သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

သမ္မာဒိဋ္ဌိစက်တစ်လုံး၏ တန်ဖိုး

+ သမ္မာဒိဋ္ဌိစက်တစ်လုံးသည် လောကသားအားလုံးတို့အား အကောင်းဆုံးသုခကို ပေးသွားနိုင်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရား ရှိထားသူကား စကြရတနာပိုင်ရှင်လေးကျွန်းသက်နှင်း စကြာမင်းကြီးတို့၏ ဂုဏ်ထက်ပို၍ မြင့်မြတ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်တရားမရှိသူကား လောကစက် မလည်နိုင်ပေ။ + လောကစက် သွက်သွက် မှန်မှန်လည်နိုင်မှ စကြာမင်းဖြစ်၏။ + သမ္မာဒိဋ္ဌိမဂ္ဂင်စက် တစ်လုံးလည်လျှင် လောကစက် အားလုံးလည်၏။ + နိဗ္ဗာန်မဂ် ဖိုလ်စက်လည်း လည်ခွင့်ရောက်၏။ + သို့သော် နိဗ္ဗာန် မဂ် ဖိုလ် မလိုသူတို့ကား ဤသုတေသန သမ္မာ မဂ္ဂင်္ဂ ပဥှာ ကျမ်းမြတ်နှင့် လုံးဝမပတ်သက်ချေ။

အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ

Wednesday, November 10, 2010

မယ်တော်မာယာ သက်တော်ဘယ်လောက်မှာ ဘုရားအလောင်းပဋိသန္ဓေနေသလဲ


မယ်တော်မာယာ သက်တော်ဘယ်လောက်မှာ ဘုရားအလောင်းပဋိသန္ဓေနေသလဲ

ဒကာ။           ။ အလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ မယ်တော်မာယာ သက်တော် ဘယ်လောက်မှာ ပဋိသန္ဓေတည်နေစွဲယူပါသလဲ ဆရာတော်၊ သက်တော် ဘယ်လောက်ထဲမှာ နတ်ရွာစံပါသလဲဘုရား၊ ဒါဟာ ဗုဒ္ဓဘာသာရဲ့ မှတ်ကျောက်ပါပဲ ဆရာတော်။
ဆရာ။            ။ အင်း…ကြံကြံဖန်ဖန် တော်တော်တွေးပြီး မေးတာပဲကိုး၊ သည်အကြောင်းအရာကို သမန္တစက္ခုဒီပနီစတဲ့ ကျမ်းဆရာတော်တို့က အသက်တစ်ရာတမ်းကို သုံးပုံပုံ၍ အရွယ်သုံးပါး ပိုင်းခြားထားကာ မယ်တော်မာယာ၏ ဒုတိယပိုင်းအရွယ် အသက် ငါးဆယ့်ငါးနှစ်နှင့် ခြောက်လ အရက်နှစ်ဆယ်ရောက်သော ၀ါဆိုလပြည့် ကြာသပတေးနေ့မှာ အလောင်းမင်းသား ပဋိသန္ဓေတည်နေစွဲယူကြောင်းနှင့် ရေးသားပြဆိုတော်မူကြတယ်။
မယ်တော်မာယာ၏ ၀မ်းဗိုက်ရတနာတိုက်ခန်းမှာ ဆယ်လကြာမျှ ကိန်းအောင်းလျက် ကဆုန်လပြည့် သောကြာနေ့၌ ဖွားမြင်တော်မူကာ ခုနစ်ရက်ကြာသောအခါ မယ်တော်မာယာ နတ်ရွာစံရသည်တဲ့။
သည်နှစ်ရပ်ကို ပေါင်းစပ်လိုက်လျှင် ငါးဆယ့်ခြောက်နှစ်နှင့် လေးလနှစ်ဆယ့်ခုနစ်ရက် ရှိရမှာမို့ သက်တော် ၅၆ နှစ်၊ ၄ လ၊ ၂၇ ရက်မှာ မယ်တော်မာယာ နတ်ရွာစံကြောင်းနဲ့ သိရတယ်၊ မိမိတို့ရဲ့ အထွတ်ထိပ်ထား ဗုဒ္ဓဘုရားကိစ္စမို့ သိထားကြပေါ့လေ၊ ဒါဟာ သိထားရမယ့် ဘာသာရေးအချက်ပဲကိုး။
ဒကာ။           ။ ဒီလို တိုတိုနဲ့ ရှင်းရှင်း သိရလို့ အားရကျေနပ် ၀မ်းသာလှပါတယ်ဆရာတော်။

No comments: