Monday, October 11, 2010

ဝိသာခါရဲ့ ကျောင်းတော်ကြီးဟာ ပုပ္ဖာရုံလား ပုဗ္ဗာရုံလား


ဝိသာခါရဲ့ ကျောင်းတော်ကြီးဟာ ပုပ္ဖာရုံလား ပုဗ္ဗာရုံလား

ဒကာ။           ။ သာဝတ္ထိမြို့တော်မှာ ၀ိသာခါ သူဌေးမကြီး ဆောက်လှူတဲ့ ကျောင်းတော်ရဲ့ အမည်ဟာ ပုပ္ဖာရုံလား ဆရာတော်၊ ပုဗ္ဗာရုံလား ဆရာတော်၊ အမျိုးမျိုး ခေါ်ဆိုနေကြတဲ့ အဓိပ္ပာယ်နဲ့ အမှန်ကိုမိန့်ကြားပါဦး ဘုရား၊ စာပေက ဘယ်လိုဆိုပါသလဲ။
ဆရာ။           ။ သာဝတ္ထိပြည်မှာ ထင်ရှားတဲ့ ကျောင်းတိုက်ကြီး နှစ်တိုက်ရှိတယ်၊ အဲဒီကျောင်းတိုက်ကြီးနှစ်တိုက်က…..
၁။       အနာထပိဏ်သူဌေးကြီး ဆောက်တဲ့ ဇေတ၀န်ကျောင်းတိုက်ကြီး၊
၂။       ၀ိသာခါ ဆောက်တဲ့ ပုဗ္ဗာရုံ ကျောင်းတိုက်ကြီး၊
          ထိုကျောင်းတိုက်ကြီးနှစ်တိုက်တွင် ၀ိသာခါကျောင်းအမကြီးရဲ့ ကျောင်းတိုက်ကြီးက အနာထပိဏ်သူဌေး ဆောက်တဲ့ ဇေတ၀န်ကျောင်းတိုက်ကြီးရဲ့ အရှေ့ဘက်က ကျနေလို့ ပုဗ္ဗာရုံကျောင်းတိုက်လို့ ခေါ်ဆိုကြတယ်၊ မြို့တော်ရဲ့အရှေ့ဘက်မှာရှိတယ်။
          ပုဗ္ဗ, သဒ္ဒါက အရှေ့ဘက်ကို ဟောတယ်၊ ပုပ္ဖ, သဒ္ဒါက ပန်းကိုဟောတယ်၊ စာပေမှာလာတာက ပုဗ္ဗနဲ့လာတယ်၊ ဒါ့ကြောင့် ပုဗ္ဗာရုံကျောင်းတိုက်ကို အမှန်ယူရမည်၊ တချို့က ပန်းပင် ပန်းရုံ ပန်းချုံတွေနဲ့ သာယာတင့်တယ်လို့ ပုပ္ဖာရုံခေါ်ဆိုပေတဲ မမှန်ဘူး၊ အမှန်က ပုဗ္ဗာရုံတဲ့၊ ကဲ…ရှင်းကြပြီလား။
ဒကာ။           ။ ရှင်းပါပြီ ဆရာတော်၊ အမှန်သိရလို့ ကျေးဖူးတင်ပါတယ် ဘုရား။

No comments:

Post a Comment