ဓာတ်တိုင်း သံသရာဝဋ်ဒုက္ခမည်သလား

ခန္ဓာ အာယတန ဓာတ်တိုင်း သံသရာဝဋ်ဒုက္ခမည်သလား

ဒကာ။ ။ ခန္ဓာ အာယတန ဓာတ် သဘောတွေ မပြတ်ဖြစ်ပျက်နေတာကို သံသရာဝဋ်ဒုက္ခဟု အစဉ်အလာ ဟောကြားနေကြရာ တချို့ဓမ္မဆရာတွေက သံသရာဝဋ်ထဲမပါတဲ့ ခန္ဓာ အာယတန ဓာတ် တွေလည်း ရှိသေးတယ်ပြောကြားနေကြလို့ ခွဲခြားပြီး သိပါရစေ ဆရာတော်။

Tuesday, July 27, 2010

ဥပါဒါနက္ခန္ဓာ ရှိသလို အနုပါဒါနက္ခန္ဓာ ရှိပါ သလော

ဥပါဒါနက္ခန္ဓာ ရှိသလို အနုပါဒါနက္ခန္ဓာ ရှိပါ သလော

ဒကာ။ ။ လောကထဲမှာ အမှောင်ရှိသလို အလင်းလည်းရှိတာပဲ၊ အသေတရားရှိသလို မသေတရားလည်း ရှိတာပဲ၊ ကုသိုလ်တရားရှိသလို အကုသိုလ်တရားလည်း ရှိတာပဲ၊ ဒါကြောင့် ဥပါဒါနက္ခန္ဓာ ရှိသလို အနုပါဒါနက္ခန္ဓာ ကော မရှိကောင်းဘူးလား ဆရာတော်။

အကောင်ပုပ် ပညတ်နိမိတ်အာရုံဖြင့် ၀ိပဿနာဉာဏ် ဖြစ်မည်လော

အကောင်ပုပ် ပညတ်နိမိတ်အာရုံဖြင့် ၀ိပဿနာဉာဏ် ဖြစ်မည်လော

ဒကာ။ ။ ၀ိပဿနာဉာဏ်ဖြင့် ကိုယ်တွင်းကိုရှုမှတ်သောအခါ ကိုယ်ကောင်ကြီးပုပ်ပွလာတာတွေ သွေးပြည်တွေထွက်ကျနေပြီး ရောင်ကားနေတဲ့ သူသေကောင်ကြီးလို မိမိကိုယ်ကိုမြင်မြင်နေရတဲ့ တကယ်အဖြစ် ပရမတ်အစစ်မဟုတ်တဲ့ စိတ်ကူးမှု ပညတ်အာရုံတွေဟာ ၀ိပဿနာဉာဏ်ဖြစ်နိုင်ပါ့မလား ဆရာတော်၊ တချို့က အဲဒီ အပုပ်ကောင်ကြီးဟာလည်း ၀ိပဿနာအာရုံဖြစ်တာပဲဟု ဟောကြပါသည်၊ တချို့ကလည်း ၀ိပဿနာအာရုံ မဖြစ်ဟု ပြောနေကြပါသည်။

Friday, July 23, 2010

သုခိနြေ္ဒ ၂ မျိုး၊ သောမနဿိနြေ္ဒ ၂ မျိုး ရယ်လို့ ရှိပါသလား

သုခိနြေ္ဒ ၂ မျိုး၊ သောမနဿိနြေ္ဒ ၂ မျိုး ရယ်လို့ ရှိပါသလား
ဒကာ။ ။ ဝေဒနာနဲ့စပ်ပြီး ဣန္ဒြိယဘေဒ သရုပ်ခွဲတဲ့အခါမှာ သုခိနြေ္ဒ နှစ်မျိုး၊ သောမနဿိနြေ္ဒ နှစ်မျိုး၊ ဟု ဆရာတော်တပါးကပြောလို့ ရှုပ်ထွေးကုန်ပြီ ဆရာတော်၊ ရှင်းပြပေးပါဦး ဘုရား။


တိုတိုကျဉ်းကျဉ်းကလေးနဲ့ အာနာပါန သမထနည်းနဲ့ ၀ိပဿနာ ရှုပုံ

တိုတိုကျဉ်းကျဉ်းကလေးနဲ့ အာနာပါန သမထနည်းနဲ့ ၀ိပဿနာ ရှုပုံ

ဒကာ။ ။ အာနာပါနကမ္မဋ္ဌာန်း၏ ဈာန်အဘိညာဉ် တန်ခိုးရှင် ထွက်ရပ်ပေါက် သမထသက်သက်လမ်းနဲ့၊ မဂ်ဖိုလ်နိဗ္ဗာန်သွားတဲ့ ၀ိပဿနာသက်သက်လမ်း လုပ်ငန်းနည်းများကို တိုတိုကျဉ်းကျဉ်းကလေးနဲ့ သိပါရစေ ဆရာတော်။

Saturday, July 17, 2010

သမ္မာသမ္ဗုဒ္ဓ၏ အရဟတ္တမဂ်ဉာဏ်နှင့် ပစ္စေကဗုဒ္ဓါ၏ အရဟတ္တမဂ်ဉာဏ်တို့ဟာ ကိလေသာ ပယ်ပုံချင်းတော့ အတူတူပဲ မဟုတ်လား? ၀ါသနာဆိုတာ ကိလေသာလား၊ ဘာလဲ?၀ါသနာဆိုတာ ဘာစကားလဲ?

သမ္မာသမ္ဗုဒ္ဓ၏ အရဟတ္တမဂ်ဉာဏ်နှင့် ပစ္စေကဗုဒ္ဓါ၏ အရဟတ္တမဂ်ဉာဏ်တို့ဟာ
ကိလေသာ ပယ်ပုံချင်းတော့ အတူတူပဲ မဟုတ်လား

ဒကာ။ ။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်လည်း ဆရာမရှိဘဲ သစ္စာလေးပါးကိုသိကာ ထောင့်ငါးရာကိလေသာတို့ကို ၎င်းရတဲ့ အရဟတ္တမဂ်ဉာဏ်က ပယ်လျက် သဗ္ဗညုတဂုဏ်ထူးရကာ ဘုရားဖြစ်သွားတာပဲ။
ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေလည်း ဆရာမရှိဘဲ သစ္စာလေးပါးကိုသိကာ ထောင့်ငါးရာကိလေသာတို့ကို ပယ်လျက် ပစ္စေကဗုဒ္ဓါ ဖြစ်သွားကြတာပဲ။
ဒါ့ကြောင့် အဲဒီ အရဟတ္တမဂ်ဉာဏ် နှစ်ပါးဟာ ကိလေသာပယ်တဲ့ နေရာမှာတော့ အတူတူပဲ မဟုတ်လား ဆရာတော်၊ ထူးခြားချက်များ ရှိပါသေးသလား။

ခဏိက သမာဓိ ဆိုတာ ရှိကောင်းသလော

ခဏိက သမာဓိ ဆိုတာ ရှိကောင်းသလော
ဒကာ။ ။ ၀ိပဿနာလုပ်ငန်း၌ အာရုံတို့ ပေါ်ခန်း ပျက်ခန်းကို သမ္မာသမာဓိ မဂ္ဂင်လမ်းဖြင့် မနားတမ်းလိုက်မှတ် ရှုပွားနေရတဲ့သူဟာ လျင်မြန်လှတဲ့ ဖြစ်ခဏ ပျက်ခဏထဲမှာ တည်တံ့ငြိမ်ဝပ်မှုဖြစ်တဲ့ ခဏိက သမာဓိရယ်လို့ ရှိနိုင်ဦးမှာလား ဘုရား၊ ပိဋကတ်တော်ထဲက အထောက်အထားများရှိရင် ရှင်းလင်းဖော်ပြပေးပါ ဆရာတော်။

Thursday, July 15, 2010

နာမ်ကလာပ်စည်းတော့ မရှိကောင်းဘူးလော

နာမ်ကလာပ်စည်းတော့ မရှိကောင်းဘူးလော
ဒကာ။ ။ အဘိဓမ္မာ ရုပ်နာမ်နဲ့ စပ်ရင် ရုပ်ကလာပ်စည်း ရုပ်ကလာပ်စည်းနဲ့သာပြော ဟောကြတယ်၊ နာမ်ကလာပ်စည်းလို့တော့ ဘယ်သူမှ မပြော၊ မဟောတာ မရှိကောင်းလို့လား ဆရာတော်။

Tuesday, July 13, 2010

ထွက်လေ ၀င်လေ ထိသိ မှတ်နေတာလေးနဲ့ လောဘ ဒေါသ မောဟ ကင်းငြိမ်းကာ သိဒ္ဓိရှင် ဖြစ်နိုင်သလား

ထွက်လေ ၀င်လေ ထိသိ မှတ်နေတာလေးနဲ့ လောဘ ဒေါသ မောဟ ကင်းငြိမ်းကာ သိဒ္ဓိရှင် ဖြစ်နိုင်သလား
ဒကာ။ ။ ကိုယ်ထဲ အမြဲဖြစ်ပေါ်နေတဲ့ ထွက်လေ ၀င်လေ ထိသိ သတိ အာနာပါန ကမ္မဋ္ဌာန်းကို ပွားများ မှတ်သားနေရုံနဲ့ ကိလေသာ ကင်းကွာ ငြိမ်းအေးခြင်း၊ စိတ်ချမ်းသာခြင်း၊ တန်ခိုးသိဒ္ဓိရှိခြင်း စတဲ့ လောကီ လောကုတ္တရာ အကျိုးတရားစုတွေ ခံစားရတယ်ဆိုတာ ဟုတ်မှန်ပါသလား ဆရာတော်၊ ရှင်းပြပေးပါဦးဘုရား။

Sunday, July 11, 2010

ပရမတ္ထတရားများဟာ ထင်ရှားရှိနေပါလျက် ဘာကြောင့် သုညဟု တွက်ယူခေါ်ဆိုပါသနည်း

ပရမတ္ထတရားများဟာ ထင်ရှားရှိနေပါလျက် ဘာကြောင့် သုညဟု တွက်ယူခေါ်ဆိုပါသနည်း
ဒကာ။ ။ ပရမတ္ထတရားများဟာ မဖောက်မပြန် မှန်ကန်စွာ ထင်ထင်ရှားရှားရှိနေသော ပရမတ္ထသစ္စာများသာ ဖြစ်ပါလျက် ဘာကြောင့် သုည သုည ပြောဟောကာ သုညတရားထဲ ထည့်သွင်းကြပါသလဲ ဆရာတော်။

ကြည်လင်တောက်ပနေတဲ့ စိတ်မနောကို သူ့အတိုင်းထားလို့ ရပါသလား

ကြည်လင်တောက်ပနေတဲ့ စိတ်မနောကို သူ့အတိုင်းထားလို့ ရပါသလား
ဒကာ။ ။ အချို့သော ဓမ္မကထိကတွေက “ပဘဿရ မိဒံ ဘိက္ခဝေ စိတ္တံ” ရဟန်းတို့ ဤစိတ်ခေါ်သော မနောဝိညာဏ်သည် ဖြူစင်တောက်ပသော သဘောရှိ၏။ ထို့ကြောင့် စိတ်ကို စိတ်အတိုင်းထားရမည်၊ သူ့သက်သက်တိုင်း ထားကြဟု ဟောကြားနေရာ၊ တချို့ကလည်း အဲဒီတရားဟာမမှန်ဘူး၊ စိတ်ဟာအရိုင်းသဘောကို ဆောင်သည်၊ “စိတ္တံ ဒန္တံ သုခါဝဟံ” စိတ်ကိုယဉ်ကျေးအောင် ဆုံးမ ပေးရမည်-ဟု ဟောပြောကြပြန်ပါတယ်၊ တပည့်တော်တို့ အမှန်သိရအောင် အမှန်တရားကို ဖြေကြားပေးပါဦး ဆရာတော်၊ စိတ်ကို စိတ်အတိုင်းထားလို့ ရတယ်၊ မရဘူး၊ ဆိုတာ အရေးကြီးလွန်းလို့ပါဘုရား။

Sunday, July 4, 2010

ဝုဋ္ဌာနဂါမိနီ ဉာဏ်ပညာဆိုတာ ဘယ်လို ဉာဏ်ပညာမျိုးလဲ

ဝုဋ္ဌာနဂါမိနီ ဉာဏ်ပညာဆိုတာ ဘယ်လို ဉာဏ်ပညာမျိုးလဲ
ဒကာ။ ။ ၀ုဋ္ဌာနဂါမိနီ ဉာဏ်၊ ၀ုဋ္ဌာနဂါမိနီ ပညာဆိုတာ ဘယ်အခါမျိုးမှာ ဖြစ်ပေါ်လျက် ဘယ်နေရာဌာနမျိုးမှာ အသုံးပြုခေါ်ဝေါ်တာပါလဲ ဆရာတော်၊ ယင်း အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကိုလည်း သိပါရစေ ဘုရား။

ဒါန သီလသည် မဂ္ဂင်ရှစ်ပါးထဲ မပါဝင်ဘူးလား

ဒါန သီလသည် မဂ္ဂင်ရှစ်ပါးထဲ မပါဝင်ဘူးလား
ဒကာ။ ။ ယခုလူတို့ ပေးလှူတဲ့ ဒါန၊ ဆောက်တည်တဲ့ သီလ ကုသိုလ်တွေဟာ မဂ္ဂင်ရှစ်ပါးထဲ မ၀င်ဘူးလိုလို ပြောဆိုနေကြတာ မှန်ပါသလားဆရာတော်၊ သူတို့အဆိုက ၀ိပဿနာ ဘာဝနာကုသိုလ်ကမှ မဂ္ဂင်ထဲဝင်သလိုလိုပဲ၊ အဲဒါ အဖြေပေးပါဦး ဘုရား။