Sunday, June 20, 2010

ဗုဒ္ဓဘုရား ဆွမ်းစားပြီးနောက် အနားယူသလား

ဗုဒ္ဓဘုရား ဆွမ်းစားပြီးနောက် အနားယူသလား
ဒကာ။ ။ ၀ိဇ္ဇစရဏ သမ္ပန္နဂုဏ်တော်အရ စရဏတရား ၅ ပါးတို့တွင် ဇာဂရိယာနုယောဂ ကျင့်စဉ်၌ မြတ်ဗုဒ္ဓသည် ညဥ့်သုံးယံတွင် နောက်ဆုံး မိုးလင်းယံ၏ သုံးပုံပုံ၍ တစ်ပုံသာကျိန်းစက်အနားယူတော် မူတယ်၊ ကြွင်းသောနေ့ညဥ့်တို့၌ ထကြွလုံ့လ ၀ီရိယ ရှိတော်မူတယ်ဟု ဆိုကြရာ ကိုယ်တော်မြတ် အနားယူချိန် မနည်းလွန်းဘူးလား ဆရာတော်၊ ပိဋကတ်တော်မှာ သည်မှတစ်ပါး အနားယူပုံများ ရှိပါသေးသလား။

ဆရာ။ ။ ဟုတ်တယ် ၀ိဇ္ဇာ စရဏ သမ္ပန္နဂုဏ်တော်အဖွင့်မှာတော့ ၂၄ နာရီမှာ ၁ နာရီနဲ့ မိနစ် ၂၀ သာ လဲလျောင်းအနားယူတော် မူတယ်လို့ ဆိုတယ်။
မူလပဏ္ဏာသပါဠိတော် မဟာသစ္စက သုတ္တန်မှာတော့ မြတ်စွာဘုရားသခင်သည် နွေလ၏အဆုံး နယုန်လပြည့်ကျော်မှ စ၍ ၀ါဆိုလဆန်းပိုင်းအထိ ပုရေဘတ္တကိစ္စအပြီး၌ ဒုကုဋ်သင်္ကန်းကြီးကို ခေါက်ခင်းလျက် အနည်းငယ်ကျိန်းစက် အပန်းဖြေတော်မူသည်ဟု ပါရှိသည်၊ အဲဒါကိုတော့ အထူးမှတ်ပေါ့၊ စာမျက်နှာ ၁၃၆ မှာ အကျယ်ကြည့်နိုင်တယ်၊ ရုပ်ရဲ့သဘာဝကို ယာပနနဲ့ ပြုပြင်ပေးရတာကိုလည်း သတိမမေ့ရဘူး။
ဒကာ။ ။ အမိန့်အတိုင်း မှတ်သားပါမည် ဆရာတော်၊ ည၏တတိယယံကို သုံးပုံ ပုံပြီးတော့ တစ်ပုံသာ ကျိန်းစက်တော်မူတယ်ဆိုတော့ အနားယူချိန် နည်းလွန်းလို့ မေးမိတာပါ ဆရာတော်။

No comments:

Post a Comment