Monday, June 21, 2010

အရဟတ္တမဂ်ဖိုလ်ရမည့်သူကို သတ်လို့ မသေဘူးလား

အရဟတ္တမဂ်ဖိုလ်ရမည့်သူကို သတ်လို့ မသေဘူးလား
ဒကာ။ ။ သည်ဘ၀မှာ တရားထူး တရားမြတ်ရမည့်သူကို သတ်လို့ မသေဘူးဆိုတာ မှန်ပါသလား ဆရာတော်၊ ဘယ်ကျမ်းမှာ ပါတယ်ဆိုတာ သိပါရစေ ဘုရား။

ဆရာ။ ။ အင်း… တရားထူး တရားမြတ်ဆိုတာက အရဟတ္တမဂ်ဖိုလ်တရားကို ခေါ်တာ၊ (ပစ္ဆိမဘ၀ိက သားလို့လည်း ခေါ်တယ်) အရဟတ္တမဂ်၊ ဖိုလ်မရမီ သူ့ကို တန်တစ်ရာ ရှိတဲ့ အဏုမြူဗုံးကြီးနဲ့ ချသတ်လို့တောင် မသေနိုင်ဘူးပဲ၊ ပိဋကတ်တော် ထေရဂါထာ အဋ္ဌကထာမှာ….
ပစ္ဆိမ ဘ၀ိကဿ အရဟတ္တံ အပတွာ၊
အန္တရာ ဇီဝိတန္တရာဘာဝတော။
ပစ္ဆိမ ဘ၀ိကသားကို အရဟတ္တမဂ် မရမီ အကြားမှာ အသက်အန္တရာယ်ဘယ်သောအခါမှ ပြုလို့မရဟု မှာဆိုထားတယ်။
ဒကာ။ ။ သည်လိုဆို ရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်ကြီး ခိုးသားငါးရာသတ်လို့ ပရိနိဗ္ဗာန်စံရတာ ဘယ်လိုယူဆရမှာလဲ ဆရာတော်။
ဆရာ။ ။ ဒါက အရဟတ္တမဂ်ဖိုလ်ရလို့ ရဟန္တာကြီးဖြစ်ပြီးမှ ဖြစ်ပေါ်လာတဲ့အန္တရာယ်ပဲဟာ ထည့်ပြော မနေနဲ့၊ သူတို့ သတ်လို့ သေတာမှ မဟုတ်ပဲ၊ ကိုယ်တော်ကြီးဘာသာ ပရိနိဗ္ဗာန် စံဝင်တော်မူသွားတာ။
ဒကာ။ ။ မှန်ပါ့၊ ကျေနပ်ပါတယ် ဆရာတော်၊ ရဟန္တာ မဖြစ်ခင်ဆိုတာပဲဟာ။

No comments:

Post a Comment