သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, September 1, 2010

စိတ်ဟာ ဘယ်သူ့ကြောင့် ဖြစ်သလဲ

စိတ်ဟာ ဘယ်သူ့ကြောင့် ဖြစ်သလဲ

ဒကာ။ ။ ဆရာတော်တို့က စိတ်ကိုပဲ အရေးတကြီး ဟောကြား ဟောကြား နေကြတာပဲ၊ အဲဒီ စိတ်တွေက ဘယ်သူ့ကြောင့် ဖြစ်ပေါ် ဖြစ်ပေါ် နေတာလဲ ဆရာတော်။ သူ့အလိုလို ဖြစ်နေတာတွေ မဟုတ်လား၊ လူတိုင်းမှာဖြစ်နေတဲ့ စိတ်တွေဟာ။
ဆရာ။ ။ အင်း…ဗုဒ္ဓ၏တရားတော်မှာ အလိုလိုဖြစ်တာ ဘာတခုမှ မရှိဘူး၊ အကြောင်းကို စွဲပြီး အကျိုးတွေ ဖြစ်ဖြစ်သွားတာဘဲ။

အရူပဗြဟ္မာမှ တပါးဖြစ်တဲ့ စိတ်ဟာ အာရုံခြောက်ပါးနဲ့ မှီရာ ဝတ္ထုရုပ်ခြောက်ပါးကို စွဲမှီပြီးတော့ ဖြစ်တယ်၊ အာရုံနဲ့ ဝတ္ထုကြောင့် ဖြစ်တာလို့မှတ်။

ဒါ့ကြောင့် လူသားတွေမှာဖြစ်တဲ့ စိတ်တို့သည် အာရုံခြောက်ပါးနဲ့ ဝတ္ထုရုပ်ခြောက်ပါးတို့ကြောင့် ဖြစ်တယ်လို့သိရမယ်၊ အလိုလိုဖြစ်တာမဟုတ်ဘူး၊ အဲဒါ ယုံချင်ယုံပေါ့၊ သာဓက က …. စက္ခုဉ္စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ-တဲ့။

ဒကာ။ ။ ယုံကြည်ပါတယ် ဆရာတော်၊ သာဓကပါဠိတော်ကလည်း အခိုင်အလုံပဲ ဥစ္စာ၊ စောဒက တက်စရာ မလိုပါဘူး။

No comments: