Sunday, June 20, 2010

စိတ် - နာမ် လျင်မြန်ပုံ ကာလ ပမာဏ အမေး

စိတ် - နာမ် လျင်မြန်ပုံ ကာလ ပမာဏ အမေး
ဒကာ။ ။ စိတ် နာမ် သဘောဟာ ပြောမပြနိုင်အောင် လျင်မြန်စွာဖြစ်ခြင်း ရှိတယ်လို့ ပြောဆိုကြပါတယ်၊ ကာလပမာဏကို သိပါရစေ ဆရာတော်။

ဆရာ။ ။ နာမ်ခန္ဓာခေါ်တဲ့ စိတ် စေတသိက် နာမ်တို့ရဲ့ ဖြစ်ပျက်ခြင်း လျင်မြန်ပုံ ပမာဏကို သမ္မောဟ ၀ိနောဒနီ အဋ္ဌကထာ ဆရာကြီးက…..
နာမက္ခန္ဓာ နာမ ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ချာ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။
နာမ်တရားစုတို့ဟာ လက်ဖျစ်တစ်တွက် ခဏမှာ ကုဋေပေါင်းတစ်သိန်း အရေအတွက်ဖြစ်ပြီးတော့ ပျက်သွားကြတယ်တဲ့။
အဲဒါလောက် လျင်မြန်ခြင်းသဘောရှိတယ်၊ ဒကာကြီးတို့ရဲ့၊ ဒါက ပုထုဇဉ်တို့ အသိဉာဏ် အရာမဟုတ်ဘူး၊ အဘိဉာဏ် တန်ခိုးရှင်တို့ရဲ့ အသိဉာဏ် အရာဖြစ်တယ်၊ ဒကာကြီးတို့ သိချင်ရင် အဘိညာဉ်တရားကို ရအောင် ကြိုးစားအားထုတ်ပေါ့၊ ကိုယ့်ဉာဏ်မမီဘဲနဲ့ အရမ်းဝေဖန်မနေနဲ့၊ ဗုဒ္ဓဘာသာက အပြောမဟုတ်ဘူး၊ အလုပ်နဲ့ပြပြီး မှတ်တမ်းတင်ကြတာ ဖြစ်တယ်။
ဒကာ။ ။ မှန်ပါ့၊ ယုံကြည်ကျေနပ်ပါတယ် ဆရာတော်။

No comments:

Post a Comment