သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Sunday, August 29, 2010

မြင် ကြား နံ သိ စိတ်တွေဟာ ဥပေက္ခာ သုခ ဒုက္ခ ဝေဒနာတို့လော

မြင် ကြား နံ သိ စိတ်တွေဟာ ဥပေက္ခာ သုခ ဒုက္ခ ဝေဒနာတို့လော

ဒကာ။ ။ မြင်သိ ကြားသိ နံသိ စတဲ့ ပဉ္စဝိညာဏ်စိတ်တွေဟာ ဥပေက္ခာစိတ်တွေလို့ သင်္ဂြိုဟ်ကျမ်းမှာ သင်ဖူးပါတယ်၊ ဒါကို ဆရာတချို့က မြင်သိ စက္ခုဝိညာဉ်စတဲ့ စိတ်တွေဟာ သုခရော ဒုက္ခပါ ဝေဒနာသုံးမျိုးလုံး ရှိတယ်၊ ဒါကိုသိအောင် ရှုမှတ်ရမည်လို့ ဟောကြားနေကြတယ်၊ ကျမ်းဂန်က ဘယ်လိုများ ညွှန်ကြားထားတယ်ဆိုတာ ရှင်းပြပေးပါဦး ဆရာတော်။

ရဟန္တာများဟာ အပိုစကားတွေပြောကြားသေးသလား

ရဟန္တာများဟာ အပိုစကားတွေပြောကြားသေးသလား

ဒကာ။ ။ အရဟတ္တမဂ်ဖိုလ်ရပြီးတဲ့ ရဟန္တာအရှင်မြတ်များဟာ လူတို့ ပြောဆိုနေကျ တိုင်းရေး ပြည်ရေး မင်းရေး စိုးရေး ရောင်းဝယ်ဖောက်ကား စီးပွားရေး စတဲ့ အပိုစကားတွေ ပြောကြားကြသေးသလား ဆရာတော်၊ ကျမ်းဂန်က ဘယ်လိုများ မိန့်ဆိုထားပါသလဲ။

Sunday, August 22, 2010

သဿတနှင့် ဥစ္ဆေဒဒိဋ္ဌိမှ လွတ်ကင်းအောင်ကော

သဿတနှင့် ဥစ္ဆေဒဒိဋ္ဌိမှ လွတ်ကင်းအောင်ကော

ဒကာ။ ။ ဒကာကြီးတို့ ကိုရင်သာမဏေဝတ်တုံးက လိင်ဆယ်ပါး သိက္ခာပုဒ်ထဲမှာ (မိစ္ဆာဒိဋ္ဌိကော ဟောတိ၊ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ - ဟု မှားသော အယူရှိလျှင် ကိုရင်သာမဏေ မဟုတ်၊ လူဖြစ်၏ ဟု) ပါရှိပါတယ်၊ ဒီအယူနှစ်ပါး လွတ်အောင် ဘယ်လိုမှတ်ယူရမည်ဆိုတာ အသိလွယ်လွယ်နဲ့ ရှင်းပြပါဦး ဆရာတော်။

ဒါနကုသိုလ် မဂ် ဖိုလ် မရဘူးလား

ဒါနကုသိုလ် မဂ် ဖိုလ် မရဘူးလား

ဒကာ။ ။ ဆရာအချို့က ဒါနကုသိုလ်သည် မဂ် ဖိုလ် နိဗ္ဗာန် မရဟု ဒါနသမားတွေကို ကဲ့ရဲ့ပြစ်တင် စကားတင်းဆိုတဲ့သဘောနဲ့ ဟောပြောနေကြတာဟာ ဟုတ်မှန်ပါသလား ဆရာတော်။

ဘဝပြတ် ဥစ္ဆေဒဒိဋ္ဌိ သမား၌ ငါစွဲ အတ္တ မရှိဘူးလော

ဘဝပြတ် ဥစ္ဆေဒဒိဋ္ဌိ သမား၌ ငါစွဲ အတ္တ မရှိဘူးလော

ဒကာ။ ။ ရုပ်ဝါဒီသမားတွေက ဘဝတပါးပြောင်းသွားတဲ့ ပုဂ္ဂိုလ်သတ္တဝါ ဆိုတာ မရှိဘူး၊ ဒီရုပ်ကောင်ဒြပ်ကြီးဟာ မသေခင်ပဲ ရှိနေတာ၊ သေသွားရင် ပြီးပြတ်သွားတာပဲ၊ ဘဝတပါးမဖြစ်တော့ဘူး၊ ဒါ့ကြောင့် သူတို့ဟာ အတ္တဒိဋ္ဌိစွဲ မရှိတဲ့ အနတ္တဝါဒီတွေလို့ ပြောဟောနေကြတာ မှန်ပါသလား ဆရာတော်။

Friday, August 20, 2010

သောတာပန် ဆိုတာ ဘာလဲ

သောတာပန် ဆိုတာ ဘာလဲ

ဒကာ။ ။ သောတာပန် သောတာပန်နဲ့ ခေါ်ဆိုနေကြတာ သောတာပန် ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်သဘောကို သိပါရစေ ဆရာတော်၊ ဆရာတော်က မြန်မာ ပါဠိ အဘိဓာန် ကျမ်းပြုပုဂ္ဂိုလ်မို့ မေးရတာပါဘုရား။

တင်ပလ္လင်ခွေ ထိုင်ပုံနည်းများ အဖွင့်ဋီကာ ရှိသလား? မိန်းမများ တင်ပလ္လင်ခွေ ထိုင်ကောင်းသလား?

တင်ပလ္လင်ခွေ ထိုင်ပုံနည်းများ အဖွင့်ဋီကာ ရှိသလား

ဒကာ။ ။ စာပေကျမ်းဂန်မှာ (ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံကတွာ) ထက်ဝယ်ဖွဲ့ခွေထိုင်၍ ကိုယ်ကိုဖြောင့်စွာထား၍နဲ့ တွေ့ရ ဖတ်ရပါတယ်၊ အဲဒီ ထိုင်ပုံ အဓိပ္ပာယ်အဖွင့်များကို ဘယ်လိုတွေ့ဖူးပါသလဲ ဆရာတော်။

မြတ်စွာဘုရား၏ ခြေတော်အစုံကို နဖူးတိုက် ဦးခိုက်သော အမျိုးသမီးများ ရှိသလား

မြတ်စွာဘုရား၏ ခြေတော်အစုံကို နဖူးတိုက် ဦးခိုက်သော အမျိုးသမီးများ ရှိသလား

ဒကာ။ ။ မြတ်စွာဘုရား လက်ထက်တော်က မြတ်ဘုရားနဲ့ ရင်းနှီးစွာ ခြေတော်ရင်း၌ ဝပ်စင်းရှိခိုးလျက် ခြေတော်အစုံကို နဖူးတိုက်ဦးခိုက် ပူဇော်တဲ့ အမျိုးသမီးများ ရှိဖူးပါသလားဆရာတော်၊ ဓမ္မကထိက ဆရာတော်တပါးက ရှိတယ်လို့ ဟောကြားသွားလို့ပါ။

Wednesday, August 18, 2010

ဘုရားကျောင်းတော် စေတီပေါ်သို့ မိန်းမများ မ၀င်ကောင်း မထိကောင်း ရှိမခိုးကောင်းဘူးလား၊ ကျိုက်ထီးရိုးစေတီဘက် မိန်းမများ တက်ကောင်းသလော၊ ကျိုက္ခမီဘုရားတန်ဆောင်းပေါ် မိန်းမများ တက်ကောင်းသလော

ဘုရားကျောင်းတော် စေတီပေါ်သို့ မိန်းမများ မ၀င်ကောင်း မထိကောင်း ရှိမခိုးကောင်းဘူးလား
ဒကာ။ ။ ခုခေတ်ကာလ အချို့သော ဘုရားလူကြီးတွေက ဤစေတီတော်က တန်ခိုးကြီးသည် နတ်ကြီးသည် ဒါကြောင့် ဤစေတီအနီးသို့ မိန်းမများ ချဉ်းကပ်ထိကိုင်လျက် ရှိခိုးဦးတိုက်ခြင်းမပြုရ၊ ပြုလုပ်လျှင် လေကြီးမိုးကြီးကျလိမ့်မည်၊ ကျားတို့ ဆင်တို့ ထလိမ့်မည်ဟု ခြိမ်းခြောက်တားမြစ်ကြပါသည်၊ ပုံပမာ ကျိုက်ထီးရိုးစေတီတို့လို ဟာမျိုး။
အချို့သော ဂေါပကလူကြီးတွေကလည်း ဤဘုရားသခင် သီတင်းသုံးနေထိုင်တော်မူရာ ဂန္ဓကုဋီကျောင်းတော်သို့ မိန်းမများ မတက်ရ၊ မဝင်ရ၊ ဆွမ်းတော်ပန်းတော်ကပ်ခြင်း တံမြက်စည်းလှည်းခြင်း ပွတ်တိုက်သန့်ရှင်းခြင်း ရှိခိုးဦးတိုက်ခြင်း မပြုရ၊ ပြုလုပ်လျှင် ပင်လယ်လှိုင်း ဝဲဂယက်ကြီးက ဆူပွက်မျိုဝါး၍ သွားလိမ့်မည်ဟု ခြိမ်းခြောက်တားမြစ်ကြသောကြောင်း အဝေးကြီးကနေပြီး ဖူးမြော်ရှိခိုးကြရပါသည်၊ ပုံပမာ ကျိုက္ခမီမြတ်ဘုရားလို ဟာမျိုး။
ဘုရားဟော ပိဋကတ်တော်မှာ သည်လိုတားမြစ်ချက်တွေများရှိပါသလား ဆရာတော်၊ မိန်းမများအတွက် သက်သက် စိတ်နှလုံး မကြည်စရာ ဖြစ်နေပါ၍ ပိဋကတ်တော် အထောက်အထားနဲ့ လူအများတို့ နားလည်အောင် တားမြစ်ပုံ ခွင့်ပြုပုံများ ရှိ မရှိ အဆုံးအဖြတ်များ ပေးသနားတော်မူပါဘုရား။

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့မှာ အကုသိုလ်ကံတွေရှိနေလို့ ဝဋ်လိုက်တာလား? ကုသိုလ်ပယ်နိုင်ပုံ၊ အကုသိုလ်ကံ ပယ်နိုင်ပုံနည်း။

ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့မှာ အကုသိုလ်ကံတွေရှိနေလို့ ဝဋ်လိုက်တာလား
ဒကာ။ ။ ကုသလာ ကုသလံ ဇဟံ၊ ၊ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပယ်စွန့်တော်မူပြီးကြပြီလို့လည်းဆိုသေးရဲ့၊ မြတ်စွာဘုရားမှာ ဝဋ်တော် တဆယ့်နှစ်ပါး လိုက်တယ်လည်း ဆိုသေးရဲ့။
အကုသိုလ်ကံတွေကို အရဟတ္တမဂ်ဖြင့် ပယ်စွန့်ပြီးမှပဲဟာ၊ ဘုရားမှာ ဝဋ်လိုက်လို့ ဒုက္ခဆင်းရဲ အရှက်တကွဲတွေ ခံရသေးတယ်ဆိုတာ ဟုတ်ပါသလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။

ရုပ်တရားများကို ပထဝီရုပ်စသည် မခွဲခြားဘဲ တပေါင်းတည်းစုကာ ဝိပဿနာရှုလို့ ရသလား

ရုပ်တရားများကို ပထဝီရုပ်စသည် မခွဲခြားဘဲ တပေါင်းတည်းစုကာ ဝိပဿနာရှုလို့ ရသလား
ဒကာ။ ။ ဝိပဿနာတရားပွားများတဲ့အခါ ရုပ်ဓာတ်တွေကို တခုစီခွဲခြားမရှုပွားဘဲ တပေါင်းတည်း ရှုမှတ်သွားလို့ကော မရဘူးလားဆရာတော်၊ ပထဝီရုပ်တွေ တေဇောရုပ်တွေနဲ့ ရှုမှတ်ရတာ ရှုပ်လှလို့ပါ၊ ရုပ်ဟူသမျှ တပေါင်းတည်း ရှုမှတ်ပွားများနည်း ဘုရားဟောရှိရင် သိပါရစေဆရာတော်။

Friday, August 13, 2010

သောတာပန်မှာ ငါ့လင် ငါ့သား ဒိဋ္ဌိစွဲ ရှိလို့လား

သောတာပန်မှာ ငါ့လင် ငါ့သား ဒိဋ္ဌိစွဲ ရှိလို့လား

ဒကာ။ ။ သောတာပတ္တိမဂ်က ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကို အကြွင်းမဲ့ ပယ်တယ်ဆိုတာ ဘယ်ဒိဋ္ဌိကို ပယ်တာလဲ ဆရာတော်။
သောတာပန်တွေဟာ လင်ယူ သားမွေး ရောင်းဝယ်ရေးကိစ္စတွေ လုပ်နေသေးတယ်၊ သား မြေး လင် သေတော့လည်း ငိုကြွေးသေးတယ် ဆိုတော့ကာ ဒိဋ္ဌိစွဲ မကုန်သေးလို့သာ ဖြစ်ရမှာပေါ့၊ ရှင်းပြပါဦးဆရာတော်၊ လွယ်လွယ်နဲ့ သိနိုင်အောင်ပေါ့ ဘုရား။

ငါ ငါ့ဥစ္စာ မရှိတဲ့ ၀ိပဿနာကို ရှု ရှု နေတာ ဘယ်သူ့အတွက်လဲတဲ့

ငါ ငါ့ဥစ္စာ မရှိတဲ့ ၀ိပဿနာကို ရှု ရှု နေတာ ဘယ်သူ့အတွက်လဲတဲ့

ဒကာ။ ။ ဤလောက၌ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ ဆိုတာမရှိ၊ ရုပ်နာမ်နှစ်ပါးသာ ရှိ၏။ ထိုရုပ်နာမ်နှစ်ပါးတို့ဟာလည်း ဖြစ်ပြီးလျှင် ပျက်၍သွားကြကုန်၏ဟု ရှုမှတ်နေကြတဲ့ ဝိပဿနာအလုပ်ဟာ ဘယ်သူ့အတွက် ပြုလုပ်ရှုမှတ် ပွားများနေကြတာလဲ ဆရာတော်၊ ငါကောင် သူကောင် ဆိုတာမှ မရှိတဲ့ဥစ္စာ ရှုမှတ်ခိုင်းနေရသေးသလား၊ အပိုပေါ့။

အကုသိုလ်တွေ ရှောင်ကြဉ်နေရင် သီလနဲ့ ပြည့်စုံတာပဲ မဟုတ်လား

အကုသိုလ်တွေ ရှောင်ကြဉ်နေရင် သီလနဲ့ ပြည့်စုံတာပဲ မဟုတ်လား
ဒကာ။ ။ မကောင်းတဲ့ အပြစ်ရှိတဲ့ အကုသိုလ်တရားတွေ ရှောင်ကြဉ်ကာနေရင် သီလနဲ့ပြည့်စုံတာပဲမဟုတ်လား ဆရာတော်၊ သီလခံယူ ဆောက်တည်နေစရာများ လိုသေးသလား ဘုရား။

နိဗ္ဗာန်မှာ ခံစားမှု ဝေဒနာမှ မရှိတဲ့ဟာ ဘယ့်နယ်လုပ် ချမ်းသာတာလဲ

နိဗ္ဗာန်မှာ ခံစားမှု ဝေဒနာမှ မရှိတဲ့ဟာ ဘယ့်နယ်လုပ် ချမ်းသာတာလဲ

ဒကာ။ ။ ချမ်းသာတာက သုခ၊ ခံစားတာက ဝေဒနာ၊ နိဗ္ဗာန်မှာ ခံစားမှု ဝေဒနာမှ မရှိတဲ့ဟာ၊ ဘာသုခကို ခံစားပြီးတော့ ဘယ်လို ဘယ့်နှယ်လုပ်ပြီး ချမ်းသာနေတာလဲ ဆရာတော်၊ နိဗ္ဗာန်မှာ ရုပ်နာမ်ရှိလို့လား။

Tuesday, August 10, 2010

နိဗ္ဗာန်ကို မျက်မှောက်ပြုပုံနည်း တိုတို ကျဉ်းကျဉ်းကလေး

နိဗ္ဗာန်ကို မျက်မှောက်ပြုပုံနည်း တိုတို ကျဉ်းကျဉ်းကလေး

ဒကာ။ ။ နိဗ္ဗာန သစ္ဆိကိရိယာစ ဧတံ မင်္ဂလမုတ္တမံ- ဆိုတဲ့ မင်္ဂလသုတ်ပါဠိကို ငယ်ငယ်တုံးက ကုန်းအော်ကျက်ခဲ့ရပေမဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတယ် ဆိုတာ ဘာမှန်းမှလည်း မသိခဲ့ပါ၊ ဒါ့ကြောင့် နိဗ္ဗာန်မျက်မှောက်ပြုပုံနည်းကို ကျဉ်းကျဉ်း တိုတိုကလေးနဲ့ ရှင်းပြပေးပါ ဆရာတော်။

လောကီကုသိုလ်စိတ်ဇောက နိဗ္ဗာန်အစစ်ကို အာရုံပြုနိုင်သလော

လောကီကုသိုလ်စိတ်ဇောက နိဗ္ဗာန်အစစ်ကို အာရုံပြုနိုင်သလော

ဒကာ။ ။ ယခုလူတွေ ကြိုးစားပွားများ အားထုတ်နေကြတဲ့ ၀ိပဿနာတရား လောကီကုသိုလ်စိတ်များက ရုပ်နာမ်တို့ချုပ်ငြိမ်းအေးချမ်းရာ နိဗ္ဗာန်အစစ်ကို အာရုံပြုနိုင်ပါသလား ဆရာတော်၊ လောကုတ္တရာ မဂ်စိတ် ဖိုလ်စိတ်တို့ကသာ နိဗ္ဗာန်ကို အာရုံပြုနိုင်တာ မဟုတ်ပါလားဘုရား။

သဗ္ဗေဓမ္မာ အနတ္တာ၌ သဗ္ဗေဓမ္မာပုဒ်အရ မဂ် ဖိုလ် နိဗ္ဗာန် ပါနိုင်သလား

သဗ္ဗေဓမ္မာ အနတ္တာ၌ သဗ္ဗေဓမ္မာပုဒ်အရ မဂ် ဖိုလ် နိဗ္ဗာန် ပါနိုင်သလား

ဒကာ။ ။ သဗ္ဗေဓမ္မာ အနတ္တာ- ဟူသော ဒေသနာတော်၌ သဗ္ဗေဓမ္မာပုဒ်အရ တချို့ဆရာများက မဂ် ဖိုလ် နိဗ္ဗာန်ကိုပါ အနတ္တ ယူရမည်လို့ ဟောပါတယ်၊ ဆရာတချို့ကတော့ လောကုတ္တရာတရားကိုးပါး မပါဘူး၊ လောကီရုပ်နာမ်ကိုသာ ယူရမည်ဟု ဟောပါတယ်၊ ဘယ်ဆရာတော် ဟောချက်က မှန်ပါသလဲ ဆရာတော်။

Sunday, August 8, 2010

ဘုရားလက်ထက် အသက်အရှည်ဆုံးရဟန္တာ ဘယ်သူလဲ၊ ဗာကုလဆိုတာ ဘာလဲ၊

ဘုရားလက်ထက် အသက်အရှည်ဆုံးရဟန္တာ ဘယ်သူလဲ

ဒကာ။ ။ မြတ်စွာဘုရားသခင် မျက်မှောက်၌ ၀င်ရောက်ရဟန်းပြုကြတဲ့ ရဟန်းတော်တွေထဲမှာ ဘယ်ရဟန္တာဟာ အသက်ရှည်ဆုံးပါလဲ ဆရာတော်။

သင်္ခါရဟာ အပြုသဘောလား၊ အပြုခံ သဘောလား။ အပြုသင်္ခါရ အလုပ်သမားများ၊ အပြုခံ သင်္ခါရမျိုးများ၊ ၀ိပဿနာသမားက ဘာသင်္ခါရကို မှတ်ရှုရမှာလဲ၊

သင်္ခါရဟာ အပြုသဘောလား၊ အပြုခံ သဘောလား

ဒကာ။ ။ ဓမ္မဆရာတွေ ဟောပြောနေကြတာ ဆရာတချို့ကလည်း သင်္ခါရ ဆိုတာ ပြုလုပ်တတ်တဲ့ အပြုသဘော ဓမ္မတွေသာဖြစ်တယ်တဲ့၊ ဆရာတချို့ကလည်း သင်္ခါရဆိုတာ ဒုက္ခဆင်းရဲတွေအမျိုးမျိုးကို ခံယူနေရတဲ့ အပြုခံရုပ်နာမ်ဓမ္မတွေကို ခေါ်ဆိုတာတဲ့၊ အဲဒီ နှစ်ပါး ဘယ်တရားက မှန်ပါသလဲ ဆရာတော်၊ ရှင်းပြပေးပါဦး ဘုရား။

Wednesday, August 4, 2010

တရားမှတ်ဆဲယောဂီမှာ ဝေဒနာချုပ်တယ်ဆိုတာ ဟုတ်မှန်ပါသလား? ဝေဒနာ ခွါနည်းနဲ့ ဝေဒနာချုပ်အောင် လုပ်နည်း?

တရားမှတ်ဆဲယောဂီမှာ ဝေဒနာချုပ်တယ်ဆိုတာ ဟုတ်မှန်ပါသလား

ဒကာ။ ။ ခုကာလ ၀ိပဿနာတရား ပွားများရှုမှတ်နေတဲ့ ယောဂီတွေက ဝေဒနာချုပ်အောင်လိုက်တယ်၊ ကျွတ်အောင်လိုက်တယ်၊ ဝေဒနာချုပ်မှ တရားအမှတ်ဖြုတ်တယ်တဲ့၊ သူတို့ရဲ့ ၀ိပဿနာ ဓမ္မဆရာများကလည်း ဝေဒနာချုပ်အောင် လိုက်ရမယ်လို့ စေခိုင်းတတ်ကြပါတယ်တဲ့၊ အဲဒါတွေဟာ မှန်ပါရဲ့လား ဆရာတော်၊ စိတ်ရှိသူမှာ ဝေဒနာချုပ်နိုင်ပါသလား။

သတိပဋ္ဌာန်တရားနဲ့မှသာ မဂ်ဖိုလ်ကို ရကောင်းသလား

သတိပဋ္ဌာန်တရားနဲ့မှသာ မဂ်ဖိုလ်ကို ရကောင်းသလား

ဒကာ။ ။ မြတ်ဗုဒ္ဓ၏ ပရိယတ္တိသာသနာအဆုံးအမတော်၌ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် ရှိနေတဲ့ဟာပဲ၊ သတိပဋ္ဌာန်တရားလေးပါးမှ တခြားဖြစ်သော တရားဓမ္မတွေနဲ့ အားထုတ်ရင်ကော မဂ်ဖိုလ်မရကောင်းဘူးလား ဆရာတော်။
တရားပြဓမ္မဆရာတွေက သူတို့ သာဝကတွေကို သတိပဋ္ဌာန်လေးပါးနဲ့ချည်း ပြ ပြ ပေးနေလို့ မေးရတာပါ၊ ပိဋကတ်တော်က ဘယ်လိုများ မှာထားပါသလဲ ဆရာတော်။

သောတာပန်က ဘယ်ကိလေသာနဲ့ ဘယ်သံယောဇဉ်တွေကိုပယ်သလဲ

သောတာပန်က ဘယ်ကိလေသာနဲ့ ဘယ်သံယောဇဉ်တွေကိုပယ်သလဲ

ဒကာ။ ။ သောတာပန် ပုဂ္ဂိုလ်ဟာ ကိလေသာ ဆယ်ပါးထဲက ဘာတွေကို ပယ်လျက် သံယောဇဉ်ဆယ်ပါးထဲကလည်း ဘယ်ဟာတွေကို ပယ်ပါသလဲ ဆရာတော်။

ဗျာပါဒနဲ့ ဒေါသတို့ဟာ ထူးခြားပါသလား

ဗျာပါဒနဲ့ ဒေါသတို့ဟာ ထူးခြားပါသလား

ဒကာ။ ။ ဗျာပါဒနဲ့ ဒေါသကို တချို့ဆရာတွေက ထူးခြားသော သဘောရှိတယ်တဲ့၊ တချို့ဆရာတွေကလည်း သဘောချင်း အတူတူပါပဲတဲ့၊ ဘယ်ဟာကို အမှန်ယူမှတ်ရမှာလဲ ဆရာတော်။