မဟာသမယ တသုတ်လုံးဟာ နတ်ဗြဟ္မာတို့ အမည်တွေ ဖော်ထုတ်ကာ
နှုတ်ဆက်ရုံမျှနဲ့ တရားထူး ရနိုင်ပါမည်လား
ဒကာ။ ။ မြတ်စွာဘုရားဟောကြားတော်မူတဲ့ မဟာသမယ တသုတ်လုံးမှာ နတ် အသေးအမွှားကလေး အမည်က စပြီးတော့ တန်ခိုးအကြီးမားဆုံး ဟာရိတဗြဟ္မာမင်းကြီး စသည်တို့အထိ အမည်တွေ ထုတ်ဖော် ထုတ်ဖော်ပြီး ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်သတော်မူသွားသည်သာ ပါရှိတာတွေ့ရပါသည်။
ယင်းသို့ ခန္ဓာ, အာယတန, ဓာတ်သား, ပရမတ္ထတရား မပါဘဲလျက်နဲ့ ဒေသနာတော်၏ အဆုံးနိဂုံးချုပ်လတ်သော် နတ်ဗြဟ္မာပေါင်း ကုဋေတသိန်းအထိ အရဟတ္တဖိုလ် ရရှိသွားကြသည်၊ သောတာပန်စသည်တို့ အရေအတွက်ကား အပမာဏ အပိုင်းအခြား မရှိအောင်ပင် များပြားလှပေ၏ ဟု ပြောဟောနေကြတာ အမှန်ပဲလား ဆရာတော်။