Sunday, June 20, 2010

ဓမ္မဒါန၌ အလှူခံသူ ပုဂ္ဂိုလ်ဒြပ် ရှိသလော

ဓမ္မဒါန၌ အလှူခံသူ ပုဂ္ဂိုလ်ဒြပ် ရှိသလော
ဒကာ။ ။ “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” ဒါနမျိုးများစွာတို့တွင် ဓမ္မဒါနကသာ အမြတ်ဆုံးဖြစ်တယ်လို့ ဆိုထားရာ ဘုရားနဲ့ သံဃာကိုတော့ တိုက်ရိုက်ရှေ့တော်မှောက် ဖူးတွေ့ ပေးလှူလို့ရတယ်။
တရားတော်ဆိုတာက ဓမ္မသဘောသက်သက် ပုဂ္ဂိုလ်ပုံပန်းသဏ္ဌာန်လည်း မရှိတဲ့ ဒီ ဓမ္မ သဘောတရား ကို ဘယ်လိုလုပ်ပြီး ၀တ္ထုပစ္စည်းတွေနဲ့ ပေးလှူရမှာလဲ ဆရာတော်၊ ဓမ္မဒါန ပေးလှူပုံနည်းများ ပိဋကတ်တော်မှာ ပါရင် ညွှန်ကြားပါဘုရား။

ဆရာ။ ။ အင်း.. ဒါလည်း မေးစရာပါပဲ၊ ပိဋကတ်သုံးပုံမှာ သုတ္တန်မျိုး ခုဒ္ဒကနိယာယ် ၁၅ ကျမ်းထဲ၌ ဣတိဝုတ်ကျမ်း အဂ္ဂပသာဒန သုတ်တော်မှာ…
ဓမ္မံ ပူဇေဿာမီတိ ဓမ္မစာရေ ပုဂ္ဂလေ စတူဟိ ပစ္စယေဟိ
ဥပဋ္ဌဟန္တာ ဓမ္မေ ဒါနံ ဒဒန္တိနာမ။
တရားဓမ္မကို ပေးလှူချင်လို့ ရှိရင် မြတ်စွာဘုရား၏ တရားတော်များကို မှန်ကန်စွာ အပြည့်အစုံ သင်ယူ ပို့ချပေးနေကြသော စာသင်သား၊ စာချပုဂ္ဂိုလ်များနဲ့ ပိဋကတ်တော် ဓမ္မကို အဟုတ်အမှန် သင်ယူတတ်သိထားတဲ့ တရားဟောဓမ္မကထိကများကို ပေးလှူပူဇော်ခြင်းသည် ဓမ္မကို ပေးလှူပူဇော်ခြင်း ဓမ္မဒါန ဖြစ်ပါတယ်တဲ့။
မှတ်ချက်။ ။ ခုကာလ ပိဋကတ်စာပေ အခြေခံမရှိ မတတ်ဘဲ အိုးနင်းခွက်နင်းတေးသီချင်းဆိုနေ တဲ့ သာသနာဖျက် ဓမ္မကထိကတွေကို ဆိုတာမဟုတ်၊ စာပေအခြေခံပညာရှိ ဓမ္မကထိကကို ဆိုတာဟု မှတ်ပါ။
ဒကာ။ ။ သည်တိုင်းပဲ မှတ်ယူ ရွေးချယ်ပူဇော်မှု ပြုပါမည် ဆရာတော်၊ ဒါပေမယ့် ခေတ်အမျိုးသမီးတွေ ရော ခေတ်အမျိုးသားတွေပါ ရယ်စရာများများနဲ့ အိုးနင်းခွက်နင်း တေးသီချင်းဆို ဓမ္မကထိကတွေကိုသာ ကြည်ညိုနာယူချင်ကြသာက များနေပြီ ဆရာတော်၊ သာသနာတော့ ပျက်စပြုလာပြီဘုရား။

No comments:

Post a Comment