Saturday, October 2, 2010

သေတယ်ဆိုတာ ကိုယ်ထဲက ဘာတွေရပ်စဲကင်းကွာသွားလို့လဲ


သေတယ်ဆိုတာ ကိုယ်ထဲက ဘာတွေရပ်စဲကင်းကွာသွားလို့လဲ

ဒကာ။           ။ လောကမှာ လူတွေ တိရစ္ဆာန်တွေ သေ သေ သွားကြတာဟာ သူတို့ ကိုယ်ကောင်ထဲက ဘာတွေပျက်စီး ရပ်စဲကင်းကွာသွားလို့လဲ ဆရာတော်၊ မြတ်စွာဘုရားက ဘယ်လိုများ ဟောကြားသွားပါသလဲ၊ သိပ္ပံနည်းကိုတော့ သိပါတယ်ဆရာတော်၊ ဗုဒ္ဓရဲ့နည်းကို မေးတာပါ။
ဆရာ။           ။ အင်း..မြတ်စွာဘုရား ဟောကြားတာတွေ ကတော့ ပိဋကတ်တော်မှာ တော်တော်များများပဲ ရှိပါတယ်။
          အာယု ဥသ္မာ ဝိညာဏာ ပဂမေန မတော။
၁။       အာယု = ရုပ်ဇီဝိတ, နာမ်ဇီဝိတ ဟူသော သက်ထိန်းတရား နှစ်ပါး လည်းကောင်း။
၂။       ဥသ္မာ = ကမ္မဇတေဇောဓာတ်ဟူသော ကိုယ်ငွေ့အပူဓာတ် လည်းကောင်း။
၃။       ဝိညာဏ = စိတ်ဝိညာဏ် လည်းကောင်း။
                   အပဂမေန = ဤကိုယ်ကောင်ကာယမှ ယင်း သုံးပါးတို့ ရပ်စဲ ဖဲရှောင် ပျက်စီး ကင်းကွာ သွားသဖြင့်။
၎။       မတော = သေသွားကြတာလို့ မှတ်ရသိရမည်တဲ့။
          အဲဒီလို ဘုရားမြတ်စွာက ဟောကြားတော်မူတာလည်း ရှိတယ်၊ အဲဒါကို ပဲ သေတယ်လို့ မှတ်ထားကြပေါ့၊ အဲဒါက ဗုဒ္ဓရဲ့နည်းပဲ။
ဒကာ။           ။ အမိန့်တော်အတိုင်း သိမှတ် ယုံကြည်ကြပါတယ် ဆရာတော်။

No comments:

Post a Comment