Monday, June 21, 2010

နတ်ဖြစ်ရတာ မကောင်းဘူးဆိုပါကလား

နတ်ဖြစ်ရတာ မကောင်းဘူးဆိုပါကလား
ဒကာ။ ။ နတ်ပြည်ကို မသွားချင်ရင် မရောက်ချင်ကြနဲ့၊ နတ်တွေဟာ ကာမဂုဏ်တရား လိုက်စားမူးယစ်ပြီး ကုသိုလ်တရားမေ့လျော့ထားကြတာဟု ပြောဟောသံတွေ ကြားရလို့ စာထဲမှာ သည်လိုပဲ ပါသလား ဆရာတော်၊ ရဟန်းဝတ် ၆ ပါးထဲမှာ ကိုယ့်ဒကာ ဒကာမကို အနည်းဆုံး နတ်ပြည်လားအောင် ဟော ကြားဆုံးမပေးရမည်ဆိုတာပဲ။

ဆရာ။ ။ အင်း… ဒါကတော့ များသော (ယေဘုယျ) နည်းနဲ့ ဟောပြောချက်လို့ မှတ်ရမယ်၊ မမေ့မလျော့တဲ့ အနာထပိဏ်တို့လို နတ်မျိုးတွေလည်း ရှိဦးမှာပေါ့လေ၊ နတ်တွေမေ့လျော့မှုနဲ့ စပ်ပြီး သုတ်မဟာဝါ အဋ္ဌကထာ စာမျက်နှာ ၂၉၀ မှာ..
သက္ကေန သဒိသော ၀မာဒ ၀ိဟာရီ ဒေ၀ပုတ္တော နာမ နတ္ထိ။
သိကြားနတ်ဟာ အလွန်အပျော်အပါး များတယ်၊ ကာမဂုဏ်လိုက်စားပြီး ကုသိုလ်တရား မေ့လျော့ကာ နေတဲ့အထဲမှာ သိကြားမင်းနဲ့တူတဲ့ နတ်မရှိဘူးလို့ ဆိုထားတယ် ဒကာကြီးတို့ရ၊ သူတို့ဘုရင်သိကြားက ဒါလောက်တောင် မေ့လျော့နေရင် နတ်တွေဟာ မပြောနဲ့ တော့ပေါ့၊ နောက်ပြီးတော့ ကုသိုလ်ကောင်းမှု ပြုစေရာ အရင်းခံဖြစ်တဲ့ ဗုဒ္ဓဘုရားရဲ့ ရဟန်းသံဃာတော်များလည်း လူ့ပြည်မှာသာ သီတင်းသုံးနေထိုင်ခြင်းဖြစ်တာ ရှိတာ နေတာ မဟုတ်လား၊ ဉာဏ်နဲ့ စဉ်းစားကြည့်ပေါ့၊ အာရုံခံစားမှုမှာတော့ လူ့စည်းစိမ်ထက် သာလွန်တယ်။
ဒကာ။ ။ ကောင်းမြတ်ကျေနပ်နှစ်သက်စရာ အဖြေပဲ ဆရာတော်၊ ကျေနပ်ပါပြီဘုရား၊ နတ်စည်းစိမ်က လူ့စည်းစိမ်ထက် သာလွန်တာကိုး။

No comments:

Post a Comment