ကောင်းမှုရှင် ဆိုတာ ရှိသလော
ဒကာ။ ။ ယခုလို အမြင်မှန်ကို ထောက်ပြပေးလိုက်တာ ၀မ်းသာလှပါတယ် ဆရာတော်၊ သည်ဒေသနာ အရဆိုရင် ကောင်းမှုရှင်ဆိုတာ မရှိဘူးပေါ့၊ ပြုလုပ်သူအထည်ဒြပ်မှ မရှိတဲ့ဟာကို သူတို့က ကောင်းမှုရှင်ကြီးတွေ လုပ်နေကြတယ်၊ အသိဉာဏ်မှန် နည်းကြသကိုး၊ မိစ္ဆာဒဿနတွေပဲ။
ဆရာ။ ။ ဟာ… သည်လိုလည်း အပြတ်မယူရဘူး၊ ဒသ၀တ္ထုက သမ္မာဒိဋ္ဌိဆိုတာ ရှိသေးတယ်၊ သမ္မုတိသစ္စာနယ်ထဲက ကျောင်းဒကာ အနာထပိဏ်၊ ကျောင်းအမ ၀ိသာခါတို့ ဆိုတာတွေ ရှိသေးတယ်၊ သူ့နေရာနဲ့ သူ ယူရတယ်၊ ခေါ်ရတယ်လေ။
No comments:
Post a Comment