Wednesday, October 6, 2010

ဗုဒ္ဓစက္ခုဆိုတာ ဘာလဲ ဘယ်ဟာကို ခေါ်ဆိုတာလဲ


ဗုဒ္ဓစက္ခုဆိုတာ ဘာလဲ ဘယ်ဟာကို ခေါ်ဆိုတာလဲ

ဒကာ။           ။ မြတ်စွာဘုရားသခင်၏ အများမဆိုင် ဘုရားပိုင် သက်သက် ဖြစ်တဲ့ စက္ခု ငါးပါးတို့တွင် ဗုဒ္ဓစက္ခု ဆိုတာ ဘယ်တရားနဲ့ ဘာကို ကြည့်ရှုတော်မူတာလဲ ဆရာတော်။
ဆရာ။           ။ အင်း….ဘုရားပိုင် စက္ခုငါးပါးကိုတော့ ဒကာကြီးတို့ အစုံ အကုန်သိကြလို့လား၊ သိရင် ပြောပြပါ။
ဒကာ။           ။ အရေအတွက်နဲ့ အမည်လောက်တော့ သိကြပါတယ် ဆရာတော်၊ ယင်းရဲ့ဓမ္မသဘာဝကိုတော့ မသိကြပါဘူး။
          ဗုဒ္ဓ ဓမ္မ၊ သမန္တနှင့်၊ ဒိဗ္ဗ ပညာ၊ ငါးဖြာထင်ရှား၊ ဘုရားမျက်စိ၊ ရှိတော်မူသော သဗ္ဗညူမြတ်စွာဘုရားသခင်အား ရိုသေစွာ ရှိခိုးပါ၏။ လို့ ကျောင်းနေတုန်းက ဆရာသမားများ သင်ပေးလို့ ရဖူးပါတယ် ဆရာတော်၊ အဲဒါဟာ ဗုဒ္ဓပိုင် စက္ခုငါးပါးပဲ မဟုတ်ပါလား ဘုရား။
ဆရာ။           ။ အင်း…..အဲဒီငါးပါးထဲမှာ နံပါတ်တစ်၊ ဗုဒ္ဓစက္ခုဆိုတာက ဗုဒ္ဓတို့၏ ဓမ္မတာအရ နံနက်ချိန်ခါ ကယ်ချွတ်ရမည့်သတ္တ၀ါကို ကြည့်တော်မူသောအခါ ထိုသတ္တ၀ါ၏ မူရင်းပါ အလိုအာသာ တဏှာစွဲဖြစ်တဲ့ အာသယာနုသယဉာဏ်နဲ့ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတဲ့ ဣနြေ္ဒငါးပါးတို့ ရင့်ကျက်ခိုင်မာမှု ရှိ မရှိ ကြည့်တော်မူတဲ့ “ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်” အဲဒီ ဉာဏ်နှစ်ပါးကို ဗုဒ္ဓစက္ခုလို့ ခေါ်ဆိုတယ်၊ အဲဒီ အာသယာနုသယဉာဏ်နှင့် ဣန္ဒြိယပရောပရိယတ္တိဉာဏ် အသိဓာတ်နှစ်ပါးဟာ ဗုဒ္ဓစက္ခုပဲ။
ဒကာ။           ။ ဒီလို ကွဲပြားစွာ သိရလို့ ၀မ်းသာလှပါတယ် ဆရာတော်၊ ကျန်တဲ့ စက္ခုလေးပါးကတော့ အသိရပေါ်လွင်ပါတယ် ဘုရား။

No comments:

Post a Comment