သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Friday, August 20, 2010

မြတ်စွာဘုရား၏ ခြေတော်အစုံကို နဖူးတိုက် ဦးခိုက်သော အမျိုးသမီးများ ရှိသလား

မြတ်စွာဘုရား၏ ခြေတော်အစုံကို နဖူးတိုက် ဦးခိုက်သော အမျိုးသမီးများ ရှိသလား

ဒကာ။ ။ မြတ်စွာဘုရား လက်ထက်တော်က မြတ်ဘုရားနဲ့ ရင်းနှီးစွာ ခြေတော်ရင်း၌ ဝပ်စင်းရှိခိုးလျက် ခြေတော်အစုံကို နဖူးတိုက်ဦးခိုက် ပူဇော်တဲ့ အမျိုးသမီးများ ရှိဖူးပါသလားဆရာတော်၊ ဓမ္မကထိက ဆရာတော်တပါးက ရှိတယ်လို့ ဟောကြားသွားလို့ပါ။

ဆရာ။ ။ ဟာ….ရှိတာပေါ့၊ မြတ်စွာဘုရားသခင်၏ မယ်တော်အရာမှာ တည်တဲ့ မိထွေးတော် ဂေါတမီဟာ မိန်းမအာဇာနည်ပဲ၊ သူ့ကို အကြောင်းပြုပြီးတော့ သာသနာတော်မှာ အမျိုးသမီးတွေ ရဟန်းပြုနိုင်တဲ့ အခွင့်အရေးတွေ ရလာတာ။
အဲဒီ မိထွေးတော်ဂေါတမီ ရဟန္တာမကြီးက ပရိနိဗ္ဗာန်ဝင်စံတော့မည့် အကြောင်း ဘုရားသခင်ထံ သွားပြီးတော့ ခွင့်တောင်းတဲ့အခါမှာ ပါဠိဂါထာတွေများစွာနဲ့ ပိဋကတ်တော်မှာ လာရှိတယ်၊ တောင်းဆိုတဲ့ လိုရင်းကတော့…..
ပုတ္တ = ဒုက္ခဆင်းရဲအပေါင်းကို ကုန်ဆုံးအောင် ဟောကြားသင်ပြ၍ ပေးသနားတော်မူသော သားတော်မြတ်ဘုရား၊ သားတော်မြတ်၏ “ စက္က သမ္ပုဏ္ဏ ကောမလ ပါဒ ” ဂုဏ်ကို ဆောင်တော်မူသော တရာ့ရှစ်ကွက် စက်လက္ခဏာတို့နှင့် ပြည့်စုံ၍ ကြာပန်းကဲ့သို့ နူးညံ့ပျော့ပျောင်းကုန်သော ခြေတော်အစုံတို့ကို ဆန့်တန်းတော်မူပါ ဘုရား၊ အရှင်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို မယ်တော်၏ ဦးခေါင်းနဖူးတို့ဖြင့် အကြိမ်ကြိမ် ပွတ်တိုက်ကာ ရှိခိုးဦးတင် ဖူးမြော်ကန်တော့မှုကို ပြုပါမည်ဘုရားဟု လျှောက်ထားတောင်းပန်တဲ့အခါ မြတ်စွာဘုရားက ခြေတော်အစုံကို ဆန့်တန်းပေးတော်မူတယ်။
ထိုအခါ မိထွေးတော် ဂေါတမီ ရဟန္တာထေရီမကြီးက ဦးခေါင်းနဖူးတို့ဖြင့် အကြိမ်ကြိမ်ပွတ်တိုက်ကာ နောက်ဆုံးရှိခိုး ကန်တော့ခြင်းဖြင့် ပြုလုပ်ပူဇော်သွားတဲ့ ထုံးတမ်းစဉ်လာတွေ မြတ်စွာဘုရားလက်ထက်တော်ကာလ ကတည်းက ရှိပါတယ်လေ၊ ဒါ့ကြောင့် မိန်းမတွေကို ဒီလိုခြိမ်းခြောက် တားမြစ်ကြတာဟာ မြတ်စွာဘုရားသခင်၏ အလိုတော်နဲ့မညီဘူး၊ မပြုလုပ်ကောင်းဘူးလို့ စာတတ်ပေတတ်ဆရာတော်ကြီးများက မိန့်ကြားဖူးတယ်၊ ကဲ….ဒီကိစ္စ ဒါထက် ဖြေစရာ မရှိတော့ဘူး၊ မိန်းမတွေ သူတို့အိမ်က ဘုရားကို ရေသပ္ပာယ်တော့ မထိ မကိုင် မပွတ်သပ်ဘူးလား၊ စဉ်းစားကြည့်ကြပေါ့။
ဒကာ။ ။ ဒီလိုရဲရဲတောက် ပွင့်ပွင့်လင်းလင်း မိန့်ကြားတဲ့ အမှန်တရားများကို ကြားနာ မှတ်သားရလို့ ကျေးဇူးတင်ပါတယ် ဆရာတော်။

No comments: